အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အမွေးအမျှင် ရာသက်ပန် ကင်းစင် စေကြဖို့

မေလေးတို့ရေ..... ဟိုတစ်ခေါက်က ခန္ဓာကိုယ်ပေါ်က ( အထူးသဖြင့် မျက်နှာပေါ်က ) မလိုအပ်တဲ့ အမွေးအမျှင်တွေ ဖယ်ရှားပစ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ပြောပြပေးခဲ့တယ်နော်။ ဒီနည်းလေးတွေက ခဏတာ အတွက်ပဲ ထိရောက်မှာမို့ ဒီတစ်ခေါက်တော့ ရာသက်ပန် အမွေးအမျှင်ကင်းစင်စေမယ့် laser hair removal ( လေဆာလှိုင်းဖြင့် အမွေးအမျှင်ဖယ်ရှားခြင်း) အကြောင်းလေးကို နှင်းသိသလောက်ဝေမျှ ပေးသွားမယ်နော်။ ဒီနည်းလေးဟာဆိုရင်ဖြင့် US မှာ အသုံးအများဆုံး hair removal method တစ်မျိုးဖြစ်ပါတယ်။အလင်းကထွက်တဲ့ အပူကို အသုံးပြု တဲ့ photothermolysis နည်းတွေထဲက တစ်နည်းပေါ့။ ဒီနည်းမှာ ဆိုရင် laser အလင်းဟာ မွေးညင်းပေါက်လေးတွေက တစ်ဆင့် မွေးညင်းအိတ်တွေဆီရောက်တဲ့ အခါ အဲဒီမှာရှိတဲ့ melanin (ခေါ်) အမည်းရောင်ခြယ်ပစ္စည်းက အလင်းကို စုပ်ယူလိုက်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာနေရင်း peeling လုပ်ကြစို့

မေလေးတို့ရေ….. ရှေ့တစ်ပတ်က chemical peeling အကြောင်း နှင်းရှင်းပြခဲ့သလို သဘာဝ ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အိမ်မှာတင်လုပ်လို့ရမယ့်  natural peeling နည်းလေးတွေအကြောင်းပြောပြပါ့မယ်လို့ ကတိပေးထားတယ်နော်။ ဒီတော့ အိမ်မှာနေရင်း peeling လုပ်ကြစို့ နော်။ ကဲ..  အခု.. သဘာဝ အတိုင်းမျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မွေးညှင်းပေါက်လေးတွေ ပွင့်သွားစေမယ့် နည်းလေးတွေထဲက နှင်း အကြိုက်ဆုံးနည်းလေး ၃ မျိုး ကိုပြောပြပေးမယ်နော်။ တစ်ခုသတိထားစေချင်တာက ဒီနည်းလေးတွေဟာ ဘာ ဓာတုဆေးဝါးပစ္စည်းမှမပါတဲ့ သဘာဝနည်းလေးတွေ ဖြစ်တာကြောင့် chemical peeling လိုမျိုး အရေပြား အဟောင်းတွေကွာကြပြီး အရေပြားအသစ် ပြန်ဖြစ်လာစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာလေးကို နဂိုထက် စင်ကြယ်ဝင်းမွတ်နေစေမှာတော့ အသေအချာပါပဲ။ ကြည့်လိုက်ရအောင်။ အိမ်မှာနေရင်း peeling လုပ်ကြစို့ အိမ်မှာနေရင်း peeling […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူတိုင်း သိထားသင့်တဲ့ အလှအပရေးရာအကြောင်း

ဒီဘက်ခေတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အသားဖြူစေတဲ့၊ နုပျိုလှပစေဖို့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ထွက်ရှိလာကြပါတယ်။ အသားဖြူဖို့၊ လှဖို့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါနေတဲ့ အသားဖြူဆေးတွေ၊ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ့်အစား နေ့စဉ် နေထိုင်စားသောက်ပုံနဲ့ ကိုယ့်ရဲ့ အပြုအမူလေးတွေကို ပြင်လိုက်ရင် အဆင်ပြေပါတယ်။ ဒါဆိုရင် အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။ ၁။ ရေများများသောက်ပါ။ လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရမ်းခြောက်တဲ့ ထိခိုက်လွယ်အသားအရေပြဿနာတွေအတွက် ဘာကိုရွေးချယ်ရမလဲ

