အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား

အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား ..... ခုလို ဆောင်းရာသီအချိန်က နဂိုအသားအရေခြောက်တဲ့သူတွေအတွက်တော့ ဒုက္ခအရောက်ရဆုံးပါပဲ။ အသားခြောက်တဲ့သူတွေဆိုတာ နဂိုချွေးပေါက်ကနေ သဘာဝအဆီ (Sebum) ထုတ်လုပ်မှု နည်းလွန်းတာကြောင့် အသားက စိုစိုပြေပြေ မရှိဘဲ ခြောက်နေတာပါ။ အဲ့တော့ ခုလိုရာသီမှာ အပြင်က အေးလွန်းတဲ့လေကြောင့်ရော၊ ရေပူတွေနဲ့ ချိုးတာ၊ ရေစိမ်နေကြတာကြောင့်ရော၊ ရေသောက်နည်းပြီး အသားအရေက အစိုဓာတ်ဆုံးရှုံးမှုများလာတဲ့အခါ အရင်ကထက် ပိုပြီး အသားခြောက်တတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အခုချိန် ရာသီဥတုအေးလွန်းလို့ အသားအရမ်းခြောက်ပြီး ပက်ကြားအက်နေတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစွာ လုပ်လို့ရမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးချင်ပါတယ်။ အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား ..... ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။ ၁။ မှန်ကန်တဲ့ ဆပ်ပြာကို ရွေးပါ။ ခုတလော အရမ်းအေးနေတာဆိုတော့ အရေပြားခြောက်ပြီး ယားယံတာ၊ ဓာတ်မတည့်တာ ပိုဖြစ်နိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအအေးဒဏ်ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ ဖွဲနဲ့ ဆန်ကွဲပါပဲ။ ဒါပေမယ့်လည်း တစ်နှစ်ပတ်လုံးကို ပူနွေးစိုစွတ်တဲ့ အပူချိန်နဲ့ နေလာခဲ့ရတဲ့အခါ ရုတ်တရက် လေထုအပူချိန် ကျဆင်းသွားရင် အရင်ဆုံးထိခိုက်တာက ကျွန်တော်တို့ရဲ့ အသားအရေပါပဲ။ အထူးသဖြင့် အအေးဒဏ်ဟာ အရေပြားထဲက အစိုဓာတ်ကို ခမ်းခြောက်သွားစေတယ်။ အရေပြားက ခြောက်ကပ်ကပ် ဖြစ်သွားတဲ့အခါမှာ အင်ပျဉ်ထတာ၊ ဓာတ်မတည့်တာ၊ အရေပြားယားယံတာ၊ အသားပပ်သလို ဖြစ်တာ၊ အရောင်မှိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရေချိုးပြီးတဲ့အချိန်၊ အဝတ်အစားဝတ်လိုက်တဲ့အချိန်မျိုးမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ ဘယ်လိုအရေပြားပြဿနာ ဖြစ်တတ်လဲ။ • အနီစက်များ ထခြင်း • အရေပြားဖောရောင်ခြင်း • ယားယံခြင်း • အကြေးခွံထခြင်း • ထိခိုက်ပွန်းပဲ့ရန် လွယ်ကူခြင်း • အဖုအပိမ့်များ ထခြင်း • အရည်ကြည်ဖုတွေ ပေါက်လာခြင်း • အရေပြားနှင်းခူ • ပွေး၊ ညှင်း စတဲ့ အရေပြားမှိုရောဂါတွေ အဖြစ်များပါတယ်။ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။ • […]


အသားအရေ ထိန်းသိမ်းခြင်း

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးက သင့်ရဲ့ စိတ်ကူးအိမ်မက်များလား……

