backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ….. ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုရုံသာမက အရေပြားကိုလည်း ဝင်းပစိုပြည်စေတာကြောင့် အလှအပေရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

ထောပတ်သီးဟာ အသားအရေကို ဝင်းပကြည်လင်စေတယ်။ ဝက်ခြံတွေကို သက်သာစေတဲ့အပြင် ထပ်ပြီး ဖြစ်မလာအောင် တားဆီးပေးနိုင်တယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို အိစက်ညက်ညောစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အသားအရေကိုလည်း ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။

ဒါကြောင့် အခုလို အေးမြတဲ့ ဆောင်းရာသီမှာ အိမ်မှာပဲ အလွယ်တကူ အသားအရေ ထိန်းသိမ်းချင်တဲ့ ပျိုမေတွေအတွက် ထောပတ်သီး Mask ပြုလုပ်နည်းတွေ အမျိုးမျိုးကို ပြောပြပေးမယ်နော်။

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ဆိုတော့ နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်။

၁။ အစိုဓါတ်ထိန်းပေးမယ့် ထောပတ်သီးနဲ့ ပျားရည် Mask

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ထောပတ်သီးတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ရေနွေး ၂ဇွန်းပဲဖြစ်ပါတယ်။

အရင်ဆုံး မှည့်နေတဲ့ ထောပတ်သီး တစ်လုံးကို ခက်ရင်းနဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ ညက်နေအောင် ခြေပါ။ ပျားရည်ကို ရေနွေးထဲမှာ ထည့်ဖျော်လိုက်ပါ။ ပြီးမှ ကြေနေတဲ့ ထောပတ်သီးထဲကို ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် ထားပြီးရင် ရေနွေးနဲ့ သေချာသန့်စင်ပေးပါ။

ဒီနည်းလမ်းဟာ အသားအရေကို သဘာဝအတိုင်း အစိုဓါတ် ထိန်းပေးနိုင်တယ်။ အသားအရောင် မညီတာတွေ၊ မွဲခြောက်နေတာကိုလည်း သက်သာစေပြီး ဝင်းပကြည်လင်စေပါတယ်။

၂။ ဝက်ခြံပျောက်ချင်သူတွေအတွက် ထောပတ်သီးနဲ့ ဒိန်ချဉ် Mask

ပါဝင်ပစ္စည်းတွေက ထောပတ်သီး တစ်စိတ်၊ သဘာဝ ဒိန်ချဉ် ၁ဇွန်း ဖြစ်ပါတယ်။

ထောပတ်သီးကို သေချာ ကြေညက်အောင် ချေပါ။ ပြီးရင် ဒိန်ချဉ် တစ်ဇွန်းနဲ့ သမအောင် မွှေပါ။ ပျားရည် တစ်ဇွန်း ထပ်ရောရင်လည်း အဆင်ပြေပါတယ်။ ထောပတ်သီး အနှစ်ကို မျက်နှာ ပတ်ပတ်လည်မှာ သုတ်လိမ်းပြီး ၁၀မိနစ်ခန့် ထားထားပါ။ ပြီးသွားမှ ရေနွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။

ဒီနည်းလမ်းကို ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားပိုးတွေကိုလည်း သေစေလို့ ဝက်ခြံထပ်မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ ခြောက်သူတွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။

၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထောပတ်နဲ့ ငှက်ပျောသီး Mask

ဒီ Mask ကို ပြုလုပ်ဖို့အတွက် မှည့်နေတဲ့ ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံးနဲ့ ကြက်ဥအနှစ် တစ်လုံး လိုအပ်ပါတယ်။

ပထမဦးစွာ ထောပတ်သီးနဲ့ ငှက်ပျောသီးကို သေချာကြေညက်အောင် ချေပါ။ ပြီးသွားရင် ကြက်ဥအနှစ်နဲ့ သေချာမွှေပြီး ရလာတဲ့ အနှစ်ကို မျက်နှာနေရာအနှံ့မှာ သုတ်လိမ်းပြီး ထားထားလိုက်ပါ။ ၁၅ မိနစ်ခန့်နေရင် ရေနွေးနဲ့ သန့်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အထူးသင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ဝင်းပကြည်လင်စေပါတယ်။

ဒီနည်းလမ်းတွေ မဟုတ်ပဲ ထောပတ်သီးကို လှီးစိတ်ပြီး ခြောက်သွေ့နေတဲ့ မျက်နှာပေါ် ကပ်ထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement