အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

ငါးပိရည်လေး စားချင်လို့၊ ငါးပိထောင်းလေး စားချင်လို့ဆိုပြီး စားလိုက်မိရင်ဖြစ်ဖြစ်၊ သရက်သီးကို ငံပြာရည်လေးနဲ့ဖြစ်ဖြစ် စားလိုက်မိပြီဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်လာတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဘာလို့များ အငန်စားလိုက်မိရင် ဝက်ခြံထွက်လာတာလဲဆိုပြီး သိချင်နေပြီလား ...... ဒါဆိုရင် အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား ဆိုတဲ့အကြောင်းလေးကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား လေ့လာချက်တွေအရ အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာနိုင်ပါတယ်။ အကြောင်းကတော့ ဆား အစားများတာ၊ အငန်ပါတာတွေကို စားတာက ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ သာမန်အချိန်တွေဆို ပြဿနာမရှိပေမဲ့ လောလောလတ်လတ်မှာ ဝက်ခြံထွက်နေမယ်။ ဝက်ခြံက ရောင်ချင်သလိုလို ဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အငန် ဆားဓာတ်က […]


ဝက်ခြံ

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းလိုလို ကြုံဖူးမယ်ဆိုတာ သေချာသလာက်ပဲနော်။ အခုချိန်မှာ ဝက်ခြံ မရှိတော့ဘူးဆိုရင်တောင် အရင်က ဖြစ်ဖူးတယ်ဆိုတဲ့သူရယ်။ အရင်ကတည်းက ပေါက်တာ အခုထိကို မပျောက်ဘူးဆိုတဲ့ သူရယ်။ တစ်ခုခုလေး မှားလိုက်တာနဲ့ ဝက်ခြံက ထွက်လာတော့တာပဲဆိုတဲ့သူရယ်ပါ။ ဝက်ခြံက အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး အချိန်ရာသီမရွေး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို  ကြုံဖူးမှာပေါ့။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ဝက်ခြံ ပေါက်လာခြင်း ဖြစ်စဉ် အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒန့်သလွန်ရွက် စားပေးတာက အသားအရေကို ပါ ကျန်းမာစေတယ်ဆိုတာရော သိပြီးပြီလားလို့ မေးပါရစေ။ ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး အကြောင်း ပြောပြပေးချင်ပါတယ်။ ဒန့်သလွန်ရွက် ဆိုတာ ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို […]


ဝက်ခြံ

ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

ဝက်ခြံ ဆိုတာ အသက်အရွယ် မရွေး၊ ကျား/မမရွေး ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်မျိုးပါ။ ဝက်ခြံက အချိန်မရွေးလည်း ပေါက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ဝက်ခြံက မပျောက်တော့ဘူးလား။ ဝက်ခြံကင်းချင်တယ်ဆိုတဲ့ စိတ်ကူးလေးက စိတ်ကူးသက်သက်ပဲ ဖြစ်တော့မှာလား ဆိုတော့ မဟုတ်သေးပါဘူး။  ဒီစိတ်ကူလေးကို အကောင်အထည် ဖော်နိုင်စေဖို့ ထောက်ကူပေမယ့် ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မျှဝေပေးချင်ပါတယ်။ ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မဝေမျှခင် ဝက်ခြံ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ

အရေပြားပြဿနာတွေကတော့ တော်တော်လေး များပါတယ်။ ဒီလို များပြားလှတဲ့ အရေပြား ပြဿနာတွေထဲကမှ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ခံစားနေရတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလို ပြောရတာက ဒီဆောင်းပါးလေးထဲမှာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစား သင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားမှာ မို့လို့ပဲ ဖြစ်ပါတယ်။ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။ ဒီအရေပြားပြဿနာက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အနေအထိုင်၊ အစားအသောက် တစ်ခုခု မှားယွင်းတာနဲ့ အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။ ဘယ်လို […]


အခြားအရေပြားပြဿနာများ

တင်းတိပ် သက်သာစေမယ့် အိမ်တွင်းကုထုံးများ

တင်းတိပ်တွေကြောင့် စိတ်ညစ်နေပြီလား။ တင်းတိပ်တွေက သက်သာဖို့ခက်နေတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ တင်းတိပ် သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ တင်းတိပ် ဆိုတာ တင်းတိပ် ဆိုတာက အသားအရေ အရောင်ပြောင်းလဲသွားတာပါ။ နေရောင်နဲ့ ထိတွေ့မှု များတဲ့ မျက်နှာ အစိတ်အပိုင်းတွေမှာ မီးခိုးရောင် ဒါမှမဟုတ် အညိုရောင်အကွက်တွေ ဖြစ်လာတာပါ။ အရေပြားပြဿနာ တစ်မျိုးပေါ့။ ထိခိုက်အန္တရာယ်ဖြစ်စေတာမျိုးတော့ မရှိပါဘူး။ တင်းတိပ်တွေက မျက်နှာပေါ်က နဖူး ပါး မေးစေ့ နှာခေါင်း နဲ့ အပေါ်နှုတ်ခမ်း တဝိုက်မှာ ဖြစ်တတ်ပါတယ်။ တင်းတိပ် ဘယ်သူတွေမှာ အဖြစ်များလဲ တင်းတိပ်က လူတိုင်းမှာ ဖြစ်နိုင်ပြီး အသားညိုတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ တင်းတိပ်ဖြစ်ရတာက မ ဟော်မုန်းတွေကြောင့် ဖြစ်ရတာမို့လို့ပါ။ တင်းတိပ်က များသောအားဖြင့်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

မင်းဂွတ်သီး အသားအရေ လှစေသလား .....

