မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အတူ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အရွယ်တင်နုပျိုစေဖို့ ထောက်ကူပေးပါတယ်။

မာလကာသီး အစိမ်းက မျက်နှာသစ်ပြီးချိန်မှာ အရေပြားပေါ်က ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးသလို အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း အသားအရေကို တင်းရင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေနိုင်တယ်
မာလကာသီး တင်မဟုတ်ပါဘူး။ မာလကာရွက်မှာလည်း ဝက်ခြံကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ အမည်းစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ မာလကာသီးကို ပုံမှန် စားပေးလို့ ရသလို။ မာလကာသီးကို အနှစ်တိုက်ပြီး လိမ်းတာ၊ မာလကာရွက်ကို အနှစ်ကြိတ်ပြီး လိမ်းတာကလည်း ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
- အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
တစ်နေ့တာကို ရေ ၈ ခွက်ပြည့်အောင် သောက်ဖို့ ပျင်းတယ်။ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေချင်တယ်ဆိုရင် ရေဓာတ် ၈၁% ပါဝင်နေတဲ့ မာလကာသီးကို စားပေးလို့ ရပါတယ်။ အရေပြားဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး အရေပြားဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပါတယ်။
ဆားဝက်ခြံ သက်သာဖို့ မာလကာသီးကို အရေပြားမှာ တိုက်ရိုက် လိမ်းပေးလို့ ရသလို မာလကာရွက်ကို အနှစ်တိုက်ပြီး ဆားဝက်ခြံဖြစ်တဲ့နေရာမှာလည်း လိမ်းပေးလို့ ရပါတယ်။ အရေပြား ယားယံတာကို သက်သာစေသလို ဓာတ်မတည့်တာကြောင့် အသားအရေ နီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အဆီပြန်တာက ဝက်ခြံကို ဖြစ်စေသလို ဆားဝက်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ မာလကာရွက်တွေကို အနှစ်ဖြစ်အောင် ကြိတ်ခြေပြီးသံပုရာရည်လေး နည်းနည်းထည့်လို့ မျက်နှာပေါ်မှာ လိမ်းပေးလို့ ရပါတယ်။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို သိသိသာသာ သက်သာစေမှာပါ။
မာလကာသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် K တွေ ပါဝင်နေတာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြားပေါ်က အနက်ရောင် အစက်အပြောက်တွေ၊ အရေပြားပြဿနာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မာလကာသီး စားပေးတာဖြစ်ဖြစ် မာလကာရွက်ကို အရေပြားမှာ တိုက်ရိုက်အသုံးပြုပေးတာဖြစ်ဖြစ် လုပ်ပေးတာက အသားအရေကို ကျန်းမာစေပြီး လှပစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
သတိထားရမယ့်အချက်
မာလကာသီးကို စားတာမဟုတ်ဘဲ သူ့ရဲ့ ပဉ္စငါးပါး (အရွက်၊ အခေါက် စသည်)ကို အရေပြားမှာ အသုံးပြုမယ်ဆိုရင် သတိထားပါ။ သူ့ချည်းဖြစ်စေ တခြားတစ်ခုခုနဲ့ ရောပြီးသုံးမယ်ဆိုရင် မျက်နှာမဟုတ်တဲ့ အရေပြားမှာ တည့်မတည့် အရင်စမ်းပါ။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အရေပြားတုံ့ပြန်ပုံက မတူတဲ့အတွက် ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။
အသုံးပြုနေရင်းနဲ့ အရေပြားယားတာ၊ နီရဲတာမျိုး ရှိမယ်ဆိုရင် ချက်ချင်းရေဆေးချပါ။ မာလကာသီးနဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက် မရှိသေးတဲ့အတွက် အရေပြားပြဿနာတစ်ခုခု ရှိမယ်ဆို တတ်ကျွမ်းသူနဲ့ ပြသတာ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။