အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းတွင်းထဲ ရောက်လာပြီဆိုရင် အကြုံတွေ့ရဆုံး ပြဿနာတွေထဲမှာ အသားခြောက်တဲ့ ကိစ္စက ထိပ်ဆုံးကပဲဖြစ်မှာပါ။ အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေဟာ အလွန်ကြည့်ရဆိုးသလို ယားယံတာ၊ အဖတ်ကွာတာ၊ ကွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေလည်း အရေပြားက လိုတာထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါများအပြင် အရေပြားစိုထိုင်းမှုနည်းသွားတဲ့အတွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းမရှိဘဲ အရေပြားပေါ်မှာ ပိုပြီးကပ်ငြိနေနိုင်ပါတယ်။ ဒါဆို ဘာလို့ အသားပပ် အသားခြောက်ရတာလဲ။ အဖြစ်အများဆုံး အကြောင်းရင်း (၂) ခု ကတော့ မွေးရာပါ အရေပြား သဘာဝအဆီ (Sebum) ထုတ်လုပ်မှုနည်းခြင်း ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေဟာ အရေပြားစိုထိုင်းမှုကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။ မွေးရာပါ အရေပြားသဘာဝအဆီ နည်းလို့ အသားခြောက်တဲ့သူတွေတင်မကဘဲ အဆီပြန်သူတွေ (Oily Skin) ထိခိုက်လွယ် အသားအရေပိုင်ရှင်တွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရည်းစားမရှိတဲ့ လူပျို၊ အပျိုလေးတွေ အမြဲတင်ဖြစ်နေကျတော့ ဒီစာလေးတစ်ကြောင်းကို မှတ်မိကြမယ်ထင်ပါတယ်။ အဓိကကတော့ နှုတ်ခမ်းတွေ ကွဲခြောက်နေတဲ့အကြောင်းရယ်၊ ချစ်သူရည်းစားမရှိလို့ လိုချင်တဲ့အကြောင်းရယ်ကို ရောပြီးတင်ကြတာပေါ့ဗျာ။ ရုတ်တရက်ကြည့်ရင်တော့ မှန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ တော်တော်လေးကို မှားနေတဲ့ စာကြောင်းတစ်ကြောင်းပဲဗျ။ ဘာကြောင့် မှားတယ်လို့ ပြောရတာလဲ။ နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုသည် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ လူရဲ့ တံတွေးထဲမှာ အက်ဆစ်ဓာတ်တွေ၊ ဘက်တီးရီးယားပိုးတွေ ပါဝင်တဲ့အတွက် နှုတ်ခမ်းကို အမြဲတမ်းလျက်နေတဲ့အခါ ပါးစပ်ထဲက တံတွေးတွေက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းရဲ့ စိုထိုင်းမှုကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်း အအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ကာလတစ်ခုပါပဲ။ အထူးသဖြင့် အသားခြောက်တဲ့သူတွေအတွက် အရေပြားပြဿနာ အဖြစ်ဆုံး ကာလပဲပေါ့။ ဆောင်း တွင်းရဲ့ အအေးဒဏ်ကြောင့် အပြင်လေထုဟာ အေးမြခြောက်သွေ့လာတဲ့အတွက် အရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်သွားစေတဲ့အတွက် အသားက ခြောက်ကပ်ကပ်ကြီး ဖြစ်လာတော့တာပေါ့။ ဘာကြောင့် ဆောင်း တွင်းမှာ နှုတ်ခမ်းကွဲရတာလဲ။ နှုတ်ခမ်းသည်လည်း လူ့အရေပြားအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အပြင်က အအေးဒဏ်ဟာ စိုထိုင်းမှုကို လျော့နည်းသွားစေပြီး ခြောက်သွေ့လာစေတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ လူတွေက တံတွေးစွတ်တာ၊ လျှာနဲ့ သပ်တာမျိုး ပိုလုပ်တဲ့အတွက် တံတွေးထဲမှာရှိတဲ့ အက်စစ်ဓာတ်တွေက အစိုဓာတ်ကို ထပ်မံခန်းခြောက်သွားစေကာ နှုတ်ခမ်းကို အက်ကွဲလာစေပါတယ်။ နောက်ထပ် ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ ရေသောက်နည်းတာပါ။ လူတော်တော်များများက အပြင်ဘက် ရာသီဥတုသည် အေးချမ်းနေတဲ့အတွက် ခန္ဓာကိုယ်အထဲမှာလည်း အေးမယ်လို့ ထင်နေတတ်ကြတာပါ။ ဒီအတွက် ရေကို […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ချမ်းစီးလှတဲ့ ဆောင်းတွင်းမှာ Scrubလုပ်ဖို့ နေနေသာသာ ရေတောင် နပ်မှန်အောင် မနည်းချိုးရတယ်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမယ့် အသားအရေဆိုတာမျိုးက ၁၂ရာသီ ထိန်းသိမ်းရတာဆိုတော့ ဆောင်းတွင်းမှာလည်း သူနဲ့ လိုက်ဖက်နဲ့ နည်းလမ်းတွေနဲ့ ဆက်ထိန်းရနေဦးမှာပါပဲ။ ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသားအရေပြဿနာတွေကတော့ အသားခြောက်တာ၊ အသားပပ်တာ၊ နှုတ်ခမ်းသားတွေ ခြောက်သွေ့တာ စတဲ့ ပြဿနာတွေပါပဲ။ ဒီတော့ ဖြေရှင်းနည်းကတော့ အစိုဓာတ်ထိန်းကရင်မ်ကို နိုင်နိုင်လိမ်းတာပါပဲ။ ဒါတင်ပဲလား ချေးချွတ်တာရော လုပ်လို့မရဘူးလို့ မေးစရာ ရှိပါတယ်။ လုပ်ရင်ကောင်းမလားလို့လည်း တွေးနေမိမှာပါ။ ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့ရုံတင် မကပါဘူး။ တခြားအချိန်တွေထက်လည်း ပိုပြီး အထိမခံဖြစ်နေပါတယ်။ ဒါကြောင့် Scrubလုပ်ရင်ကောင်းပါ့မလား။ အသားပပ်တာတွေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ ပိုပြီးတော့ ခြောက်သွေ့သွားမလားပေါ့။ ဒါဆို ဆောင်းတွင်းမှာ Scrubလုပ်သင့်ရဲ့လား။ အဖြေကတော့ Yesပါ။ တခြားအချိန်တွေလိုပဲ ဆောင်းတွင်းမှာ Scrubလုပ်သင့်ပါတယ်။ လုပ်လို့လည်း […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

