၈။ ဆီးချိုရောဂါနဲ့ အရေပြားရောဂါတွေကြောင့်လည်း ပေါင်ခြံ မည်းတဲ့ ပြဿနာ ကြုံလာနိုင်ပါတယ်။
ပေါင်ကြားမည်းတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။
ပေါင်ကြားမည်းတဲ့ ပြဿနာ ဒီလို ဖြေရှင်းပါ။
၁။ ရေချိုးတဲ့အခါ သေချာဆေးကြောပါ။
၂။ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို သိပ်မဝတ်ပါနဲ့။ ချောင်ချောင်ချိချိ အဝတ်အထည်တွေ၊ လေဝင်လေထွက် ကောင်းမယ့် အဝတ်အစားတွေ များများ ဝတ်ပါ။
၃။ အတွင်းခံတွေကိုလည်း ကျပ်နေအောင် မဝတ်ပါနဲ့။ ပွတ်တိုက်ဖန်များပြီး ချွေးတွေ ထွက်လာတဲ့အခါ အရေပြား မည်းလာနိုင်သလို ရောဂါပိုးတွေ ပိုပြီး အောင်းနိုင်ပါတယ်။
၄။ လိင်အင်္ဂါတစ်ဝိုက်ကို မကြာခဏ အမွေးအမျှင်ရိတ်ခြင်း၊ wax လုပ်ခြင်း မပြုလုပ်ပါနဲ့။
၅။ ပေါင်ခြံကို Scrubအကြမ်းစားတွေနဲ့ မကြာခဏ တိုက်တာမျိုးကို ရှောင်ပါ။ Moisturizer လိမ်းပေးပါ။
ဘယ်လို သဘာဝနည်းလမ်းတွေနဲ့ ကုသလို့ ရမလဲ။
၁။ အုန်းဆီနဲ့ သံပုရာရည်
သံပုရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ အုန်းဆီရဲ့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိဟာ ပေါင်ခြံမည်းတဲ့သူတွေအတွက် အကောင်းဆုံး ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။
အုန်းဆီ ၂ဇွန်းလောက်ကို သံပုရာသီး တစ်ဝက်ညှစ်ပြီး ရောမွှေပါ။ မည်းနေတဲ့ အရေပြားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးပါ။
၂။ သကြား scrub
သကြားဟာ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပါတယ်။ မည်းပြီး ကြမ်းတမ်းပျက်စီးနေတဲ့ အရေပြားအတွက် အလွန်သင့်လျော်တဲ့ နည်းလမ်းလေးပါ။
သံပုရာရည်၊ သကြား တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို သမအောင် ရောမွှေပြီး ပေါင်ခြံကို ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။
၃။ ရှားစောင်းလက်ပက် ဂျယ်လ်
ရှားစောင်းလက်ပက်ဟာ အရေပြား အလှအပအတွက် အစွမ်းထက် ဆေးပစ္စည်းတစ်မျိုးပါပဲ။ အသားအရေ လှပစေတဲ့ နေရာမှာရော၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ အလွန်အာနိသင်ကောင်းတာကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။
ရှားစောင်းလက်ပက်ကရတဲ့ ဂျယ်လ်ကို အရေပြားပေါ်မှာ ပွတ်လိမ်းပေးရုံနဲ့ မှိန်နေတဲ့ အသားအရောင်ဟာ ပြန်ပြီး ဝင်းပလာနိုင်ပါတယ်။ ဒီတိုင်းလိမ်းထားလို့လည်း ရသလို အသုံးပြုပြီးတဲ့အချိန်မှာ ရေနဲ့ ပြန်ဆေးပေးလို့လည်း ရပါတယ်။
၄။ အာလူးစိတ်
အရောင်မှိန်နေတဲ့ နေရာ၊ မည်းနေတဲ့ အသားအရေပေါ်မှာ အာလူးကို မထူ မပါး လှီးစိတ်ပြီး အနည်းဆုံး ၁၅မိနစ်ခန့် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးပေးပါ။
အာလူးမှာ ပါဝင်တဲ့ အင်ဇိုင်းဟာ အရေပြားကို ဝင်းပလာစေပြီး မည်းညစ်နေတဲ့ နေရာတွေကိုလည်း ပြန်လည်ဖြူလာစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။