လက်သည်းလေးတွေထဲက ပုန်းကွယ်နေတဲ့ ကျန်းမာရေး အခြေအနေတွေက ဘာတွေများလဲ!
လက်သည်းလေးတွေထဲက ပုန်းကွယ်နေတဲ့ ကျန်းမာရေး အခြေအနေတွေက ဘာတွေများလဲ ဆိုတာကို ပြောပြပေးသွားမယ်နော်။ လက်သည်းတွေ အရောင်ပြောင်းလာတာ ထူလာတာ ပါးလာတာတွေက အသည်း၊ ကျောက်ကပ်၊ နှလုံးရောဂါတွေ ရှိနေတယ်လို့ ဖော်ပြနေတာ ဖြစ်သလို အဆုတ် မကျန်းမာတာ၊ သွေးအားနည်းတာ၊ ဆီးချိုရှိတာတွေကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
လက်သည်းတွေ ဝါတာကို ဖြစ်စေတဲ့ အများဆုံးသော အကြောင်းအရင်းက လက်သည်းဆိုးဆေး အရောင်ရင့်ရင့်တွေကြောင့်ပါ။ ဆေးလိပ်သောက်တတ်တယ်ဆိုရင်လည်း လက်သည်းတွေမှာ အရောင်ပြောင်းတာမျိုး ရှိနိုင်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ မဆိုင်တဲ့ ပြင်ပအကြောင်းအရာတွေပေါ့။
လက်သည်းတွေ ဝါနေတာရဲ့ နောက်ထပ် အကြောင်းအရင်း တစ်ရပ်က လက်သည်းမှိုပိုးဝင်နေတာပါ။ တကယ်လို့ လက်သည်းက အဝါရောင် တောက်တောက် ဖြစ်နေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးတာ လုပ်ဖို့ လိုမှာ ဖြစ်သလို ဆီးချို စစ်ဆေးတာ၊ ဆိုရီရေးစစ် အရေပြားပြဿနာ နဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးတွေကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။
- လက်သည်းတွေ ခြောက်သွေ့ ကွဲအက်တာ
လက်သည်းတွေ ခြောက်တာ ကွဲတာက အမြဲလိုလို ပန်းကန်ဆေးရတာ၊ အဝတ်လျှော်တာတွေကို လုပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာကြောင့် လက်သည်းတွေ ခြောက်သွေ့ကွဲအက်တာပါ။
လက်သည်းတွေ ခြောက်သွေ့ကွဲအက်တာကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ မှိုပိုးကူးစက်တာ၊ သိုင်းရွိုက်ဟော်မုန်း အထွက်များတာ၊ ဗီတာမင် A နည်းနေတာဖြစ်နိုင်သလို ကိုယ်တွင်းမှာ ဗီတာမင် B နဲ့ ဗီတာမင် C နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တင်းပုတ်လက်သည်းလို့လည်း ခေါ်ပါတယ်။ လက်သည်းတွေ ခုံးဖောင်းလာတာက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတာကို ဖော်ပြနေတာပါ။ အဆုတ်ပြဿနာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာက အသည်းထိခိုက်နေတာ၊ ကျောက်ကပ်ရောဂါ၊ နှလုံးထိခိုက်နေတာ၊ အူမကြီး ရောင်ရမ်းတာ နဲ့ ခုခံအားကျ ကူးစက်ရောဂါ ခံစားနေရတာကို ဖော်ပြနေတာပါ။
- လက်သည်းမှာ အစင်းကြောင်းတွေ ဖြစ်နေတာ
လက်သည်းမှာ ဒေါင်လိုက် အစင်းကြောင်းတွေ ဖြစ်နေတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုကို ခံစားနေရတာပါ။ အဆုတ်ရောင်ရောဂါ ခံစားနေရတာ ဖြစ်နိုင်သလို ဆီးချိုကို မထိန်းနိုင်တာ၊ ဆိုရီရေးစစ် ခံစားနေရတာ၊ ဇင့်ဓာတ် နည်းနေတာတွေ ဖြစ်နိုင်ပါတယ်။ ကာဗိုမိုနောက်ဆိုဒ် အဆိပ်သင့်တာ၊ အာဆင်းနစ် အဆိပ်သင့်တဲ့အခါမျိုးမှာလည်း ဒီလို ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ငှက်ဖျားနဲ့ အနာကြီးကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- လက်သည်းမှာ အဖြူစက်လေးတွေ ဖြစ်နေတာ
လက်သည်းပွင့်တာလို့ သိကြတဲ့ လက်သည်းမှာ အဖြူစက်လေးတွေ ဖြစ်နေတာက ကျောက်ကပ် စွမ်းဆောင်ရည် ကျနေတာကို ဖော်ပြနေတာ ဖြစ်နိုင်သလို သွေးအားနည်းနေတာ၊ ဗီတာမင် ချို့တဲ့နေတာတွေကို ဖော်ပြနေတာပါ။
- လက်သည်းမှာ အမည်းရောင် အစက်တွေ ဖြစ်နေတာ
လက်သည်းမှာ အမည်းစက်တွေ ဖြစ်နေမယ်၊ အကျိတ်လိုမျိုး ထွက်ပြီး နာလည်း နာမယ်ဆိုရင်တော့ ဒါက ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုမယ့် အခြေအနေပါ။ အကြောင်းကတော့ အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့်ပါ။
လက်သည်းတွေက တစ်လကို ၃.၅ မီလီမီတာ ရှည်လေ့ရှိပါတယ်။ တကယ်လို့ လက်သည်းမှာ ရောင်ရမ်းတာ၊ အရောင်ပြောင်းတာ၊ ပုံစံ ပြောင်းတာတွေ ရှိလာမယ်ဆိုရင် အရင်ဆုံး အရေပြားဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။