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ အလှကုန်တွေ ဝယ်တော့မယ်ဆို သုံးဖူးတဲ့သူတွေပြောကြတဲ့ ရီဗျူးလေးတွေရှာကြတယ်ဟုတ်။ ကောင်းတယ်လို့ လူပြောများတဲ့ပစ္စည်းတွေ၊ အမှတ်တံဆိပ်တွေကို လိုက်သုံးချင်ကြတာချည်းပဲ။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီတာကိုရော ဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေး မမေ့သင့်ပါဘူး။ ဥပမာ- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်အတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းကို အဆီပြန်တဲ့အသားအရေပိုင်ရှင်က ဝယ်သုံးရင် စိတ်ကျေနပ်မှုရနိုင်ပါ့မလား၊ ပိုဆိုးမသွားနိုင်ဘူးလား။ အရမ်းခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေဆို ပိုသတိထားရပါလိမ့်မယ်။ အခန့်မသင့်ရင် ခြောက်သွေ့ယားယံတာတွေ၊ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပြီး အလှတွေပျက်ရမှာနော်။ အဲဒါကြောင့် အသားအရေခြောက်သွေ့လွန်းတဲ့သူတွေ အသားအရေထိန်းပစ္စည်းရွေးချယ်ရာမှာ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ ပြောပြလိုက်မယ်နော်။ နူးညံ့တဲ့ မျက်နှာသစ်ဆေးကိုရွေးပါ အရေပြားရဲ့သဘာဝအဆီဓာတ်တွေကို မပါစေဘဲ ဖုန်မှုန့်၊ မိတ်ကပ်နဲ့တခြားအညစ်အကြေးတွေကို မျက်နှာအသားအရေပေါ်ကနေ ညင်သာစွာဖယ်ရှားသန့်စင်ပေးမယ့် မျက်နှာသစ်ဆေး ကို ရွေးချယ်ပါ။ နူးညံ့တဲ့မျက်နှာသစ်ဆေးဆိုတာ ခြောက်သွေ့တဲ့အသားအရေအတွက်ထိခိုက်စေနိုင်တဲ့ အယ်လ်ကိုဟောနဲ့ အမွှေးရနံ့တွေမပါဝင်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ BIODERMA ရဲ့ Atoderm Intensive Gel Moussant ဆိုရင် ခြောက်သွေ့လွန်းတဲ့ထိခိုက်လွယ်အသားအရေအတွက် နူးညံ့တဲ့ cleansing […]


အရေပြားရောင်ရမ်းခြင်းများ

ပြင်းထန်တဲ့အရေပြားပြဿနာအတွက် ဖြေရှင်းနည်း

အရေပြားကျန်းမာရေးက မွေးစကနေစလို့ အသက်ကြီးရင့်တဲ့အထိမဖြစ်မနေဂရုစိုက်သင့်တဲ့အချက်တစ်ခုပေါ့။ အရေပြားကျန်းမာမှ ခန္ဓာကိုယ်ကရောဂါကင်းမှာပါ။ ဒီလိုပြောရတဲ့အကြောင်းက အရေပြားက ခန္ဓာကိုယ်ရဲ့ခံတပ်ဖြစ်ပြီး ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံးကာကွယ်ပေးထားလို့ပါ။ ငယ်ရွယ်စဉ်မှာ အသားအရေထိခိုက်မှုက သိပ်မရှိလှပေမယ့် အသက်အရွယ်ရလာတဲ့အခါ အသားအရေထိခိုက်နိုင်ခြေက ပုံမှန်ထက်ပိုများလာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာဖြစ်တတ်တဲ့ ပြင်းထန်အရေပြားပြဿနာတစ်ခုအကြောင်းကို ပြောပြပေးပါရစေလား…. Atopic dermatitis (ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူ) ဆိုတာဘာလဲ………. ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူဆိုတာက ပြင်းထန်တဲ့အရေပြားပြဿနာတစ်ခုပါ။ အရေပြားက နီရဲပြီး ယားယံတဲ့ အရေပြားပြဿနာတစ်ခုပါ။ ကလေးကစလို့ အသက်အရွယ်ကြီးရင့်သူတွေအထိ အရွယ်သုံးပါးစလုံးမှာ ခံစားရနိုင်ပါ။ ဒီအရေပြားပြဿနာက နာတာရှည်ပြဿနာတစ်ခုဖြစ်ပြီး အမြဲမဖြစ်နေတတ်ပေမယ့် ရာသီဥတုအခြေအနေကြောင့်ဖြစ်​ဖြစ်၊ ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာကြောင့်ဖြစ်ဖြစ်၊ အစားအသောက် ဓာတ်မတည့်မှုကြောင့်ပဲဖြစ်ဖြစ် အရေပြားမှာဖြစ်လာတတ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ ချောင်းဆိုးတာ အအေးမိတာ၊ ဓာတ်မတည့်ရောဂါ အခြေအနေတွေကြောင့်လည်း ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့နှင်းခူကို ခံစားရနိုင်ပါတယ်။ ကုသဖို့နည်းလမ်းရောရှိလား……………. ဒီအရေပြားပြဿနာကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ နည်းလမ်းကတော့ မရှိသေးပါဘူး။ဒါပေမယ့် အရေပြားယားယံတာကို သက်သာစေဖို့နဲ့ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ ..... ဝက်ခြံ ဖြစ်ပြီဆိုတာနဲ့ မကုတ်မိ၊ မဖဲ့မိဖို့ တော်တော်သတိထားရပါတယ်။ ဝက်ခြံဆို ညှစ်ဖို့အဆင်သင့်ဖြစ်နေတဲ့ လက်တွေကိုလည်း ထိန်းရသေးတယ်။ ဘာလို့ဆို ဝက်ခြံကို အထိန်းမတော်ရင် အမာရွတ်တွေဖြစ်ကျန်ခဲ့မှာ စိုးရလို့ပါပဲ။ ဒါပေမယ့် ဘယ်လောက်သတိထားထား အမာရွတ်နဲ့ ချိုင့်ခွက်ဆိုတာ ဝက်ခြံ ဖြစ်ပြီးတိုင်း ကျန်ရစ်ခဲ့နိုင်တဲ့ အမှတ်အသားပါ။ မျက်နှာကို တစ်ခုခုလိမ်းလိုက်ရုံနဲ့ ဝက်ခြံကြောင့် ဖြစ်သမျှ အမာရွတ်တွေ ပျောက်သွားမယ်ဆို ဘယ်လောက်ကောင်းမလဲနော်။ အမာရွတ်ချိုင့်ခွက်တွေ ပျောက်ကင်းဖို့ဆိုတာ ဒီလောက်မလွယ်ပါဘူး။ အထူးသဖြင့် သက်သာဖို့တောင် ခက်ခဲခဲ့တဲ့ ဝက်ခြံ အကြီးတွေဆိုရင်ပေါ့။ ဒီလိုဝက်ခြံ အမာရွတ်တွေကို အရေပြားအလှပြုပြင်ရေးကုထုံးတွေနဲ့ ကုသမှ အသားအရေချောမွတ်ပြီး ပြန်လည်လှပနိုင်မှာပါ။ ဘယ်လိုနည်းတွေနဲ့ ကုသနိုင်မလဲ။ ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲဆိုတော့ (၁) Microdermabrasion […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ အတွက် သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက

ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိ မလှနိုင်ဘဲ စိတ်ညစ်နေပြီလား။ ဒါဆိုရင် အလှပျက်စေတဲ့ အကြောပြတ်ရာ နဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။ ဘယ်လိုများ ဖြေရှင်းမှာလဲ ဆေးသောက်ရမှာလား၊ ဆေးလူးရမှာလားလို့များ တွေးနေလား။ မဟုတ်ပါဘူး။ ဖျော်ရည် အေးအေးလေးတွေကို သောက်ပေးရုံနဲ့ အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ အတွက် ဘာတွေသောက်ကြမလဲ........... အရေပြားပေါ်က အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့အတွက် ရေ အသားအရေ ကျန်းမာစေဖို့ ရေဓာတ်က မရှိမဖြစ် လိုအပ်တာပါ။ ဒီတော့ အရေပြားပေါ်မှာရှိနေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့အတွက် ရေများများ သောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုက အသားအရေကို ကျန်းမာစေပြီး အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ အစိုဓာတ်ထိန်းပေးပြီး အရေပြားတစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ အမာရွတ်တွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ်

ဆားဝက်ခြံစူးစူးလေးတွေက အရေပြားရဲ့ဘယ်နေရာမှာမဆို ဖြစ်လာတတ်တယ်ဆိုပေမယ့် နှာခေါင်းတစ်ဝိုက်မှာ အဖြစ်များဆုံးပါပဲ။ မျက်နှာကိုသေချာ cleansing မလုပ်တာကြာရင်၊ မျက်နှာအသားအရေစောင့်ရှောက်မှု နည်းလမ်းမမှန်ရင် ဆားဝက်ခြံတွေ ထကြွလာစေနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ၁၀ မိနစ်ပဲအချိန်ပေးပါ။ နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ် .... နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ် နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို အခုလို ဖယ်ရှားကြမယ် (၁) ရေနွေးငွေ့ပေးခြင်း မျက်နှာကို ရေနွေးငွေ့ပေးတဲ့နည်းဟာ အသားအရေကို ကြည်လင်သန့်ရှင်းစေပြီးဆားဝက်ခြံကင်းစေမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ အသားအရေကိုနူးညံ့စေပြီး ဆားဝက်ခြံတွေသူ့အလိုလိုထွက်သွားဖို့ လွယ်ကူစေပါတယ်။ အရင်ဆုံး သိပ်မပြင်းတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ပြီးမှ ခြောက်အောင်တို့သုတ်ပြီး မျက်နှာကို အပူမဟပ်အောင် တစ်ပေခွဲ လောက်အကွာကနေ ရေနွေးငွေ့ပေးပါ(ဆားဝက်ခြံကိုတော့ ရေနွေးငွေ့ ထိတွေ့ပါစေ)။ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသုတ်ပုဝါနုနုနဲ့ အသာအယာပွတ်သုတ်ပါ။ (၂) […]


အသားအရေ ထိန်းသိမ်းခြင်း

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့

အသားအရေကြည်ကြည်လင်လင်လေး၊ ခန္ဓာကိုယ်အချိုးအစားကလည်း သွယ်သွယ်လှလှလေးဖြစ်ချင်နေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိလား။ ဒါဆိုရင်တော့ နှစ်ခုစလုံးကို ထိရောက်မှုရှိစေမယ့်နည်းလမ်းလေးတွေကိုပြောပြပေးပါရစေလား။ ဒီတစ်ခေါက်တော့ အသားအရေရော ခန္ဓာကိုယ်အချိုးအစားကိုပါ လှပစေမယ့် သောက်စရာလေးတွေအကြောင်းပြောပြပေးမယ်နော်။ ကြည်လင်တဲ့ အသားအရေ၊ သွယ်လျတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ချင်သူတွေအတွက် ငယ်ရွယ်နုပျိုပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်လိုက်တာဆိုတဲ့ စိတ်ကူးလေးများရှိနေလား။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျသက်သာစွာနဲ့ အသားအရေကို ကြည်လင်လှပစေဖို့ နဲ့ ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားဖို့အတွက် မဖြစ်မနေဂရုစိုက်ဖို့လိုအပ်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အစာခြေစနစ်က အဆိပ်အတောက်တွေကိုဖယ်ရှားပြီး အူမကြီးကို သန့်စင်စေဖို့ပါ။ သခွားသီးအရည် သခွားသီးက အရေပြားကိုအေးမြစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုကြည်လင်စေနိုင်သလို အူမကြီးကိုလည်း သန့်စင်ပေးပါတယ်။ ကိုယ်တွင်းက ပိုနေတဲ့ ရေဝိတ်တွေကိုလည်း လျှော့ချပေးပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်စေနိုင်ပါတယ်။ ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေကိုတင်းရင်းစေနိုင်ပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးတွေ လှီးပြီးရေထဲမှာစိမ်ပါ။ ၂ မိနစ်အအေးခံပေးပါ။ ပြီးရင် သံပရာရည် […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအတွက် သလဲသီးက ဘယ်လိုအထောက်အကူပြုတာလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီးသက်ရောက်နေတဲ့အရာတစ်ခုက အသားအရေကျန်းမာလှပမှုပါ။ အသားအရေကျန်းမာလှပမှုအပေါ်မှာ သက်ရောက်နေတဲ့အချက်က အသားအရေထိန်းသိမ်းမှုအပြင် အစားအသောက်ကလည်း တော်တော်လေးသက်ရောက်မှုအားကြီးပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေ အပေါ်မှာ သက်ရောက်မှုအားကြီးတဲ့ အစားအစာတစ်ခုအကြောင်း ပြောပြပေးပါရစေ။ အသားအရေကျန်းမာခြင်းအတွက်ဓာတ်စာ သလဲသီး သလဲသီးက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး free radicals တွေကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေနေလောင်ပျက်စီးမှုတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အသားအရေကျန်းမာဖို့အတွက် တစ်နေ့ကို သလဲသီးဖျော်ရည် ၁ ခွက်သောက်ပေးရုံပါ။ ဒီလိုမှမဟုတ်လဲ အသားအရေနေလောင်ပျက်စီးသွားတဲ့အခါ သလဲသီးအခွံကို ကြိတ်ခြေပြီး အနှစ်လုပ်လို့ သံပရာရည် တစ်စက် နှစ်စက်လောက်နဲ့ရောမွှေပြီး နေလောင်သွားတဲ့နေရာမှာ လူးပေးပါ။ ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ အသားအရေကို တင်းရင်းစေနိုင်တယ် ဇရာက ရှောင်လွှဲလို့မရတာမှန်ပေမယ့် အရွယ်မတိုင်ခင်အိုမင်းမှုကိုတော့ မဖြစ်မနေကာကွယ်ပေးဖို့လိုပါမယ်။ နေရောင်ဒဏ် ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့် အသားအရေပျက်စီးတဲ့အခါ အရွယ်မတိုင်ခင်အိုမင်းတာကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း