ကြွက်နို့ကလည်း လူငယ်တွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာ တစ်ခုပါပဲ။ ခြေချောင်း၊ လက်ချောင်းလေးတွေ၊ လက်ဖမိုးတွေ၊ ခြေဖဝါးတွေမှာ အတွေ့ရများပါတယ်။ ကြွက်နို့က ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သူ့ချည်းသက်သက်ကတော့ လူကို ဒုက္ခမပေးနိုင်ပါဘူး။ နည်းနည်း ကြည့်ရဆိုးတာက လွဲလို့ပေါ့လေ။
ကြွက်နို့က ဒီတိုင်းထားရင်တော့ ၂နှစ်လောက်ကြာရင် သူ့အလိုလို ပျောက်သွားပါတယ်။ ဒီလိုမှ မဟုတ်ဘူး။ ကုမယ်ဆိုရင်လည်း ဆရာဝန်ဆီမှာ သွားကုလို့ရသလို အိမ်တွင်းနည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ ကြွက်နို့ မဖြစ်ချင်ဘူးဆိုရင်တော့ အရေပြားကို ထိခိုက်အနာတရ မဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဥပမာ လက်သည်းကိုက်တာ၊ အရေပြားကို မကြာခဏ ခိုက်မိတာမျိုးပေါ့။ ထိခိုက်ထားတဲ့ အရေပြားဟာ ကြွက်နို့ဗိုင်းရပ်စ် ဝင်လွယ်ပါတယ်။
ကလေးတွေမှာ အဖြစ်များပေမယ့် ဆယ်ကျော်သက်အရွယ်အထိ တွေ့နေရတာမျိုးလည်း ရှိပါတယ်။ ကလေးဘဝတုန်းတည်းက ရှိခဲ့တဲ့ နှင်းခူရောဂါက အရွယ်လေးရောက်လာလို့ အားကစားတွေ လုပ်တဲ့အခါ ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ ဒူးစွပ်တွေ၊ ခြေကျင်းဝတ်တွေ စွပ်ပြီး ပွန်းပဲ့လို့ပဲ ဖြစ်ဖြစ် ပြန်ပြီး ကြွလာတတ်ပါတယ်။
ဒီပြဿနာကို ပြေလည်ဖို့ဆိုရင် အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပေးဖို့ လိုပါမယ်။ အထူးသဖြင့် ရေချိုးပြီးတဲ့အခါ၊ ရေကူးပြီးတဲ့အခါမှာပေါ့။ ဒါနဲ့မှ မသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှု ခံယူသင့်ပါတယ်။
ဆယ်ကျော်သက်အရွယ်လေးတွေဆိုတော့ သွားသွားလာလာရှိတဲ့အတွက် နေလောင်ဒဏ်ကို အနည်းနဲ့အများတော့ ခံရပါတယ်။ အထူးသဖြင့် ထီးဆောင်းပျင်းတဲ့သူတွေ၊ နေလောင်ကာခရင်မ် မလိမ်းတဲ့ သူတွေ ဆိုရင်ပေါ့။ ယောကျာ်းလေးတွေဆို ပိုဆိုးပါတယ်။ ထီးဆောင်းတာ၊ sun creamလိမ်းတာဆိုတာ သူတို့နဲ့ မဆိုင်သလိုပါပဲ။ ဒါကြောင့် နေလောင်ပြီး အသားအရေတွေ ပျက်စီးကုန်တာပေါ့။
ဒါကြောင့် နေလောင်တဲ့နေရာကို soothing gel တစ်မျိုးမျိုး (ဥပမာ ရှားစောင်းလက်ပပ်) လိမ်းပေးပါ။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ အပြင်သွားတိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသဖြင့် တစ်ခုခု ဆောင်သွားပါ။ နေလောင်ကာခရမ်င်လိမ်းဖို့ကိုလည်း မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။