မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဗီတာမင် A ကို အားဆေးအဖြစ်သောက်သုံးတာ ဒါမှမဟုတ် မုန်လာဥနီ၊ ကန်စွန်းဥ တို့လို ဗီတာမင် A ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးတာက အရေပြားကျန်းမာရေးနဲ့ အသားအရေအလှအပကိုကောင်းမွန်စေပါတယ်။ ၁၉၉၆ ခုနှစ်ကလေ့လာတွေ့ရှိမှုအရဗီတာမင် A/ retinoidsတွေက အကြောပြတ်ရာတွေကိုပျောက်ကင်းဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
တချို့က သကြားကို အရေပြားအပေါ်ယံဆဲလ်သေပွတ်တိုက်ဖယ်ရှားတဲ့ အိမ်သုံး microdermabrasion နည်းလမ်းတစ်ခုအဖြစ်သုံးကြပါတယ်။ အရေပြားကုသရေးပညာရှင်ကလုပ်ဆောင်ပေးတဲ့ Microdermabrasion ဆိုတာ အကြောပြတ်ရာတွေကို ပါးသွားစေတဲ့ ကုသနည်းတစ်ခုဖြစ်ပါတယ်။
အကြောပြတ်ရာပေါ်မှာ သကြားနဲ့ပွတ်ပြီး ဆဲလ်သေဖယ်ရှားရပါမယ်။
ရှားစောင်းလက်ပပ်ကို ထိရောက်တဲ့ ကုသဖယ်ရှားမှု အဖြစ် လေ့လာမှု အထောက်အထား နည်းပါးပေမယ့် ရှားစောင်းလက်ပပ် အစစ်ရဲ့အနှစ်သားဟာ အရေပြားအတွက် နတ်ဆေး တစ်လက် ပါပဲ။ အသားအရေကို နူးညံ့ချောမွေ့စေတဲ့ အာနိသင်ကြောင့် အမြန်မပျောက်ကင်းစေရင်တောင် အသားအရေ မထိခိုက်ဘဲ အကြောပြတ်ရာတွေကို ပါးသွားစေမယ့်သဘာဝပစ္စည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အသားနဲ့ရေချိုးပြီးတိုင်း ပွတ်ပေးလို့ရပါတယ်။
ကော်လာဂျင်ဟာ အသားအရေကိုချောမွေ့ကျစ်လျစ်ကျန်းမာစေဖို့ ထိန်းပေးတဲ့ ပရိုတင်းတစ်မျိုးပါ။ အရွယ်ရလာတဲ့အခါ မျက်နှာနဲ့ ခန္ဓါကိုယ်အရေပြားအတွက်ကော်လာဂျင်ကလျော့နည်းလာပါတယ်။ အဲဒီကော်လာဂျင်ထွက်ရှိမှုကိုhyaluronic acid ကလံ့ှုဆော်ပေးပါတယ်။Hyaluronic acid ကို သောက်ဆေးကနေ ရရှိနိုင်ပါတယ်။
ဒီနည်းတွေ အားလုံးက ဘေးဖြစ်စေနိုင်တာတွေ၊ ဆိုးကျိုးတွေ ရှိတာ တစ်ခုမှ မပါဘူးဆိုတော့ တစ်ခုထက်ပိုတဲ့နည်းတွေ သုံးလို့ရပါတယ်။ ဥပမာ ရှားစောင်းလက်ပပ် ပွတ်တဲ့နေ့ပွတ်၊ အုန်းဆီလိမ်းတဲ့နေ့လိမ်း၊ ဗီတာမင် A ကြွယ်ဝတာလည်းစား၊ သကြားနဲ့လည်း မကြာကြာ scrub လုပ်ပေါ့။ ဒီနည်းလမ်းလေးတွေအတိုင်း အကြောပြတ်ရာတွေ ပါးသွားအောင် လုပ်လို့ အပြစ်အနာအဆာ ကင်းစင်ပြီး လှပချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
Dr. Thinn Yadanar
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။