backup og meta

ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

    ခြေထောက်ကို ​ကြည်ကြည်လှလှလေး ဖြစ်ချင်တယ်ဟုတ်။ လေဒီလေးတွေထဲမှာ မျက်နှာလှတဲ့ လေဒီလေးတွေက ဆွဲဆောင်မှုရှိသလို ခြေထောက်လှလှလေဒီလေးတွေက ချစ်စရာကောင်းတယ်နော်။ လှပတဲ့ ခြေထောက်လေးတွေက ဘယ်ဖိနပ် ဝတ်ဝတ်လှသလို ခြေလှမ်းလှမ်းလိုက်တိုင်း အငေးခံရသူတွေပါ။ အဲ့လို လှပတဲ့ ခြေထောက်လေးတွေ မြင်တိုင်း လိုက်ကြည့်ရတာအမော။ ကိုယ့်ခြေထောက် ကိုယ်ပြန်ကြည့်တော့ သဲကြိုးရာတွေ ထင်နေလို့ စိတ်ညစ်နေတဲ့ လေဒီလေးတွေရှိလား…………….. ဒါဆိုရင်တော့ ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ နော်။

    ဒါဆိုရင် ခြေထောက်လေး ကြည်ကြည်လေးနဲ့ လှစေဖို့ သဲကြိုးရာတွေ တူတူဖျောက်ရအောင်။ ခြေထောက်မှာ သဲကြိုးရာဖြစ်တာက နေလောင်တာနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကို ထိတွေ့မိတာကြောင့်ပါ။ နောက်တစ်ချက် ခြေထောက်ကို ပုံမှန် ကြေးတွန်းသန့်စင်ပေးဖို့ မေ့နေတာ​ကြောင့်လည်း ပါပါတယ်။ ဒီတော့ ခြေထောက်လေးမှာ သဲကြိုးရာ ကင်းကင်းနဲ့ လှပနေစေဖို့ ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်လိုက်ပါ။

    ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

    ခြေထောက်လေးက ခြေဖမိုးရော ခြေဖဝါးပါ လှပနေစေဖို့ဆိုရင်တော့ ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

    (၁) ခြေထောက်ကို ပုံမှန် ကြေးချွတ်သန့်စင်ပါ

    ရေချိုးတဲ့အခါ မျက်နှာကို သေချာသစ်သလို ခြေထောက်လေးကိုလည်း ဘရက်စ် နုနုလေးသုံးလို့ ဆပ်ပြာနဲ့ သေချာတိုက်ချွတ် သန့်စင်ပါ။ ခြေဖဝါးကိုတော့ ကြေးတွန်းကျောက်လေးနဲ့ သေချာလေး တိုက်လို့ သန့်စင်ပါ။ ခြေဖမိုး ခြေဖဝါးမကျန် သေချာ သန့်စင်ပါ။

    (၂) lotion လိမ်းပါ

    Body lotion ကို လက်အသားအရေကိုရော ခြေထောက်လေးတွေကိုပါ လိမ်းပေးလို့ရပါတယ်။ သန့်စင်ထားတဲ့ခြေထောက်ကို ရေခြောက်အောင် သုတ်လို့ lotion လေး နှံ့အောင် လိမ်းပေးပါ။

    (၃) နေလောင်ကာခရင်မ် လိမ်းပါ

    ခန္ဓာကိုယ် အသားအရေကို နေလောင်ကာခရင်မ် လိမ်းသလို အပြင်မထွက်ခင် ၁၅ မိနစ် အလိုမှာ ခြေထောက်ကို နေလောင်ကာခရင်မ် သေချာလေး လိမ်းပေးပါ။

    (၄) အပြင်က ပြန်လာတိုင်း သန့်စင်ပါ

    အပြင်က ပြန်လာတဲ့အခါတိုင်း မိုးရေတွေ စိုနေခဲ့ရင်တောင် ခြေထောက်ကို သေချာလေး သန့်စင်အောင် ဆေးကြောပါ။

    (၅) ရေခြောက်အောင် သုတ်ပါ

    ခြေထောက်ဆေးကြောပြီးတိုင်းမှာ အစိုဓာတ် နည်းပြီး ခြောက်သွေ့တာမျိုး မဖြစ်စေဖို့ ရေဆေးပြီးတိုင်း ခြေထောက် သုတ်ပါ။

    (၆) ပေါင်းတင်ပါ

    ခြေထောက်ကို တစ်ပတ် တစ်ခါသေချာလေး ပေါင်းတင်ပေးပါ။ ဒီလိုပေါင်းတင်နေတဲ့နေရာမှာ ခြေထောက်လေး ဖြူကြည်နေစေဖို့ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်။

    • ရှားစောင်းလက်ပပ် – သေချာသန့်စင်ထားတဲ့ ခြေထောက်ကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့  သေချာလေး တိုက်ပေးပါ။ ခြောက်သွေ့အောင်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။
    • baking soda – ဇလုံတစ်လုံးထဲကို ရေနွေးနွေး တစ်ဝက်လောက်ထည့်ပြီး baking soda လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး မွှေပါ။ ပြီးရင် သန့်စင်ထားတဲ့ခြေထောက်ကို ၁၀ မိနစ်လောက် ထည့်စိမ်ပါ။ ပြီးရင် ကြေးတွန်းကျောက်နဲ့ ခြေထောက်ကို ကြေးတွန်းသန့်စင်ပါ။ ရေခြောက်အောင် သုတ်ပြီး ခြေထောက်ကို lotion လိမ်းပါ။
    • အုန်းဆီ – အုန်းဆီစစ်စစ်ကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးတာက ခြေထောက်ကို ကြည်လင်လှပစေမှာ။ မနက် နိုးတိုင်း သေချာလေး ကြေးချွတ်ဖို့တော့ မမေ့ပါနဲ့။
    • သံပုရာသီး– သံပုရာသီးကို အရွယ်တော်လေးလှီးလို့ ခြေထောက်ပေါ်မှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ကြေးတွန်း သန့်စင်လိုက်ရုံပါ။
    • ပန်းသီးရှာလကာရည် -ပန်းသီးရှာလကာရည်ကို ရေနွေးနွေးထဲ ထည့်လို့ ခြေထောက်ကို စိမ်ထားပါ။ ၁၀ မိနစ်လောက် စိမ်ပြီး ကြေးတွန်းကျောက်နဲ့ တိုက်ချွတ် သန့်စင်ပါ။
    • ဒိန်ချဉ် နဲ့ ပျားရည် – အဆီမပါတဲ့ ဒိန်ချဉ်ကို ပျားရည်နဲ့ ဆတူရောပြီး သန့်စင်ထားတဲ့ ခြေထောက်ပေးမှာ လိမ်းပါ။ မိနစ် ၂၀ လောက်ထားပြီး ခြေထောက်ကို ရေအေးအေးလေးနဲ့ ဆေးချလိုက်ရုံပါ။

    ကဲ………. တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန်ပေါင်းတင်မယ် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် လှပတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement