ဒါကြောင့် အသားအရေကို သန့်စင်ပြီးချိန်မှာ မိမိအသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ Toner လေး သုံးပြီး အသားအရေကို ညှိပေးပါ။
အသားအရေကို သန့်စင်ပြီးပြီ။ အသားအရေကိုလည်း ညှိပြီးပြီ ဆိုရင် အသားအရေ ကြည်လင်ကျန်းမာစေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့် တစ်ခုက အသားအရေကို လိုအပ်တဲ့ ကုသမှု ပေးတာပါ။
ကုသမှုဆိုလို ဆရာဝန်တွေ အရေပြားအထူးကုတွေနဲ့ ကုသတာမျိုး မဟုတ်ပါဘူး။ ဝက်ခြံ၊ ဆားဝက်ခြံတွေ ရှိနေမယ်ဆိုရင် ဒီဝက်ခြံတွေကို သက်သာစေမယ့် ဆေးလေးလိမ်းတာမျိုးကို ဆိုလိုတာပါ။
ဒီလိုလုပ်ပေးတာက အသားအရေ ထိခိုက်နိုင်ခြေကို နည်းစေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံတွေ ရှိနေမယ်ဆိုရင် ဝက်ခြံသက်သာစေမယ့် ဆေးတစ်ခုခု လိမ်းပေးပါ။
- အဆင့် ၄ – အစိုဓာတ် ထိန်းခရင်မ်လိမ်းတယ်
Hyun Bin အသားအရေ အမြဲတမ်း ကြည်လင်စိုပြည်နေရတာက အသားအရေကို လိုအပ်တဲ့ အစိုဓာတ် ရရှိစေဖို့အတွက် အစိုဓာတ်ထိန်းခရင်မ် ပုံမှန် လိမ်းတာကြောင့်ပါ။ အသားအရေက ခြောက်သွေ့တဲ့အခါ ပါးပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အသားအရေကိ ပုံမှန်လေး အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အသားအရေကို သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းဖို့ကို အဆင့်တစ်ခု အနေနဲ့ သေချာလေး လုပ်ဆောင်ပါသတဲ့။
အသားအရေကို သန့်စင်တယ်၊ ညှိတယ်၊ ကုသတယ်၊ ရေဓာတ်ဖြည့်တယ်ဆိုတာတွေ လုပ်ရုံနဲ့ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေ ရရှိဖို့ ပြည့်စုံစွားပြီလို့ မယူဆလိုက်ပါနဲ့။ အသားအရေကို ကာကွယ်ဖို့ လိုပါသေးတယ်။ ဒါကြောင့် အသားအရေကို နေလောင်ကာခရင်မ် လိမ်းပြီး ကာကွယ်ရပါသေးတယ်။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားမှာ ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
အခုပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် တစ်နေ့တာမှာ ရေလုံလောက်အောင် သောက်သုံးတာ၊ သစ်သီးတွေနဲ့ အသားအရေ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးတာကိုလည်း လုပ်ဆောင်ပါသေးတယ်တဲ့။
ဒီနည်းလမ်းတွေကို အသုံးပြုပြီး အမျိုးသားထုကြီးလည်း ကိုယ်တိုင် အသားအရေကို အကောင်းဆုံး ထိန်းသိမ်းရင်း ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ……………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။