မျက်နှာပေါ်က ဝက်ခြံတွေတော့ သက်သာသွားပါရဲ့။ ဝက်ခြံအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးပြီး မှန်ကြည့်မိတိုင်း စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလား။ ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ယုံကြည်မှု ပျက်စီးစေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘယ်လို အစားအစာလေးတွေ စားပေးရင် ဝက်ခြံ အမာရွတ်တွေ သက်သာစေမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။ အလှပျက်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ဆိုရင် ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် ဗီတာမင် B6 ဗီတာမင် C ဗီတာမင် K ဖောလိတ် မဂ္ဂနီဆီယမ် phosphorus တို့ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ histidine ပါဝင်နေပါတယ်။ ဒီအက်ဆစ်က […]


အခြားအရေပြားပြဿနာများ

အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါ (lepros) ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း စတဲ့နေရာတွေက အာရုံကြောတွေကို ဦးစွာထိခိုက်နိုင်ပါတယ်။ အရေပြားမှာ အနာဖြစ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ကြွက်သားများအားနည်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲထားလိုက်ရင် ရုပ်ဆင်းအင်္ဂါထိခိုက်နိုင်ပါတယ်။ အနာကြီးရောဂါဟာ ကမ္ဘာပေါ်က ရှေးကျတဲ့ရောဂါတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဘီစီ ၆၀၀ လောက်ကတည်းက တွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အနာကြီးရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ ဘာလက္ခဏာတွေ ရှိသလဲ အနာကြီးရောဂါရဲ့ အဓိကလက္ခဏာတွေကတော့ - ကြွက်သားများအားနည်းခြင်း - ခြေ၊ လက်၊ လက်မောင်းများ အားနည်းခြင်း - အရေပြားများ ပျက်စီးခြင်း၊ အနာဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အရေပြားဟာ အာရုံခံနိုင်စွမ်းကျလာပြီး အပူ၊ နာကျင်ခြင်း၊ ထိတွေ့မိခြင်း စတာတွေကို မသိနိုင်တော့ပါဘူး။ […]


အခြားအရေပြားပြဿနာများ

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

မျက်နှာ အသားအရေက တစ်နေ့တစ်ခြား ပိုပြီး မွဲခြောက်ခြောက် ဖြစ်လာတယ်။ ဝက်ခြံတွေလည်း တိုးလာတယ်။ နေရောင်ကြောင့်လို့ ပြောဖို့ရာကလည်း နေရောင်က ခရမ်းလွန်ရောင်ခြည်များတဲ့ အချိန်မျိုးဆိုရင် အပြင်ကို မထွက်ဖြစ်သလောက်ပါပဲ။ ထိတွေ့ဖြစ်တာဆိုလို့ ကွန်ပျူတာကနေ ထွက်တဲ့ Blue Light ပဲ ရှိမှာပါ။ ဒါဆိုရင် ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ Blue Light နဲ့ အသားအရေ ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ မကြာသေးခင်က […]


ဝက်ခြံ

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် အဆီတွေ ထုတ်ပေးနိုင်တဲ့ အဆီဂလင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဆီဂလင်းတွေတွေက လိုအပ်တာထက်ပိုပြီး အများကြီးထွက်လာလာတဲ့အခါ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အဆီပြန်တတ်တဲ့သူတွေ၊ အသားခြောက်တတ်တဲ့သူတွေ၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေ စသဖြင့် အသားအရေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေရောမှာ အဖြစ်များတဲ့ T-zone တဝိုက်မှာ သာမာန်ထက် ပိုပြီး အဆီပြန်၊ ဝက်ခြံတွေထွက်တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။ T-zone ဆိုတာဘာလဲ။ T-zone ဆိုတာကတော့ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ပါဝင်တဲ့ မျက်နှာရဲ့ T ပုံစံဖြစ်နေတဲ့ နေရာကိုခေါ်ပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေထက် T-zone က အဆီထုတ်တဲ့ ဂလင်းတွေအများကြီးပိုရှိတာကြောင့် […]


အခြားအရေပြားပြဿနာများ

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတစ်ခေါက်တော့ စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အကြောင်းကတော့ အသားအရေ ထိခိုက်စေနိုင်တဲ့ အရာတွေ အများကြီးထဲမှာမှ လေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာ အသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။ အချိုဆို ဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွိုက်ထိရင် ဘယ်လို လက္ခဏာတွေ […]


အခြားအရေပြားပြဿနာများ

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း

တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ကဲ ..... ဒီတစ်ခေါက်တော့ တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း အပေါ်မှာပြောခဲ့သလို တက်တူးထိုးတာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်မယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေ နည်းသွားပြီဆိုပေမယ့် တက်တူး ထိုးခြင်းကြောင့် ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်က ရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။ တက်တူးကနေ ရောဂါပိုးဝင်ရင် ဘယ်လိုသိနိုင်သလဲ အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာ နီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း