မှန်ထဲကြည့်လိုက်တိုင်း နှုတ်ခမ်းလေးက မဲနေလို့စိတ်ညစ်နေပြီလား။ နှုတ်ခမ်းရဲရဲလေးနဲ့ စွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တဲ့ ဆန္ဒများရှိနေလား လေဒီ…… ဒါဆိုရင်တော့ ဒီဆောင်းပါးက လေဒီလေးအတွက်လို့သာမှတ်လိုက်တော့နော်။ ဘာတွေကများ နှုတ်ခမ်းသားလေးကို မဲစေတာလဲ……. သင့်နှုတ်ခမ်းသားကို မဲစေတဲ့အကြောင်းအရင်းက တစ်ခုမကရှိပါတယ်။ • နှုတ်ခမ်းသားခြောက်သွေ့တာ • နေရောင်နဲ့ထိတွေ့မှုများတာ • ဆေးလိပ်သောက်တာ • ဆဲလ်သေတွေဖယ်ရှားမှုမရှိတာ • သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့် နှုတ်ခမ်းသားတွေ မဲခြောက်နိုင်ပါတယ်။ ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးတစ်စုံပိုင်ဆိုင်နိုင်စေဖို့ ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးနဲ့ ပြုံးအလှပိုင်ရှင်လေးဖြစ်စေဖို့ဆိုရင်တော့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ နေလောင်ကာခရင်မ်က အသားအရေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။ နှုတ်ခမ်းသားလေးအတွက်လည်း လိုအပ်ပါတယ်။ နှုတ်ခမ်းသားကလည်း နေရောင်ကိုတိုက်ရိုက်ထိတွေ့နေရတာဖြစ်ပြီး ခံနိုင်စွမ်းကျော်လွန်လာတဲ့အခါ နှုတ်ခမ်းသားမဲခြောက် တာဖြစ်လာနိုင်သလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားလေးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါ။ သကြားသုံးလို့ ဆဲလ်သေတွေဖယ်ရှားပေးပါ နှုတ်ခမ်းသားမှာ ဆဲလ်သေတွေများနေတာကလည်း နှုတ်ခမ်းသားကို မဲခြောက်စေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ ဒါကြောင့် ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သံလွင်ဆီနဲ့သကြားကိုရောလို့ နှုတ်ခမ်းလေးကို ပွတ်တိုက်ပေးပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါ။ သံလွင်ဆီနဲ့သကြားကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

ဆံသား ပြန်ကျန်းမာစေမယ်လို့ ဆိုကြတဲ့ Hair Rebonding အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက်ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နား ကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေ အကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။ ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံ ပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွ ကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်း ပျက်လာမယ်၊ ဖြီးမရ ဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင် ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင် ပါတယ်။ ဒီလို အချိန်မှာ ဆံသား ပြဿနာတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။ ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အရေးကြီးတာက rebonding လုပ်ပြီးတဲ့အခါ - ၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။ ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့  ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။ ဆံပင်မစည်းပါနဲ့။ ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်

ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေ လုပ်ရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ လက်တွေခြောက်သွေ့ကွဲအက်တာကဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေမှာဖြစ်နေကျပြဿနာတစ်ခုပါ။ မိုးရာသီမှာ လက်ကလေးတွေက စိုပြည်လှပပေမယ့်ဆောင်းရာသီမှာတော့ လက်ကလေးတွေခြောက်သွေ့ကြမ်းတမ်းလို့ပေါ့။ဆောင်းရာသီမှာ လက်ကလေးတွေခြောက်သွေ့ကွဲအက်တာကိုဖြစ်စေတဲ့ အဓိကလက်သည်က ပတ်ဝန်းကျင်မှာ အစိုဓါတ်နည်းသွားတာကြောင့်ပါ။ ဆောင်းရာသီမှာပြင်ပကလေထုတင်ခြောက်သွေ့နေတာမဟုတ်ပါဘူး။ အိမ်တွင်းလေထုလည်းခြောက်သွေ့လို့နေပါတယ်။ဆောင်းရာသီမှာ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေရှိနေတာကြောင့် ဖျားနာမှုမရှိစေဖို့အတွက် တစ်ခုခုကို ကိုင်တွယ်မိလိုက်တိုင်း လက်ကိုဆေးကြောနေတာကလည်း လက်အရေပြားကိုခြောက်သွေ့ကွဲအက်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဆောင်းအအေးဒဏ်ကြောင့် လက်တွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်ရမလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ အအေးဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်စေဖို့အတွက် အခုပြောပြမယ့်နည်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။ လက်ကို အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလူးပေးပါ လက်အရေပြားကရေတွေ ဆပ်ပြာတွေနဲ့ အများဆုံးထိတွေ့ရတဲ့ အစိတ်အပိုင်းပါ။ အိမ်မှုကိစ္စကို ကိုယ်တိုင်လုပ်ကိုင်သူတွေမှာဆိုရင် တစ်နေ့တာမှာရေတွေ၊ဆပ်ပြာတွေနဲ့ အခြားအိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကို ထိတွေ့နေရတာပါ။ ဒါကြောင့် လက်အရေပြားကိုလည်း မျက်နှာနဲ့အခြားသောခန္ဓါကိုယ်က အစိတ်အပိုင်းတွေရဲ့ အရေပြားတွေလိုမျိုး အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီက အေးမြပြီး နေရထိုင်ရ အဆင်ပြေပေမယ့် ဆောင်းရာသီမှာ အရေပြား၊ဆံသားနဲ့ ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာ ဖြစ်နိုင်သလို၊ ဆံသား ခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာ ဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဗောက်ဆိုတာ ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာ ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ရာသီမှာ ပုံမှန်ထက် ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရပေမယ့် ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။ ဒီအချက်တွေကြောင့် ဗောက်ထနိုင်ပါတယ် ဆံပင်ကို ဖြီးသင်မှု သိပ်မရှိတာ - ဆံပင်ကို မှန်မှန်လေးဖြီးပေးတာက ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ မှိုပိုးတွေကြောင့် - မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့ UVA က […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ခန္ဓာကိုယ်မှာ ရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားက နေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါ အပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကို အစိုဓာတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။ ဆောင်းရာသီမှာ ဘာလို့ အသားခြောက်တာလဲ ဆောင်းရာသီမှာ အေးမြတဲ့ ရာသီဥတုအနေအထားကြောင့် ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓာတ်မရတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အရေပြားက လိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။ အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေက သွေးစို့တာမျိုးလေးတွေတောင် ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် အရေပြားခြောက်သွေ့ရတာပါ အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်း ရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။ အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အလျင်အမြန်ဆုံး တင်းရင်းကြည်လင်ဖို့ mesotherapy

ကဲ.... မေလေးတို့ရေ။ နောက်ထပ် အသားအရေကုထုံး အဆန်းလေးတစ်မျိုးအကြောင်း နှင်းသိသလောက် sharing လုပ်ပါဦးမယ်နော်။ နှင်းက မေလေးတို့ကို လှစေချင်သူမဟုတ်လား။ ကိုရီးယား မင်းသမီးလေးတွေလို မိတ်ကပ်မပါဘဲမျက်နှာလေး ကြည်လင်ဝင်းမွတ်တင်းရင်း နေချင်တဲ့ မေလေးတွေ မရှိကြဘူးလား။ ဘယ်လောက်ပဲ skincare တွေလုပ်လုပ်၊ ပေါင်းတွေ တင်တင် အသားအရေ က ညစ်ထပ်ထပ် ဖြစ်နေကြတဲ့ မေလေးတွေ ရှိကြလား။ ပြီးတော့ ပွဲသွားစရာရှိလို့...မင်္ဂလာဆောင်မှာမို့... သင်္ကြန်လည်ပြီး၊ ကမ်းခြေသွားပြီး ပျက်စီးလာတဲ့ အသားအရေကို အချိန်တိုအတွင်း ကောင်းမွန်လာချင်လား။ အဲလိုမေလေးတွေအတွက် mesotherapy  လို့ခေါ်တဲ့ မျက်နှာ အသားအရေ ကုထုံးလေးရှိနေပါပြီနော်။ ဒီနည်းလေးရဲ့ အခြေခံကို၁၉၅၂ ခုနှစ် ပြင်သစ်နိုင်ငံမှာ Dr.Michel Piston ဆိုသူက စတင်တွေရှိခဲ့တာပါ။ကြာလှပြီနော်..အသိနောက်ကျလေခြင်း။ အခုခေတ်မှာတော့ popular ဖြစ်လာတာနဲ့ အမျှ ဆင့်ကဲပြောင်းလဲ တိုးတက် လာတာတွေလည်းရှိတာပေါ့။ သူက မျက်နှာ […]


အသားအရေ ထိန်းသိမ်းခြင်း

Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။

Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။ အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည်၊ ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ Serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ ရေဓာတ်ဖြည့်ပေးပေမယ့် အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း