backup og meta

Premium

နွေပူပူမှာ အလှမပျက်စေမယ့် skincare mask

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူမှာ အလှမပျက်စေမယ့် skincare mask

    နွေရာသီမှာ ကြည်လင်ဝင်းပနေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတာက ကိုယ်တိုင်ကိုရော မြင်ရသူ အဖို့ပါ စိတ်လက် ချမ်းသာစေတဲ့အရာပါ။ ဒီလို ကြည်လင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့ရာမှာ အားဖြည့်ပေးနိုင်တဲ့ အရာလေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ အသားအရေကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက် သဘာဝပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးတာပါ။ နွေပူပူမှာ အလှမပျက်စေမယ့် skincare mask လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဒီတော့ ဘယ်ပစ္စည်းတွေက နွေရာသီမှာ အသားအရေကို ကျန်းမာစေပြီး ဘယ်အတွဲအစပ်တွေက ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းမလဲဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါနော်။

    နွေပူပူမှာ အလှမပျက်စေမယ့် skincare mask

    နွေပူပူမှာ အလှမပျက်စေမယ့် skincare mask တွေကတော့

    နနွင်းနဲ့ ဒိန်ချဉ် mask

    ဒိန်ချဉ်က အသားအရေကို ကြည်လင်လှပစေသလို ချွေးပေါက်တွေကိုလည်း အတွင်းထဲအထိ သန့်စင်ပေးပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ဖြည့်ပေးပါတယ်။ နနွင်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အသားအရေကို တောက်ပစေသလို အသားအရောင်ညီစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ အရေပြား အမျိုးအစား အားလုံး အသုံးပြုပေးလို့ ရပါတယ်။ 

    ဘာတွေ လိုအပ်မလဲ!

    လိုအပ်မှာကတော့ 

    • ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
    • နနွင်း အနည်းငယ် စတာတွေကိုပဲ လိုအပ်မှာပါ။ 

    နနွင်း နဲ့ ဒိန်ချဉ် mask ဘယ်လိုလုပ်ရမလဲ!

    နနွင်း နဲ့ ဒိန်ချဉ် mask ဘယ်လို လုပ်ရမလဲဆိုတော့ ခွက်သန့်သန့် တစ်လုံးထဲမှာ ဒိန်ချဉ်ကို ထည့်ပါ။ အရသာ မပါပါဘူး။ ပြီးရင်တော့ နနွင်း နည်းနည်း ထည့်ပါ။ ပြီးရင်တော့ နှံနေအောင် မွှေလိုက်ပါ။ ရေလုံးဝ မထည့်ပါနဲ့။ ပြီးရင် ရေခဲသေတ္တာထဲကို ၅ မိနစ်လောက် ထည့်ထားပေးပါ။

    အသုံးပြုနည်းကရော ဘယ်လိုလဲ!

    အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ 

    ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ 

    ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။ 

    အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီး အရေးအကြောင်းတွေ သက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ 

    နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    သနပ်ခါးမှုန့် နဲ့ နွားနို့ mask

    နွေအပူဒဏ်ကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။ အပူဒဏ်ကြောင့် အရေပြား ရောင်ရမ်းတာကို လည်း သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အသားအရေ ခြောက်သွေ့တာတွေကို သက်သာစေနိုင်သလို ဝက်ခြံတွေကို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။

    နို့က သဘာဝ သန့်စင်ပေးတဲ့အရာပါ။ အကြောင်းကတော့ နို့မှာပါတဲ့ ပရိုတင်း နဲ့ အင်ဇိုင်းတွေက အသားအရေကို တင်းရင်းစေနိုင်ပါတယ်။ နွားနို့ကို သနပ်ခါးမှုန့်နဲ့ ရောစပ်ပြီး မျက်နှာပေါ်မှာ အသုံးပြုပေးတာက အသားအရေကို ရေဓာတ်ပြည့်ဝစေမှာ ဖြစ်သလို ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ။ 

    ဘာတွေ လိုအပ်မှာလဲ!

    လိုအပ်မှာကတော့

    • သနပ်ခါးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
    • နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကနေ ၂ ဇွန်းစာလောက် လိုအပ်မှာ ဖြစ်ပါတယ်။

    သနပ်ခါးမှုန့် နဲ့ နွားနို့ mask ဘယ်လို လုပ်ရမလဲ!

    သနပ်ခါးမှုန့် နဲ့ နွားနို့ mask ဘယ်လို လုပ်ရမလဲ ဆိုတော့ အတော်လေး လွယ်ပါတယ်။ သနပ်ခါးမှုန့်ထဲကို နွားနို့ထည့်ပြီး သမအောင် ခပ်ပျစ်ပျစ်လေး မွှေလိုက်ပါ။ ပြီးရင်တော့ အသုံးပြုလို့ ရပါတယ်။

    အသုံးပြုနည်းကရော ဘယ်လိုလဲ!

    အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ 

    ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ 

    ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။ 

    အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီး အရေးအကြောင်းတွေ သက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ အရေးအကြောင်းတွေကိုလည်း သက်သာစေမှာပါ။ 

    နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    သတိထားရမယ့်အချက်

    အိမ်သုံး DIY maskတွေ ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေ လတ်ဆတ်သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေ မသန့်ခဲ့ရင် မျက်နှာမှာ အရေပြား ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါသုံးစာပဲ လုပ်ပြီး ပိုတာတွေကို လွှင့်ပစ်သင့်ပါတယ်။ မျက်နှာပေါ်မှာ တင်ပြီး အသုံးပြုပြီးရင်လည်း ရေနဲ့ သေချာ ဆေးဖို့ လိုပါတတယ်။ အကြွင်းအကျန်တွေ ရှိနေခဲ့ရင် မျက်နှာပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်လာနိုင်ပါတယ်။

    နောက်တစ်ခုက ဓာတ်မတည့်တဲ့ ပြဿနာပါ။ ပါဝင်ပစ္စည်းတွေထဲမှာ ကိုယ်နဲ့ ဓာတ်မတည့်စေတဲ့ အရာတစ်ခုခု ပါသလားဆိုတာကို စစ်ဆေးပါ။ ဥပမာ နနွင်းနဲ့ ဓာတ်မတည့်တဲ့ဘူးဆိုရင် နနွင်းကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement