နောက်တစ်ချက် သတိထားရမှာက Scrub လုပ်ပြီးတိုင်း အသားအရေကို ပြန်လည်
ရေဓာတ်ဖြည့်ဖို့ပါ။ ဒါမှ ဘေးကင်းပြီး အသားအရေကို ကျန်းမာစေနိုင်တဲ့ Scrub လေးဖြစ်တော့မှာပါ။ Scrub လုပ်တဲ့အခါမှာလည်း သဘာဝ ပစ္စည်းတွေနဲ့ လုပ်တဲ့ Scrub ရှိသလို
ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ Scrub တွေလည်းရှိပါတယ်။ ဘယ်လို Scrub အမျိုးအစားဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အများဆုံး ၂ ကြိမ်က အလွန်ဆုံးပါ။ ဓာတုပစ္စည်းတွေပါဝင်တဲ့ Scrub တွေဆိုရင် တစ်ပတ်ကို တစ်ကြိမ် သူတို့ညွှန်တဲ့ အညွှန်းအတိုင်း လုပ်တာ အဆင်အပြေဆုံးပါ။
Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာရောက်သလို ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကို ကြည်လင်စေမှာပါ။ အသားအရေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်တာကြောင့် အသားအရေကို ကျန်းမာစေမှာပါ။ ဒါပေမယ့် ထပ်တစ်ခေါက်ပြောချင်တာက
အသားအရေ ထိခိုက်မှုကင်းစေဖို့ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး Scrub မလုပ်ကြပါနဲ့။
Scrub ကို လိုတာထက် ပိုလုပ်မိတဲ့အခါ
Scrub လုပ်တာက အသားအရေအတွက် အထောက်အကူပြုတယ် မှန်ပေမယ့် လိုတာထက် ပိုလုပ်မိတဲ့အခါ အရေပြားက ခံနိုင်ရည် နည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ဖြစ်တဲ့ အရေပြားကို ထိခိုက်စေမှာပါ။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း Scrub ကို အသားဖြူချင်ဇောနဲ့ နေ့တိုင်းနီးပါး လုပ်နေမယ်ဆိုရင်
- အရေပြား ပါးတာ
- အသားအရေ လောင်တာ
- အရေပြား နီမြန်းတာ
- စပ်ဖျဉ်းဖျဉ်း ဖြစ်တာ
- ခြောက်သွေ့တာ
- အဖက်တွေ ကွာတာ
- အရွယ်မတိုင်ခင် အိုမင်းတာ
- ဝက်ခြံတွေ ထွက်တာ
- ရှိပြီးသား ဝက်ခြံတွေ ပိုဆိုးလာတာ
- အရေပြား ပိုးဝင်ကူးစက်တာ လိုမျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင်သလို အသားအရောင် ပြောင်းတာ၊ အမဲကွက်တွေ ဖြစ်တာလိုမျိုး ပြင်းထန်တဲ့ အရေပြား ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်သာ Scrub လုပ်ပါ။ Scrub လုပ်တဲ့အခါ
လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာမျိုး မလုပ်ပါနဲ့။ Scrub လုပ်ပြီးတိုင်း
အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ သတိရပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။