အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာမသစ်ဘဲ Face Mask ကပ်လို့ ရလား

Face Mask ကိုတော့ မိန်းကလေးတွေ အများစုက အိပ်ခါနီးအချိန်တွေ ရွေးပြီး ကပ်တာများကြပါတယ်။ ဒါဆို တခြားအချိန်တွေ ကပ်လို့ မရလို့လား။ ရေချိုး၊ မျက်နှာသန့်စင်ပြီးမှပဲ ကပ်လို့ ရတာလား စတဲ့ မေးခွန်းလေးတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ဖြေပေးချင်ပါတယ်။ Face Mask ကပ်တော့မယ်ဆိုရင် ဒါကို အရင်သိထားပေးပါ။ ကိုယ်သုံးမယ့် Mask အမျိုးအစားပေါ် မူတည်ပြီး လုပ်ရမယ့် အဆင့်တွေဟာ အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် ၁။ မျက်နှာကပ်တဲ့ Mask တွေကို အပြင်စတိုးဆိုင်တွေနဲ့ အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဝယ်လို့ရတဲ့ Sheet Mask လို ဆေးရည်စိမ်ထားပြီးသား အချပ်ကလေးတွေနဲ့ ၂။ ကိုယ့်အိမ်မှာ အိမ်သုံးပစ္စည်းတွေနဲ့ သမမွှေပြီး ရလာတဲ့ အနှစ်တွေကို ကပ်တဲ့ DIY Mask ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ Sheet […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ

နှုတ်ခမ်းခြောက်တဲ့ ပြသနာကို လူတိုင်းကြုံဖူးကြမှာပါ။ များသောအားဖြင့် ဆောင်းရာသီလို အေးတဲ့ ရာသီတွေမှာ အဖြစ်များပေမယ့် သေသေချာချာ ဂရုမစိုက်ရင်တော့ အချိန်ရာသီ မရွေးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ပြီး အက်လာတဲ့ အခါ နာလည်းနာ၊ သွေးလည်းထွက်နိုင်တဲ့အပြင် စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို နှုတ်ခမ်းခြောက်၊ အက်ကွဲတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။ ၁။ ရေဓာတ်ပြည့်ဝအောင် နေပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ နှုတ်ခမ်းလည်းခြောက်ပြီး ကြာတဲ့အခါမှာ ကွဲအက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိုပြည်ပြီး နူးညံ့ချောမွတ်တဲ့ နှုတ်ခမ်းလေးတွေကို ထိန်းသိမ်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ၂။ lip balm အသုံးပြုပါ။ နှုတ်ခမ်းမှာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုမျိုး အဆီကို သဘာဝအတိုင်း ထုတ်ပေးနိုင်တဲ့ gland လေးတွေ မရှိတဲ့အတွက် အင်မတန် ခြောက်သွေ့လွယ်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

Sensitive skin ရှိတဲ့ သူတွေ ရေချိုးမယ်ဆိုရင်

ဒီဆောင်းပါးလေးမှာတော့ sensitive skin လို့ ခေါ်တဲ့ အထိမခံရွှေပန်းကန် အသားအရေရှိတဲ့ သူတွေအတွက် အသုံးဝင်မယ့် ရေချိုးတဲ့အခါ ဂရုစိုက်သင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ hello ဆရာဝန် ပရိသတ်ကြီးမှာရော နီမြန်းလွယ်၊ ဓာတ်မတည့်တာတွေ အဖြစ်လွယ်တဲ့ အထိမခံ အသားအရေရှိကြလား။ စာရေးသူရဲ့ အသားအရေကတော့ အဲလို sensitive skin အမျိုးအစားပါ။ အဲဒီလို အသားအရေရှိတဲ့ သူတွေဟာ အင်မတန်ကို ဂရုစိုက်ပေးရပါတယ်။ ဂရုစိုက်နေရင်းနဲ့ပဲ တစ်ခုခုပြီးတစ်ခု ဖြစ်နေတာလည်း ဒီလို အသားအရေမျိုးပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုးပြီးတဲ့အခါမှာတောင် အသားအရေက ချက်ချင်းဆိုသလို နီလာတာ၊ ယားလာတာ၊ ခြောက်လာတာတွေနဲ့ အမြဲဒုက္ခပေးတတ်ပါသေးတယ်။ ဒါ့ကြောင့် sensitive skin ရှိတဲ့ သူတွေအတွက် အဲလို ပြသနာတွေကို ရှောင်ရှားနိုင်ဖို့ ရေချိုးတဲ့အခါမှာ ဂရုစိုက်သင့်တဲ့ အချက်လေးတွေပြောပြပေးသွားပါမယ်။ ၁။ […]


အသားအရေ ထိန်းသိမ်းခြင်း

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........

မိုးရာသီမှာ အသားအရေက စိုပြေမနေဘဲ ကြမ်းတမ်း ခြောက်သွေ့နေပြီလား....... ဒါဆိုရင် ဆန်းစစ်ရမယ့် အချက်က သိပ်မများဘူး။ နှစ်ခုပဲ ရှိတယ်။ ဒါက စားနေတဲ့ အစားအသောက်တွေကြောင့်လား၊ နေ့စဉ် လုပ်မိနေတဲ့ အလေ့အထကြောင့်လား ဆိုတာပါ။ ကဲ ဒီတော့ မိုးတွင်းမှာ အသားအရေလေး Glow  ပြီး လှနေစေဖို့ ဘာတွေ စားရမလဲဆိုတာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........ မိုးရာသီမှာ အသားအရေလေး Glow  ပြီး လှစေဖို့ဆိုရင် ဒါလေးတွေကို စားပေးသင့်ပါတယ်။ ရာသီစာ အသီးအနှံလေးတွေ မိုးရာသီမှာ သီးတဲ့ သရက်သီး၊ သစ်တော်သီး၊ မက်မွန်သီး၊ သပြေသီးလိုမျိုး အသီးတွေမှာ အသားအရေကို ကျန်းမာနေစေဖို့ အထောက်အပံ့ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာနိသင်က အသားအရေကို နေ့စဉ်လှုပ်ရှားသွားလာမှုအတွင်း […]


ဝက်ခြံ

ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ

ဝက်ခြံထွက်ခြင်းဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် လူတစ်ဦးကို စိတ်အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဝက်ခြံများလာခြင်းဟာ လူတစ်ဦးရဲ့ အသွင်အပြင် ယုံကြည်မှုကိုလည်း ထိခိုက်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ မွေးညှင်းပေါက်ပိတ်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတဲ့အကြောင်းအချက်တွေကြောင့် ဝက်ခြံများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေထဲမှာ အစားအသောက်လည်း ပါဝင်ကြောင်း သုတေသီများက ယုံကြည်ခဲ့ကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဝက်ခြံဖြစ်နိုင်ခြေကို ပိုမိုအားပေးနေတဲ့ အစားအသောက်တွေအကြောင်း ဖြစ်ပါတယ်။ ၁။ စားကောင်းအောင်ပြုလုပ်ထားတဲ့ အစေ့အဆန်များနှင့် သကြားများ သုတေသနအချို့အရ ဝက်ခြံအထွက်များသူများဟာ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးကြကြောင်း သိရပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို - ဂျုံမှုန့်အဖြူဖြင့် ပြုလုပ်ထားသော ပေါင်မုန့်အနု၊ ခရက်ကာ၊ အချိုတည်းစားစရာများ - ဆန်ချော၊ ဆန်ခေါက်ဆွဲ - ဆိုဒါနှင့် အချိုရည်များ - ကြံသကာ၊ ပျားရည် စသည့် […]