စားလို့ကောင်းပြီး အသွင်အပြင်လေးက ချစ်စရာကောင်းတဲ့ မင်းဂွတ်သီးလေးက ကျန်းမာရေးအတွက် ထောက်ကူပေးသလို အလှအပအတွက်လည်း ထောက်ကူပေးပါသတဲ့။ ဒီတစ်ခေါက်တော့ စားရတာ အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ မင်းဂွတ်သီး အသားအရေ လှစေသလား ..... ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မင်းဂွတ်သီး ဆိုတာ မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။ အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။ အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ […]


အသားအရေ ထိန်းသိမ်းခြင်း

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

အနီရောင် ရဲရဲလေးနဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းတဲ့ နှင်းသီးလေး က စားလို့ ကောင်းသလို မစားဖူးသူလည်း ခပ်ရှားရှားဖြစ်မယ် ထင်ပါတယ်။ ဒီလို စားဖူးသင့်တဲ့ နှင်းသီးလေးက ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေအတွက်လည်း ကောင်းကျိုးပေးပါသတဲ့။ ဘယ်လို ကောင်းကျိုးပေးသလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ နှင်းသီး ဆိုတာ နှင်းသီဆိုတာက ပန်းရောင် ကနေ အနီရောင် ရဲရဲလေးအထိ ရှိတတ်ပြီး ခပ်ပုပုလေးကနေ ရှည်မျောမျောလေး ပုံစံ အမျိုးမျိုးရှိပါတယ်။ အခိုင်လိုက် သီးတတ်ပြီး အပင်ကြီးမျိုးပါ။ အသားက ခပ်ပွပွလေးနဲ့ အရည်ရွှမ်းပြီး အရသာက ချိုချိုလေးပါ။ စားလိုက်ရင် ရင်အေးစေတဲ့ သစ်သီး တစ်မျိုးပါ။ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ နှင်းသီးမှာ ဘယ်လိုအာဟာရတွေ ပါဝင်နေလဲ စားရတာ အရသာရှိလှတဲ့ နှင်းသီးလေးမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် […]


ဝက်ခြံ

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့

ဝက်ခြံတွေ ပေါက်လာရင်ကို အလိုလို စိတ်ညစ်ပါတယ် ဆိုမှ ဝက်ခြံက ရောင်ပါ ရောင်နေပြီဆိုရင် မတော်တဆ မျက်နှာကို ကုတ်မိရင် ဘယ်လောက် နာလဲဆိုတာကို ဝက်ခြံ ဖြစ်ဖူးသူတိုင်း သိမယ် ထင်ပါတယ်။ ဒီလို ဝက်ခြံတွေ ရောင်လို့ နေရထိုင်ရခက်နေသူတွေကို ဘယ်လို သက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကဲ ...... ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ ဝက်ခြံတွေရောင်ရမ်းရတဲ့ အကြောင်းအရင်း ဝက်ခြံတွေ ရောင်ရမ်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ ချွေးပေါက်တွေ ပိတ်နေလို့ ဆဲလ်သေတွေ များနေလို့ ဘက်တီးရီးယားတွေ ရှိနေလို့ ပိုးဝင်လို့ ဖုန်မှုန့်တွေပိတ်ဆို့နေလို့ လက်နဲ့ ကုတ်ဖဲ့ထားမိလို့ ဝက်ခြံကို ညှစ်ထားလို့ မတည့်တဲ့ skin care တစ်ခုခု […]


အသားအရေ ထိန်းသိမ်းခြင်း

ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ......

ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ........ ဘယ်လို ထင်မိလဲ စာဖတ်ပရိသတ်ကြီး ! ကြက်ဟင်းခါးသီးက အခါးဓာတ် ရှိတယ်။ ဆီးချိုသမားတွေ စားပေးသင့်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ်လို့ သိထားပေမယ့် အသားအရေကိုရော လှစေလားဆိုတာကိုတော့ သေသေချာချာ မသိဘူးဖြစ်နေတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ အဖြေ ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်နော်။ ကြက်ဟင်းခါးသီး ဆိုတာ ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ အသီးက ရှည်မျောမျော ဖြစ်ပြီး အစိမ်းရောင် ရှိပါတယ်။ အခွံခွာစရာမလိုဘဲ အစေ့ထုတ်ပြီးပဲ ချက်ပြုတ် စားသုံးရုံပါ။ ကြော်စားလို့ ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။ နောက်တစ်နည်းကတော့ ဖျော်ရည်ဖျော်သောက်တာပါ။ အခွံမှာ အဖုအပိမ့်တွေပါပြီး စိမ်းရွှေရွှေ အနံ့ ရှိပါတယ်။ အရသာကတော့ နာမည်နဲ့ လိုက်အောင် ခါးပါတယ်။ အာရှနိုင်ငံ တော်တော်များများမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)