အရေပြားပေါ်မှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့အတွက်လည်း ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အနာကို သန့်စင်အောင် ဆေးကြောပြီး အနာတဝိုက်မှာ အခေါက်ကို သွေးလိမ်းပေးတာ၊ အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို လိမ်းပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
- အရေးအကြောင်းတွေ သက်သာစေတယ်
ဗောဓိညောင်ရွက်က အရေပြားပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အသားအရေ တင်းရင်းစေချင်သူတိုင်း အသုံးပြုပေးလို့ ရပါတယ်။
- အကြောပြတ်ရာတွေ သက်သာစေတယ်
ဗောဓိညောင်ရွက်ကို အလှပျက်စေတဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ပြီး အကြောပြတ်ရာပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရွက်နုလေးတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။
- အရေပြားကွဲအက်တာ သက်သာစေတယ်
ဗောဓိညောင်ရဲ့ နောက်ထပ် အလှအပ ရေးရာ နောက်တစ်ခုကတော့ ဖနောင့်ကွဲတာတွေကို သက်သာစေတာပါ။ အရွက်သတ္တုရည်ကို သုံးလို့ ရသလို ပြုတ်ရည်ကို အသုံးပြုပေးလည်း ရပါတယ်။ အရွက်အဆီအနှစ်နဲ့ ထုတ်ထားတဲ့ ဆပ်ပြာကို သုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။
- အရေပြား ယားယံတာကို သက်သာစေတယ်
အရေပြားယားယံတာနဲ့ နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေဖို့အတွက် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ အခေါက်သွေးလိမ်းတာ၊ အရွက်နုနုလေးကို ပွတ်ခြေပြီး လိမ်းပေးတာမျိုး လုပ်ပေးလို့ ရသလို သတ္တုရည်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။