အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow လို့ ရတယ်ဆိုတာ သိပြီးပြီလား!

မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow လို့ ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါဦးနော်။ နေအိမ်တော်တော်များများမှာ စိုက်ပျိုးထားတတ်သလို နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိတဲ့ မာလကာသီး နဲ့ ဒီအသီးရဲ့ အပင်ကရဲ့ မာလကာရွက်တွေက အသားအရေကို ဘယ်လိုများ ကျန်းမာစေလဲ။ မာလကာရွက် နဲ့ မာလကာသီးလေးတွေကို အသုံးပြုပြီး အသားအရေ ကျန်းမာစေဖို့ ဘယ်လိုများ face mask လုပ်လို့ ရလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါနော်။  မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow စေဖို့ မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow စေဖို့ ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မာလကာသီး mask နွေရာသီမှာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးသလို […]


အသားအရေ ထိန်းသိမ်းခြင်း

မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း

မာလကာသီးက စားလို့ကောင်းတာတင်မဟုတ်ဘူး။ အသားအရေကိုလည်း လှပစေပါတယ်တဲ့။ ဒီတစ်ခေါက်တော့ မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကဲ .... မာလကာသီးကပေးတဲ့ အသားအရေ လှပခြင်းက ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်တော့နော်။ မာလကာသီးမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ! ကျန်းမာရေးကို ကောင်းစေတဲ့ မာလကာသီးကို ဖျော်ထားတဲ့ မာလကာသီး ဖျော်ရည်လေးထဲမှာ ကစီဓာတ် သကြားဓာတ် အမျှင်ဓာတ် ဆိုဒီယမ် ပိုတက်ဆီယမ် ဗီတာမင် B ဗီတာမင် C တို့ ပါဝင်နေပါတယ်။ မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း မာလကာသီးက အသားအရေကို လှပစေသလား ဆိုတော့ လှပစေပါတယ်။ ဘယ်လို လှပစေလဲဆိုတာကိုတော့ အသားအရောင် ညီစေတယ် အရေပြားပေါ်က အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို သက်သာချင်တယ်ဆိုရင်တော့ မာလကာသီးကို စားပေးလို့ ရပါတယ်။ မာလကာသီးက အသားအရေကို ကြည်လင်လန်းဆန်းစေပြီး အသားအရောင်ကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းလေးတွေထဲက ပုန်းကွယ်နေတဲ့ ကျန်းမာရေး အခြေအနေတွေက ဘာတွေများလဲ!

လက်သည်းလေးတွေက ကျန်းမာရေးရဲ့ ပြတင်းပေါက်လေးတွေပါ။ အသားအရေက ကျန်းမာရေး အခြေအနေကို ဖော်ပြနေသလို လက်သည်းလေးတွေကလည်း ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ ကျန်းမာရေးပြဿနာလေးတွေကို ဖော်ပြနေပါတယ်တဲ့။ ဘာတွေများ ဖြစ်မလဲဆိုတာကို အခြေအနေအလိုက် တစ်ခုချင်း ပြောပြပေးထားတာမို့ ကိုယ်တိုင် ဖတ်ရှု့လိုက်ပါလို့ ပြောချင်ပါတယ်။ လက်သည်းဆိုတာ တစ်ခုခုကို ကုတ်ဖို့ဖဲ့ဖို့ သဘာဝကပေးတဲ့ လက်ဆောင်ဆိုတာထက် ပိုပါတယ် လက်သည်းဆိုတာက လက်ချောင်းထိပ်လေးတွေ ခြေချောင်းထိပ်လေးတွေမှာ ရှိနေတဲ့ အသားနုလေးတွေကို ဖုံးအုပ်ထားတဲ့ မာကျောတဲ့အရာလေးပါ။ လက်သည်းလေးတွေကို မာကျောတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ alpha-keratin နဲ့ ဖွဲ့စည်းထားပါတယ်။ အရိုးနဲ့ သွားပြီးရင် အမာဆုံး အစိတ်အပိုင်းလေး တစ်ခုပါ။ လက်သည်းကို ဘာတွေအတွက် သုံးကြလဲဆိုရင် တစ်ခုခုကို ကုတ်ဖို့ ဖဲ့ဖို့၊ လက်သည်း အရှည်ထားဖို့ အလှဆင်ဖို့ပဲ အသုံးများကြပါတယ်။ တကယ်ကတော့ လက်သည်းက ကိုယ်တွင်းက ကျန်းမာရေး […]


အသားအရေ ထိန်းသိမ်းခြင်း

နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း

နံ့သာဖြူဆိုတာက မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အမွှေးနံ့သာအနေနဲ့ သုံးကြတယ်လေ။ ဒီလိုမျိုး အသုံးပြုကြတဲ့ နံ့သာဖြူက အသားအရေကို ကျန်းမာစေသလား။ အသားအရေကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးစွမ်းလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း ဆိုတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ နံ့သာဖြူ ဆိုတာ ဘာလဲ နံ့သာဖြူ ဆိုတာက အမွှေးနံ့သာ တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာရှဒေသမှာ အလေးအမြတ် သုံးစွဲခဲ့ကြတဲ့ အပင်တစ်မျိုးပေါ့။ ဆေးဖက်ဝင်သလို အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက်လိမ်းကျံကြသလို ဘာသာရေး အခမ်းအနားတွေမှာ အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူ အဆီကို အသုံးပြုကြသလို ဆပ်ပြာ၊ အလှကုန်၊ ဖယောင်းတိုင် ခရင်မ်တွေနဲ့ အမွှေးတိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း နံ့သာဖြူက […]


အသားအရေ ထိန်းသိမ်းခြင်း

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား!

ရေဝါးရွက် ဆိုတာကို ဆီးချို နဲ့ သွေးတိုးအတွက် အသုံးပြုကြတဲ့ ဆေးပင် တစ်မျိုးလို့ တော်တော်များများက သိထားကြပေမယ့် အသားအရေ ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းပါတယ်။ ဒီတစ်ခေါက်တော့ ရေဝါးရွက်က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ ...... ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။ ရေဝါးရွက် ဆိုတာ ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။ ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား ရေဝါးရွက်က အသားအရေ […]


ဝက်ခြံ

Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!

Probiotics လို့ ပြောလိုက်ရင် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ပဲ အများက သိထားကြတာပါ။ တကယ်ကတော့ probiotics တွေက အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားကို အတွင်းပိုင်းကနေစပြီး လှပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါသတဲ့။ ဒီလိုဆို လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာ ပြေလည်စေဖို့ရော probiotics ကို အားကိုးလို့ရမလားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Probiotics နဲ့ ဝက်ခြံအကြောင်းကို မပြောခင် Probiotics အကြောင်းလေးကနေစပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ရှင်းပြပေးပါမယ်။ Probiotics ဆိုတာ ဘာလဲ Probiotics […]


အသားအရေ ထိန်းသိမ်းခြင်း

ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း

ကိုယ်တွေကသာ အသက်ကြီးလာတယ်။ ငယ်ငယ်ကတည်းက အိုပါး အိုပါးလို့ခေါ်ရင်း သဘောကျခဲ့ရတဲ့ ကိုရီယား မင်းသား Hyun bin ကတော့ အိုမလာဘဲ အသားအရေက တွန့်တာမျိုးတောင် မရှိဘဲ ကြည်လင်လှပနေလို့ ဘယ်လိုများ အသားအရေကို ထိန်းသိမ်းထားတာလဲ မသိဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးကို ဖော်ပြပေးသွားမှာပါ။ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း လက်ရှိမှာ အသက် ၄၀ ပြည့်ပြီဖြစ်တဲ့ ကိုရီးယား အမျိုးသား သရုပ်ဆောင် Hyun Bin ရဲ့ မျက်နှာ အသားအရေက ကြည်လင်နေပြီး အမည်းစက် မရှိသလို glow ချက်က ကိုယ်တွေတောင် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာက အရေပြား ပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ချွေးစားတယ် ဆိုတာ ချွေးစားတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး ကုသပျောက်ကင်းတဲ့ အရေပြား ပြဿနာပါ။ ဒါပေမယ့် သေချာလေး ဂရုတစိုက် ကုသဖို့တော့ လိုပါမယ်။ ဒီလိုမှ မကုသဘူး ဆိုရင် အရေပြားမှာ ပိုးဝင်ကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ချွေးစားတာက အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဒီလို အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာမှာ အရေပြား အချင်းချင်း ပွတ်တိုက်မိရာကနေ အရေပြားက နီမြန်းပြီး အဖုအပိမ့်တွေ […]


အသားအရေ ထိန်းသိမ်းခြင်း

သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး

အသားအရေ ကျန်းမာမှုက လူတိုင်းအတွက် အတော်လေး အရေးကြီးပါတယ်။ အရေပြားက ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်သလို ခန္ဓာကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ အသားအရေကို အမြဲမပြတ် ဂရုစိုက်တာကို အရင်က သိပ်မလုပ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ တော်တော်များများ လုပ်ဆောင်လာကြပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ အသားအရေကို ထောက်ကူပေးမယ့် သဘာဝ ပစ္စည်းလေး တစ်မျိုးဖြစ်တဲ့ သော်ကပင်မှာ အသားအရေ ကျန်းမာရေးအတွက် ဘယ်လို အစွမ်းသတ္တိတွေ ပါဝင်နေလဲ ဆိုတာကို  ပြောပြပေးသွားပါမယ်။ သော်ကပင် ဆိုတာ သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)