backup og meta

ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

    ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ ….. စကတ် တိုတိုလေးတွေ ဝတ်ချင်တယ်၊ ဘောင်းဘီ တိုလေးတွေ ဝတ်ချင်ပေမယ့် ခြေသလုံးမှာ အမွေးတွေ ရှိနေလို့ ဝတ်ချင်ပေမယ့် မဝတ်ရဘဲ ဖြစ်နေတဲ့ ပျိုမေလေးတွေ အတွက် ဒီ ဆောင်းပါးလေးက အကူအညီ ပေးနိုင်မှာပါ။

    ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

    ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ …. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေသလုံးက မလိုချင်တဲ့ အမွေးအမျှင်တွေကို ဒီနည်းတွေသုံးပြီး ဖယ်ရှားကြရအောင်နော်။

    ခြေသလုံးမွေးတွေရှိနေလို့ လှလှပပမဝတ်ရတဲ့အတွက် စိတ်ပျက်နေတယ်ဆိုရင်တော့

    နနွင်း နဲ့ ဆား

    နနွင်းက အမွေးအမျှင်တွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။ နနွင်း နဲ့ ဆားကြမ်းကို ရေနည်းနည်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင် ခြေထောက်မှာ လူးလိုက်ပါ။ ခြောက်အောင် ထားလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ ခပ်ဖွဖွလေး ပွတ်ဆေးပေးပါ။ ဒီနည်းက အမွေးတွေ အားလုံးကို မဖယ်ရှားနိုင်ပေမယ့် အမွေးတွေ ထွက်တာကို နှေးသွားစေမှာပါ။

    သကြား

    သကြားနဲ့ ပွတ်တိုက်ပေးတာကလည်း အမွေးအမျှင်တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။ လိုအပ်မှာတွေ ကတော့ ပျားရည် တစ်ဇွန်းစာ၊ သကြား ပန်းကန်လုံး အသေး တစ်လုံးစာ၊ သံပရိုသီး တစ်ခြမ်းတို့ လိုအပ်မှာပါ။ ပါဝင်ပစ္စည်းတွေကို ရောပြီး သကြား ပျော်လာတဲ့အထိ မီးဖိုပေါ်တင် ကျိုလိုက်ပါ။
    ပြီးရင် အအေးခံပြီး ခပ်နွေးနွေးလေးမှာ ပြောင်းဖူးမှုန့် နည်းနည်းနဲ့ ရောလိုက်ပါ။ ရလာတဲ့ အရောကို ခြေသလုံးမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် အဝတ်စ ခပ်ပါးပါးတစ်ခုကို အပေါ်က ထပ်လိုက်ပါ။ စက္ကန့် ၃၀ လောက်ထားပြီး မွေးညှင်းပေါက်တွေနဲ့ ဆန့်ကျင်ဘက်ကို ခပ်မြန်မြန်လေး ခွာလိုက်ပါ။ ကုန်ကျစရိတ် သက်သာပြီး တာရှည်လည်းခံတဲ့ နည်းလမ်းပါ။

    ကြေးတွန်းကျောက်တုံး

    ဒါကတော့ အရင်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်း တစ်ခုပေါ့။ အချိန်တော့ ပေးရပါမယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ခန္ဓာကိုယ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားပေးရာမှာလည်း ထိရောက်ပါတယ်။ ခြေထောက်ကို ရေစွတ်ပြီးမှ ကြေးတွန်းကျောက်တုံးနဲ့ ခပ်ဖွဖွလေး ပွတ်တိုက်ပေးပါ။ နေ့စဉ်လုပ်ပေးမယ် ဆိုရင် သိသိသာတဲ့ ရလဒ်ကို ရရှိစေမှာပါ။

    သင်္ဘောသီး

    ဒီနည်းလမ်းက အချိန်တော့ ပေးရပါမယ်။ ညတွင်းချင်းတော့ သင်္ဘောသီးအနှစ်က အမွေးအမျှင်တွေကို မဖယ်ရှားပေးနိုင်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papapin အင်ဇိုင်းက အမွေးတွေကို အထွက် နည်းသွားစေပြီး အမွေးတွေ ထပ်ထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။

    သင်္ဘောသီးအစိမ်း လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ကြိတ်ခြေလိုက်ပါ။ပြီးရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ ရောလိုက်ပါ။ ရလာတဲ့ အနှစ်ကို ခြေသလုံးမှာ လိမ်းပေးပြီး မွေးညှင်းပေါက်တွေထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။

    ၁၅ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် ၂ ပတ် ကနေ ၃ ပတ်အတွင်း သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။

    ကဲ အခုပဲ ဒီနည်းလေးတွေကို သုံးပြီး ခြေသလုံးပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားလိုက်ပါ။ လှပတဲ့ ခြေသလုံးကို ပိုင်ဆိုင်နိုင်တဲ့ လေဒီ လန်းလန်းလေး လုပ်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement