မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ နှာခေါင်းတဝိုက်က ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဆားဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။
အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။
ရေဝါးရွက်က ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် နီမြန်းရောင်ရမ်းနေရင် ရေဝါးရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။
ရေဝါးရွက်ကို ပြုတ်ပြီးရလာတဲ့ အရည်ကို ဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ အနှစ်ကိုဖြစ်ဖြစ် ဝက်ခြံ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။
- အရေးအကြောင်းတွေကို သက်သာစေတယ်
ရေဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။