backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးက သင့်ရဲ့ စိတ်ကူးအိမ်မက်များလား……

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးက သင့်ရဲ့ စိတ်ကူးအိမ်မက်များလား……

မှန်ထဲကြည့်လိုက်တိုင်း နှုတ်ခမ်းလေးက မဲနေလို့စိတ်ညစ်နေပြီလား။ နှုတ်ခမ်းရဲရဲလေးနဲ့ စွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တဲ့ ဆန္ဒများရှိနေလား လေဒီ…… ဒါဆိုရင်တော့ ဒီဆောင်းပါးက လေဒီလေးအတွက်လို့သာမှတ်လိုက်တော့နော်။

ဘာတွေကများ နှုတ်ခမ်းသားလေးကို မဲစေတာလဲ…….

သင့်နှုတ်ခမ်းသားကို မဲစေတဲ့အကြောင်းအရင်းက တစ်ခုမကရှိပါတယ်။

နှုတ်ခမ်းသားခြောက်သွေ့တာ

နေရောင်နဲ့ထိတွေ့မှုများတာ

ဆေးလိပ်သောက်တာ

ဆဲလ်သေတွေဖယ်ရှားမှုမရှိတာ

• သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့် နှုတ်ခမ်းသားတွေ မဲခြောက်နိုင်ပါတယ်။

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးတစ်စုံပိုင်ဆိုင်နိုင်စေဖို့

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးနဲ့ ပြုံးအလှပိုင်ရှင်လေးဖြစ်စေဖို့ဆိုရင်တော့

နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ

နေလောင်ကာခရင်မ်က အသားအရေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။ နှုတ်ခမ်းသားလေးအတွက်လည်း လိုအပ်ပါတယ်။ နှုတ်ခမ်းသားကလည်း နေရောင်ကိုတိုက်ရိုက်ထိတွေ့နေရတာဖြစ်ပြီး ခံနိုင်စွမ်းကျော်လွန်လာတဲ့အခါ နှုတ်ခမ်းသားမဲခြောက် တာဖြစ်လာနိုင်သလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားလေးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါ။

သကြားသုံးလို့ ဆဲလ်သေတွေဖယ်ရှားပေးပါ

နှုတ်ခမ်းသားမှာ ဆဲလ်သေတွေများနေတာကလည်း နှုတ်ခမ်းသားကို မဲခြောက်စေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ ဒါကြောင့် ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သံလွင်ဆီနဲ့သကြားကိုရောလို့ နှုတ်ခမ်းလေးကို ပွတ်တိုက်ပေးပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါ။ သံလွင်ဆီနဲ့သကြားကို ရောစပ်လို့ နှုတ်ခမ်းသားကို ပွတ်တိုက်ပြီး ၅ မိနစ်ကြာထားပေးပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ရုံပါ။

ပျားရည်နဲ့ အစိုဓာတ်ထိန်းပါ

ပျားရည်က အစိုဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ဒါကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပြီးတဲ့အခါ နှုတ်ခမ်းသားလေးကို အစိုဓာတ်ထိန်းတဲ့အနေနဲ့ ပျားရည်လေးပွတ်ပေးပါ။

ရေများများသောက်ပေးပါ

ရေဓာတ်ပြည့်ဝမှုကလည်း နှုတ်ခမ်းသားကို ပန်းသွေးကြွယ်ပြီး လှပစေနိုင်တဲ့အချက်တစ်ခုပါ။ ဒါကြောင့် တစ်နေ့တာမှာ ရေဓာတ်ကို လုံလောက်ပြည့်ဝအောင်သောက်ဖို့ မမေ့ပါနဲ့။

ဘာတွေစားမလဲ……….

နှုတ်ခမ်းသားလေး ပန်းသွေးကြွယ်ဖို့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေ အတိုင်း လုပ်ဆောင်ပေးတာနဲ့အတူ

သံပရာရည်သောက်ပေးတာ

ထောပတ်သီးစားပေးတာ

ပဲနို့သောက်တာ

နို့နဲ့နို့ထွက်ပစ္စည်းတွေစားသုံးတာ

ကီဝီသီးလိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေကို စားသုံးတာမျိုးလုပ်ဆောင်ပေးလို့ရပါတယ်။

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးတွေနဲ့ ပြုံးအလှပိုင်ရှင်ဖြစ်ဖို့ဆိုရင်တော့ အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း နှုတ်ခမ်းသားလေးကို ထိန်းသိမ်းမှုလုပ်လိုက်တော့နော်…………

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement