backup og meta

Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!

    Probiotics လို့ ပြောလိုက်ရင် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ပဲ အများက သိထားကြတာပါ။ တကယ်ကတော့ probiotics တွေက အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားကို အတွင်းပိုင်းကနေစပြီး လှပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါသတဲ့။ ဒီလိုဆို လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာ ပြေလည်စေဖို့ရော probiotics ကို အားကိုးလို့ရမလားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    Probiotics နဲ့ ဝက်ခြံအကြောင်းကို မပြောခင် Probiotics အကြောင်းလေးကနေစပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ရှင်းပြပေးပါမယ်။

    Probiotics ဆိုတာ ဘာလဲ

    Probiotics ဆိုတာက ခန္ဓာကိုယ်ကိုယ်ကို ကျန်းမာစေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာတဲ့ ဘက်တီးရီးယားလေးတွေ များပြားစေဖို့ လုပ်ဆောင်ပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေပေါ့။

    ဒီကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေကို အချဉ်စိမ်ထားတဲ့ အစားအစာတွေဖြစ်ကြတဲ့ ဒိန်ချဉ်၊ ချဉ်ဖတ်၊ ကင်မ်ချီတို့လိုမျိုး အစားအစာတွေထဲမှာ တွေ့ရနိုင်ပါတယ်။ သာမန်မျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့။

    Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား

    Probiotics လို့ သိကြတဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး ကျန်းမာစေမယ့် ဘက်တီးရီးယားတွေကို တိုးပွားစေတာကြောင့် စားသမျှ အာဟာရဖြစ်စေဖို့နဲ့ အစာခြေစနစ်ပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    နောက်တစ်ချက်က အရေပြားအပါအဝင် ခန္ဓာကိုယ်အနှံ့က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အစာခြေစနစ်လိုပဲ အရေပြားမှာလည်း ကောင်းကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားဆိုပြီး ရှိနိုင်ပါတယ်။ ဒီ ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းပေးမယ်ဆိုရင် အရေပြား ကျန်းမာရေးကို ထောက်ကူပြီးသားဖြစ်မှာပါ။

    အရေပြားအတွက် probiotics ကို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို သောက်ပေးလို့လည်း ရပါတယ်။ Probiotics ပါတဲ့ အစားအစာတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ ဒီတော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတာကို ဆက်ပြောပြပေးပါမယ်။ Probiotics က ဝက်ခြံ သက်သာစေပါတယ်။ ဒီလို ပြောရတာက Probiotics က

    • အရောင်ကျစေနိုင်တယ်

    ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အရေပြားကို ရောင်ရမ်းတာ ယားယံတာတွေကို ဖြစ်စေပါတယ်။ ဒီလို နေရခက်တာကြောင့် လက်နဲ့ ကုတ်ဖဲ့တာ ညှစ်တာတွေ လုပ်မိရင်းက အရေပြားမှာ ဝက်ခြံတွေက မပြတ်တမ်းထွက်လာပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Probiotics ကို အားကိုးလို့ ရပါတယ်။ အကြောင်းကတော့ ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွက အရေပြားမှာ ကျန်းမာတဲ့ ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။

    • ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးတယ်

    အရေပြားပေါ်မှာ probiotics ကို တိုက်ရိုက် အသုံးပြုပေးတာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးရာရောက်ပါတယ်။

    • ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးတယ်

    ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့် အရေပြားမှာ ထိခိုက်တာ၊ ပိုးဝင်ကူးစက်လွယ်တာတွေ မဖြစ်စေဖို့လည်း probiotics က ကာကွယ်ပေးပါတယ်။ ဝက်ခြံအပြင် အရေပြားပြဿနာ တော်တော်များများကို ကာကွယ်ပေးသလို သက်သာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

    • Skin barrierကို ထိန်းပေးတယ်

    မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်တာ၊ အပြင်းစား ဓာတုပစ္စည်းတွေ သုံးတဲ့အခါ အရေပြားပျက်စီးပြီး အရေပြား ထိခိုက်လွယ်တာ၊ နီမြန်းတာ၊ ဝက်ခြံထွက်တာ၊ ကျိန်းစပ်တာတွေ ဖြစ်တတ်ပါတယ်။ Probioticsက အရေပြားရဲ့ သဘာဝ အရံအတားကို ကာကွယ်ပေးတာကြောင့် အထက်ပါပြဿနာတွေကို သက်သာစေပါတယ်။

    Probiotics နဲ့ ဝက်ခြံ

    ဘယ်လိုပုံစံနဲ့ ရရှိနိုင်လဲ : ဖြည့်စွက်အာဟာရအနေနဲ့ ရရှိနိုင်သလို Skin careတွေမှာလည်း တွေ့ရနိုင်ပါတယ်။
    ကောင်းကျိုးတွေက : ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုကို လျော့ကျစေတယ်။ အရေပြားကို ကာကွယ်ပေးတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ထိခိုက်မှု ကင်းစေတယ်။
    ဘယ်သူတွေ အသုံးပြုသင့်လဲ : လူတိုင်း သုံးလို့ ရပါတယ်။ ဘေးထွက်ဆိုးကျိုးက မရှိသလောက် နည်းပါတယ်။ အရေပြား ရောင်ရမ်းမှုတွေဖြစ်တဲ့ ဝက်ခြံ၊ နှင်းခူ ရှိတဲ့သူတွေ၊ Skin barrier ပျက်စီးတာကြောင့် အသားခြောက်တာတွေ နဲ့ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ သုံးပေးလို့ ရပါတယ်။
    ဘယ်လောက်တစ်ခါ သုံးလို့ ရမလဲ : စားသုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက်သုံးပေးလို့လည်း ရပါတယ်။ မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement