နှုတ်ခမ်းကွဲတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
၁။ ရေများများသောက်ပါ။
ရေကို ဆာတော့မှ ထမသောက်ပါနဲ့။ ဆောင်း တွင်းမှာ ရာသီဥတုအေးတဲ့အတွက် လူတွေက ရေသောက်ဖို့ကို မေ့လျော့နေတတ်သလို ထသွားထလာလုပ်ရမှာလည်း တော်တော်ပျင်းပါတယ်။ ဒီအတွက် လီတာရေဘူးထဲ ရေအပြည့်ဖြည့်ပြီး ကိုယ်နဲ့ လက်လှမ်းမီမယ့်၊ ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ထားပေးထားပါ။ နာရီဝက်ခြား တစ်ခါ ရေကို သောက်ပေးပါ။ တစ်နေ့ကို ရေအနည်းဆုံး ၂−၃လီတာသောက်ပေးနိုင်ရင် လုံလောက်ပါတယ်။
၂။ နှုတ်ခမ်းကို လျှာနဲ့မသပ်ပါနဲ့။
လျှာနဲ့လျက်ပြီး နှုတ်ခမ်းတွေက တံတွေးနဲ့ ပြောင်လက်သွားတဲ့အခါ နှုတ်ခမ်းမခြောက်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာ တံတွေးသည် နှုတ်ခမ်းပေါ်က အဆီနဲ့ စိုထိုင်းမှုတွေကို ဖယ်ရှားလိုက်တာဖြစ်လို့ ခြောက်သထက် ခြောက်အောင်ပိုလုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် နှုတ်ခမ်းခြောက်ရင် နှုတ်ခမ်းအဆီလိမ်းပါ။ ရေများများသောက်ပါ။ လျှာနဲ့ မလျက်ပါနဲ့။
၃။ အချဉ်ဓာတ်ပါတာတွေ များများစားပေးပါ။
ဗီတာမင် စီ အချဉ်ဓာတ်ဟာ အရေပြားကို ကျန်းမာလန်းဆန်းစေပြီး အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တချို့ကို ပြုပြင်ပေးပြီး အရေပြားဆဲလ်အသစ်တွေ ထပ်ပြီးထွက်လာအောင် ကူညီပေးတဲ့အတွက် နှုတ်ခမ်းကွဲတဲ့သူတွေ ပုံမှန်ပန်းနုရောင်နှုတ်ခမ်းမျိုး ပြန်ရအောင် ကူညီပေးနိုင်မှာပါ။ အချဉ်ဓာတ် အရသာရှိတဲ့ အသီးအနှံတွေ၊ သစ်သီးဖျော်ရည်တွေအပြင် ဗီတာမင် စီ အားဆေးတွေကိုလည်း သောက်ပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။