• ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ
• အရေပြားမှိုစွဲတတ်တဲ့သူတွေ
• တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသူတွေ
• ဝတ်ပြီးသား အဝတ်တွေကို ထပ်ခါတလဲလဲ ပြန်ဝတ်ခြင်း
• ဆောင်းလေနဲ့ အရေပြားကို ထိတွေ့ဖန်များသူတွေ
• ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ဆောင်းရာသီ အအေးဒဏ်ကြောင့် အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။
ဒါဆို ဘယ်လိုကုသမလဲ၊ ဘယ်လိုကာကွယ်မလဲ။
ရာသီဥတုအအေးဒဏ်ကြောင့် ထွက်လာတဲ့အဖုအပိမ့်တွေက ကျန်းမာရေးအရတော့ သိပ်ပြီး စိုးရိမ်စရာမရှိသလို အချိန်တိုအတွင်းမှာလည်း ပျောက်ဖို့လွယ်ပါတယ်။ ဒါပေမယ့် အင်ပျဉ်၊ အဖုအပိမ့်ထတဲ့နေရာတွေက မျက်နှာကနေ ခြေထောက်အထိ နေရာအနှံ့ ကွက်ကြားပေါက်တဲ့အခါ ဘယ်လိုမှ မဖုံးနိုင်တော့ အပြင်တွေထွက်တဲ့အချိန် နည်းနည်းတော့ ကြည့်ရဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထိခိုက်စေတာပေါ့။
ဒါဆို ဒီလိုအင်ပျဉ်မထအောင် ဘယ်လိုကာကွယ်မလဲဆိုရင်
• ရေကို ခဏခဏမချိုးပါနဲ့၊ တစ်နေ့ တစ်ကြိမ်လောက်ချိုးရင် လုံလောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေတယ်လို့ ထင်ရင် မျက်နှာသုတ်ပဝါကို ရေနွေးစိမ်ပြီး ရေပတ်တိုက်ပေးလို့ရပါတယ်။
• ရာသီဥတုအေးလို့ဆိုပြီး ပူလွန်းတဲ့ရေနဲ့ ခဏခဏ ရေချိုးတာ ရှောင်ပါ။
• ရေခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းဖို့ လိုပါတယ်။
• တစ်ကိုယ်ရေ အသုံးပြုတဲ့ဆပ်ပြာတွေကို အပျော့စား၊ သစ်သီးရနံ့ပါတာမျိုးတွေ ရွေးဝယ်ပြီး သုံးပေးပါ။
• အပြင်သွားတဲ့အခါ အဝတ်အစားတွေ ကျပ်ထုပ်နေအောင် မဝတ်ပါနဲ့၊ ချည်သားပွပွအထည်တွေကို ဝတ်ဆင်ပေးပါ။
• အပြင်သွားရင် လက်အိတ်၊ ခြေအိတ်ဝတ်ဆင်ပေးပါ။ ဒါမှမဟုတ်လည်း အိပ်ခါနီး လက်၊ ခြေထောက်ကို Lotion လိမ်းပြီး ဝတ်အိပ်လို့ရပါတယ်။
• အပြင်သွားတဲ့အခါ SPF 30 အနည်းဆုံးပါတဲ့ နေလောင်ကာလိမ်းဆေးတွေကို အရေပြားပေါ်မှာ လိမ်းပေးပါ။
• ရေကို တစ်နေ့ ၃လီတာ အနည်းဆုံးသောက်ပေးပါ။
အရေပြားမှာ အင်ပျဉ်ထလာခဲ့ရင်လည်း အောက်မှာပြထားတဲ့ နည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။
• ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် အရင်လိမ်းပါ။ ပြီးသွားရင် Body Lotion ကို ကိုယ်ခန္ဓာအနှံ့လိမ်းပေးပါ။
• မျက်နှာအတွက် အဆီတစ်မျိုးမျိုး သို့မဟုတ် Lotion အပျော့စားတွေ သုံးပေးလို့ရပါတယ်။
• မနက်ပိုင်း ထမင်းစားပြီးတဲ့အခါ ဗီတာမင် စီ အားဆေးတစ်ပြား သောက်ပေးပါ။
• ဆပ်ပြာကြောင့် ဖြစ်တယ်လို့ ယူဆရင် ဆပ်ပြာအပျော့စား ပြောင်းသုံးကြည့်ပါ။
• ရေများများသောက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။
• Cortisone ခရင်မ်တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူပြီး အင်ပျဉ်ထတဲ့ နေရာတွေကို ပါးပါးလေးလိမ်းပေးပါ။
• ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားမိအောင် သတိထားပါ။
• အရက်၊ ဆေးလိပ် လျှော့သောက်ပါ။
• ယားလို့ဆိုပြီး မကုတ်ပါနဲ့။ ပွန်းပဲ့သွေးထွက်လို့ ပိုးဝင်ရင် ပိုဆိုးသွားနိုင်ပါတယ်။
• အသားအရေခြောက်တဲ့သူတွေ၊ ထိခိုက်လွယ်တဲ့သူတွေ အိမ်မှာ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ဝယ်ထားပါ။
• ၃ရက်၊ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြကြည့်ပါ။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။