အလှကုန်တော်တော်များများက လူကြိုက်များလောက်တဲ့ အမွှေးနံ့တွေပါအောင် ထုတ်ထားကြတာများပါတယ်။ လိမ်းလိုက်ရင် အနံ့လေးက မွှေးမွှေးလေးဆို ပိုသဘောကျတယ်မဟုတ်လား။ ဒီလို သဘောကျတဲ့သူတွေထဲမှာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေပါလို့မရဘူးနော်။ အမွှေးနံ့ဆိုတာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေ ထိပ်ဆုံးက ရှောင်ရမယ့်အရာတစ်ခုပါ။ ဒါကြောင့် အလှကုန်ဝယ်ရင် “Fragnance Free” ဆိုတဲ့ ဘာအမွှေးနံ့မှ ထည့်မထားတဲ့ ထုတ်ကုန်တွေကိုသာ ရွေးဝယ်ပါ။
မျက်နှာကို ချွေးပေါက်ပိတ်စေတဲ့ ထုတ်ကုန်တွေကို ရှောင်ပါ။
ရေစိုခံ၊ချွေးစိုခံအောင် ထုတ်ထားတဲ့ ၂၄ နာရီ ကြာ မပျက်ဘဲ စစလိမ်းတဲ့အတိုင်းလှနေရမယ်ဆိုတဲ့ ထုတ်ကုန်တွေကို ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ ထိပ်ဆုံးက ရှောင်ရပါလိမ့်မယ်။ သူတို့က ချွေးပေါက်ေတွကို ပိတ်စေပြီး အဆီဖုေလးတွေ ဖြစ်စေလို့ပါ။ ဒါကြောင့် ကိုယ်ဝယ်မယ့် အလှကုန်တွေမှာ noncomedogenic ဆိုတဲ့ စာလုံးလေးပါဖို့ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ သတိထားစစ်သင့်ပါတယ်။
ရေဓါတ်များများဖြည့်ပါ။
မျက်နှာက ခြောက်တဲ့အတွက် ရေဓါတ်ြပည့်ဝဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ထိခိုက်လွယ်တဲ့အသားအရေအတွက် သီးသန့်ထုတ်ထားတဲ့ ရေဓါတ်ပြည့် moisturizer တွေကို ရွေးဝယ်ပါ။
ဒုတိယ တစ်ခါဆိုတာ မရှိသင့်ပါဘူး။
ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတစ်ခုကို ပထမ တစ်ခါကတော့ မသိလို့ဝယ်သုံးမိလိုက်တယ်။ နောက်တစ်ခါ အဲ့ဒီဟာကိုပဲ ထပ်ဝယ်သုံးမယ်ဆိုရင် တော့ သင့်လောက်မိုက်တဲ့သူမရှိပါဘူး. ဒါကြောင့် ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတွေကို သေချာမှတ်ထားပါ။ သူတို့ကို ရှောင်ပါ။
ကိုယ်နဲ့ တည့်တာတွေကိုပဲ စွဲသုံးပါ။
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ကိုယ်နဲ့တည့်တဲ့ ထုတ်ကုန်တစ်ခု တွေ့ပြီဆိုလို့ကတော့ မလွတ်တမ်း အဲ့ဒီတစ်မျိုးတည်းကိုပဲ စွဲသုံးပါ။ တစ်ခြားဟာတွေ ဘယ်လောက်ကောင်းကြောင်း ဘယ်သူတွေဘာပြောပြော နားမယောင်လိုက်ပါနဲ့။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။