၃။ အစိုဓာတ်ထိန်းခရင်မ်က ဆောင်းတွင်းရဲ့ အသက်ပါ။
ပုံမှန်အချိန်ထက် ဆောင်တွင်းက အသားခြောက်ခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုပိုများတာကြောင့် ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) တွေကို များများသုံးပေးဖို့ လိုပါတယ်။ ရေကို ခြောက်နေအောင် သုတ်ပြီးတဲ့အခါ မျက်နှာမှ ခြေဖျားအထိ အစိုဓာတ်ထိန်းခရင်မ်တွေကို လိမ်းပေးပါ။ ၅နာရီမှ ၆နာရီကြားတစ်ခါ လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ အပြင်သွားတော့မယ်ဆိုရင် Moisturizer, Lotion လိမ်းပြီးသွားမှ SPF 30 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။
၄။ အသားခြောက်ပြီး ယားတဲ့အခါ မကုတ်ပါနဲ့။
ဘယ်သူမဆို ယားနေရင် ကုတ်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာမလား။ ကိုယ်ကတော့ ခဏလေး အယားပြေအောင် ကုတ်လိုက်တာပဲ၊ ယားတဲ့နေရာက ပွန်းပဲ့ထိခိုက်ပြီး သွေးထွက်တဲ့အခါကျတော့ အပြင်ကနေ ပိုးဝင်ဖို့ ပိုလွယ်သွားတာပေါ့။ အဲ့တော့ ခဏလေးနဲ့ ပျောက်မယ့် ပြဿနာက အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ယားနေရင် မကုတ်မိအောင် စိတ်ကို ထိန်းထားပါ။ ယားနေတာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေပတ်တိုက်ပေးတာ၊ ဒါမှမဟုတ် အယားသက်သာစေမယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ပြီး မှီဝဲလို့ရပါတယ်။ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက်သွားပြကြည့်ပါ။
၅။ အသားအရေထိန်းသိမ်းပါ။ အလွန်အကျွံ မလုပ်ပါနဲ့။
ဒီလိုရာသီက ပိတ်ရက်လည်းများတယ်၊ အပြင်မှာကလည်း အေးနေတော့ အိမ်တွင်းအောင်းပြီး ကိုယ့်အသားအရေကို ထိန်းသိမ်းမှုပိုလုပ်ကြမယ်လို့ ထင်ပါတယ်။ အသားအရေထိန်းသိမ်းတယ်ဆိုတာ ဘယ်ရာသီအတွက်မဆို ကိုယ့်အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကြေးချွတ်တာလိုမျိုး အသားအရေထိန်းသိမ်းနည်းတွေကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မကြာခဏ လုပ်ပေးဖို့ မသင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။