အခြားအရေပြားပြဿနာများ

သင့်အသားအရေအတွက် အကောင်းဆုံးအစားအစာများ

သင့်ရဲ့အပေါ်ယံအရေပြားဟာ စပါးလုံးတစ်ထောက်စာလို့သာ ပြောကြပေမယ့် ဒီအသားအရေကပဲ သင့်ဥပဓိရုပ် တစ်ခုလုံးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အသားအရေနဲ့ ပတ်သက်ပြီး ချို့ယွင်းမှုဖြစ်နေရင် များသောအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းရတတ်ပါတယ်။ လူအများစု သင့်ကို ဘယ်လိုမြင်သလဲဆိုတာ အလေးထားတတ်ရင် ပိုပြီး စိတ်ပင်ပန်းရပါတယ်။ အသားအရေလှပအောင်၊ ချို့ယွင်းမှုနည်းအောင် ဂရုစိုက်ကြပါတယ်။ အလှကုန်ပစ္စည်းတွေ သုံးစွဲလာကြပါတယ်။ တကယ်တော့ အစားအစာနဲ့ အာဟာရဓာတ်ဟာလည်း အသားအရေလှပရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ အသားအရေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။ ၁။ အဆီဓာတ်ကြွယ်ဝသောငါးများ ဆယ်လ်မွန်၊ ငါးကွမ်းရှပ် စတဲ့ ငါးများဟာ အသားအရေလှပဖို့ အထောက်အကူပြုပါတယ်။ ဒီငါးတွေမှာ Omega 3 ဖက်တီးအက်ဆစ်ကြွယ်ဝပါတယ်။ Omega 3 ဖက်တီးအက်ဆစ်ဟာ အသားအရေကို တင်းရင်းလှပစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ Omega […]


အသားအရေ ထိန်းသိမ်းခြင်း

အံ့သြဖွယ်ရာ နေလောင်ကာ

နေလောင်ကာ ခရင်မ် (Sunscreen) ဟာ မလိမ်းမဖြစ် လိမ်းသင့်တဲ့ အရာပါ။ နေလောင်ကာခရင်မ်ကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်လျှော့ချပေးနိုင်ပါတယ်။ နေလောင်ကာ ခရင်မ်ရဲ့ အံ့သြဖွယ်ရာ အကျိုးကျေးဇူးတွေကို အရေပြားဆရာဝန်တွေက ပြောပြထားကြပါတယ်။ နေလောင်ကာ ခရင်မ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ (၁)  မိတ်ကပ်တွေနဲ့ BB Cream တွေမှာပါတဲ့ SPF ပမာဏလောက်နဲ့ မလုံလောက်ပါဘူး။                နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် UV rays တွေပါဝင်နေပါတယ်။ UV ရောင်ခြည်တွေဟာ အသားအရေအတွင်းပိုင်းထိ နက်နက်ရှိင်းရှိုင်း ဝင်ရောက်နိုင်တာကြောင့် အမည်းစက်တွေနဲ့ အရေးအကြောင်း တွေဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်တွေမှာပါတဲ့ Sunscreen ပမာဏလောက်နဲ့ တင်းတိမ်မနေဘဲ Sunscreen သီးသန့် ထပ်မံ လိမ်းပေးပါ။ (၂) ပမာဏများများလိမ်းပါ။ မျက်နှာတင်မဟုတ်ဘဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်တွင်းကုထုံးများ

အသက်အရွယ်အရဖြစ်စေ၊ အရေပြားအခြေအနေကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် အသားအရေ ခြောက်သွေ့အက်ကွဲခြင်းဟာ နေရထိုင်ရခက်စေပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို xerosis လို့ခေါ်ဝေါ်ပြီး အရေပြားရဲ့ အပြင်ဆုံးအလွှာမှာ စိုစွတ်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် အရေပြားများအက်ကွဲပြီး ရောဂါပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒီအတွက် ဈေးကြီးပေးဝယ်နေရတဲ့ အလှအပရေးရာ အသုံးအဆောင်တွေကလည်း ဈေးကြီးပေမယ့် ထိရောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တကယ်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်တွင်းကုထုံးတွေ ရှိနေပါတယ်။ ဒါကြောင့် နာမည်ကြီးပစ္စည်းတံဆိပ်တွေကို ဈေးကြီး ပေးမဝယ်ခင်မှာ အောက်မှာ ဆက်လက်ဖော်ပြသွားမယ့် နည်းလမ်းတွေကို ဦးစွာ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ၁။ နေကြာဆီ နေကြာဆီကို အရေပြားပေါ်မှာလိမ်းပေးရင် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ခြောက်သွေ့ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ သဘာဝအဆီတိုင်းကိုတော့ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းအနေနဲ့ အသုံးပြုဖို့ […]


အခြားအရေပြားပြဿနာများ

မိုးရေစိုစိုမှာ သတိထားရမယ့် အရေပြားပေါ်က ပြဿနာများ

မိုးလေး တစ်ပြိုက်နှစ်ပြိုက်ကျရာကနေ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ မုန်တိုင်းဆင်တဲ့ကာလကို ရောက်လာခဲ့ပါပြီ။ မိုးတွင်း စစ်စစ်ကြီးကို ရောက်လာပြီပေါ့။ မိုးရာသီဟာ ပတ်ဝန်းကျင်တစ်ခွင် စိမ်းစိမ်းစိုစို ရှူမျှော်ခင်းသာသာနဲ့ လှပတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာပြီဆိုရင် သူ့ရဲ့ အလှတရားတွေအပြင် ကျန်းမာရေးပြဿနာတွေအကြောင်း လူတွေရဲ့ ခေါင်းထဲကို အတွေးတွေဝင်လာတတ်ကြပါတယ်။ အရေပြားပေါ်က ပြဿနာများ က တော့ ထိပ်ဆုံးပေါ့။ မိုးရာသီကို ရောက်ပြီဆိုရင် မိုးရာသီဟာ တခြားရာသီဥတုတွေထက် ကျန်းမာရေးပြဿနာပိုများတတ်တာကြောင့်ပါ။ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကနေစလို့ ကူးစက်ရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောလိုဝေဒနာမျိုးတွေက မိုးရာသီမှာ အဖြစ်များကြလေ့ရှိပါတယ်။ လေထုစိုထိုင်းစမြင့်တာ၊ မိုးအဆက်မပြတ်ရွာတာနဲ့ ရေကြီးရေလျှံတာတွေကြောင့် တခြားကျန်းမာရေးပြဿနာကြီးတစ်ခုကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒါကတော့ အရေပြားကျန်းမာရေးပြဿနာပါပဲ။ ယားယံတာတွေ၊ နေမထိထိုင်မသာဖြစ်တာတွေ၊ မှိုလို ဘက်တီးရီးယားလို ပိုးမွှား ကူးစက်ခံရတာတွေ လှိုင်လှိုင်ဖြစ်တတ်တဲ့ကာလလို့ ဆိုရမှာပါပဲ။ မိုးရေစိုရွှဲနေတာ၊ စိုစိုစိစိဖြစ်တာ၊ ဗွက်တွေကြား သွားလာရင်း မသန့်တဲ့ရေတွေကို ထိတွေ့ရတာနဲ့ မိုးရေနဲ့ […]


ဝက်ခြံ

ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်

ပျားရည် ဆိုတာ သဘာဝက ရတဲ့ ဆေးဖက်ဝင် ပစ္စည်း တစ်ခု ပါ။ သူ့ရဲ့ အာနိသင်အစွမ်းတွေကြောင့် ဟိုးအရင်တည်းက တိုင်းရင်းဆေးပညာမှာတောင် ဆေးဖော်စပ်ရာမှာ အသုံးများပါတယ်။ အလှအပ ဘက်မှာလည်း ပျားရည်က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ပျားရည် mask နဲ့ ဝက်ခြံ ကုသနည်းလေးကို ပြောပြပေးသွားဖို့ ရှိပါတယ်။ ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ် အလှအပ နဲ့ အသားအရေ အတွက်ဆို အနှောင့်အယှက်တစ်ခု ဖြစ်တဲ့ ဝက်ခြံ တွေကို ပျားရည် က ကုသပေးနိုင်တယ် ဆိုတာ သိပြီးပြီလား။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင် ကုသလို့ ရတာ ကိုရော သိထားပြီးပြီလား။ ကဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း