backup og meta

ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်

    ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေ လုပ်ရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    လက်တွေခြောက်သွေ့ကွဲအက်တာကဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေမှာဖြစ်နေကျပြဿနာတစ်ခုပါ။ မိုးရာသီမှာ လက်ကလေးတွေက စိုပြည်လှပပေမယ့်ဆောင်းရာသီမှာတော့ လက်ကလေးတွေခြောက်သွေ့ကြမ်းတမ်းလို့ပေါ့။ဆောင်းရာသီမှာ လက်ကလေးတွေခြောက်သွေ့ကွဲအက်တာကိုဖြစ်စေတဲ့ အဓိကလက်သည်က ပတ်ဝန်းကျင်မှာ အစိုဓါတ်နည်းသွားတာကြောင့်ပါ။

    ဆောင်းရာသီမှာပြင်ပကလေထုတင်ခြောက်သွေ့နေတာမဟုတ်ပါဘူး။ အိမ်တွင်းလေထုလည်းခြောက်သွေ့လို့နေပါတယ်။ဆောင်းရာသီမှာ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေရှိနေတာကြောင့် ဖျားနာမှုမရှိစေဖို့အတွက် တစ်ခုခုကို ကိုင်တွယ်မိလိုက်တိုင်း လက်ကိုဆေးကြောနေတာကလည်း လက်အရေပြားကိုခြောက်သွေ့ကွဲအက်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။

    ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်

    ဆောင်းအအေးဒဏ်ကြောင့် လက်တွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်ရမလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ အအေးဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်စေဖို့အတွက် အခုပြောပြမယ့်နည်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။

    လက်အရေပြားကရေတွေ ဆပ်ပြာတွေနဲ့ အများဆုံးထိတွေ့ရတဲ့ အစိတ်အပိုင်းပါ။ အိမ်မှုကိစ္စကို ကိုယ်တိုင်လုပ်ကိုင်သူတွေမှာဆိုရင် တစ်နေ့တာမှာရေတွေ၊ဆပ်ပြာတွေနဲ့ အခြားအိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကို ထိတွေ့နေရတာပါ။ ဒါကြောင့် လက်အရေပြားကိုလည်း မျက်နှာနဲ့အခြားသောခန္ဓါကိုယ်က အစိတ်အပိုင်းတွေရဲ့ အရေပြားတွေလိုမျိုး အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။

    လက်ကို အစိုဓါတ်ထိန်းခရင်မ်လူးတဲ့အခါ လက်သည်းလေးတွေကိုမေ့မထားပါနဲ့။ဆောင်းအအေးဒဏ်က လက်အသားအရေတင်မဟုတ်ဘဲ လက်သည်းလေးတွေကိုပါခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။

    • လက်ဆေးပြီးတိုင်း လက်ကို ခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့

    ဆောင်းရာသီလိုမျိုး အအေးဒဏ်များတဲ့ ရာသီဥတုအခြေအနေမှာ လက်ကိုဆေးပြီးတိုင်း ခရင်မ်တစ်ခုခုလူးပေးပါ။ ဒါမှ ဆပ်ပြာမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် အသားအရေမပျက်စီးမှာပါ။ အလုပ်သွားတဲ့ အခါအိတ်ထဲကို အစိုဓါတ်ထိန်းတဲ့ခရင်တစ်ခုခုထည့်သွားဖို့ မပျင်းနဲ့နော်။ စိုဓါတ်ထိန်းခရင်မ်က ၅ မိနစ်အထိပဲ အစိုဓါတ်ထိန်းပေးနိုင်တာပါ။

    • လက်ခဏခဏမဆေးပါနဲ့

    လက်မှာရောဂါပိုးတွေကပ်ညှိလာမှာကို စိုးရိမ်ပြီး လက်ခဏခဏဆေးကြောမိနိုင်ပါတယ်။ လက်ကိုခဏခဏဆေးတဲ့အခါ လက်အရေပြား ကိုပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကလက်အရေပြားကိုခြောက်သွေ့ကွဲအက်စေဖို့ အများဆုံးလုပ်မိနေတဲ့အချက်လေးတစ်ခုပေါ့။ ဒါကြောင့် လက်ကို ခဏခဏဆေးတာမျိုးမလုပ်ပါနဲ့။

  • ရေနွေးမသုံးပါနဲ့
  • လက်ဆေးရင်ဖြစ်ဖြစ်ရေချိုးရင်ဖြစ်ဖြစ်ရေနွေးအစား ခပ်နွေးနွေးရေ ဒါမှမဟုတ်ရေအေးကိုပဲ အသုံးပြုပါ။ ဒီလိုလုပ်တာက အရေပြားရဲ့ အဆီကို ထိန်းသိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ဆောင်းတွင်းမှာရေနွေးအသုံးပြုတာမျိုးမလုပ်ပါနဲ့။

    • လက်ကိုရေခြောက်အောင်သုတ်ပေးပါ

    လက်ကိုဆေးပြီးတဲ့အခါတိုင်းရေခြောက်အောင်သုတ်ဖို့ သတိထားပါ။ လက်ကိုသုတ်တဲ့အခါမှာလည်း တဘက်စ၊လက်သုတ်ဝတ်တို့နဲ့ ခပ်ကြမ်းကြမ်းမသုတ်ဘဲ တစ်ရှုးစလေးနဲ့ ခပ်ဖွဖွလေးပဲသုတ်ပေးပါ။

    • လက်ကိုရေနဲ့ဆပ်ပြာနဲ့ပဲဆေးကြောသန့်စင်ပါ

    လက်ကိုသန့်စင်ဆေးကြောတဲ့အခါ အယ်လ်ကိုဟောပါဝင်ထုတ်လုပ်ထားတဲ့ ရေမလိုလက်သန့်ဆေးရည်ေတွအစားရေနဲ့ဆပ်ပြာကိုပဲ အသုံးပြုပြီးဆေးကြောပေးပါ။ တကယ်လို့လက်သန့်ဆေးရည်အသုံးပြုမယ်ဆိုရင်လည်း အစိုဓါတ်ထိန်းပေးတဲ့ လက်သန့်ဆေးရည်မျိုးကိုရွေးချယ်ပါ။

    ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် အထိရောက်ဆုံး ဖြစ်မယ့် နည်းလမ်းလေး တစ်ခုက Hand Cream သုံးတာပါ။ Hand Cream က လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် ဆောင်းရာသီ အအေးဒဏ်ကြောင့် လက်လေးတွေခြောက်သွေ့ကွဲအက်တာမျိုးအတွက်ဖြစ်ဖြစ် ဆပ်ပြာနဲ့ အခြားသော အရေပြားကို ခြောက်သွေ့စေနိုင်တဲ့ ပစ္စည်းတွေကိုင်တွယ်မိတာကြောင့် လက်တွေခြောက်ကပ်ကွဲအက်နေတာအတွက်ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ဆေင်းရာသီမှာ လှပတဲ့လက်လေးတွေကို ဆက်လက်ပိုင်ဆိုင်ဖို့ Hand Creamလေးကို အားကိုးလိုက်ပါ။

    တကယ်လို့ အခုပြောတဲ့အတိုင်း ဂရုစိုက်ပါရက်နဲ့ လက်ကခြောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းပါရစေ။ တစ်ခါတစ်လေမှာ လက်တွေခြောက်တာက အရေပြားပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်လို့ပါ။ လက်ကနီရဲနေမယ်၊ ခပ်နွေးနွေးဖြစ်နေမယ်၊ ယားယံနေမယ်၊ ကွဲအက်မယ်၊သွေးထွက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုကို ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement