အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံ တွေးရင်တောင် စိတ်ပျက်မိတယ်ဟုတ်။ မျက်နှာက ဝက်ခြံတွေက မှန်ကြည့်တိုင်း စိတ်ဓာတ်ကျစေတဲ့အရာဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံတွေ သက်သာအောင် တစ်နေ့တာမှာ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ဝက်ခြံက ပျောက်ရော ပျောက်ပါ့မလား............ ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ အမြဲပုံမှန် ဂရုစိုက်ဖို့လိုပါမယ်။ နောက်တစ်ခုက အချိန်ပေးဖို့ပါ။ ဝက်ခြံကို သက်သာစေဖို့ နေ့စဉ် လိုက်နာဖို့လိုမယ့် အလေ့အထလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ ဝက်ခြံက သေချာဂရုစိုက်မယ်ဆိုရင် ၂ ပတ်ကနေ ၁ လအတွင်းမှာ သက်သာနိုင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေကတော့ လုံးဝပျောက်သွားပြီး နဂို အသားအရေဖြစ်စေဖို့ ၁၈ လကနေ ၂၄ လလောက်အထိ ကြာနိုင်ပါတယ်။ ဒါက […]


အခြားအရေပြားပြဿနာများ

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊ ဘာလို့များ အရေပြားက ဘာလို့ Sensitive ဖြစ်........... တာဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ အရေပြားက ဘာလို့ Sensitive ဖြစ်........... တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne - prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် […]


ဝက်ခြံ

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

ဝက်ခြံဖြစ်တာက အတော်လေး စိတ်ညစ်စရာပါ။ တစ်ခါတစ်ခါ စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံလေးတွေကို ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။ ဝက်ခြံတွေ သက်သာသွားစေဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါမယ်။ ဘယ်လိုစိတ်ရှည်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ.......... ဝက်ခြံတွေက အရွယ်အစား၊ ပုံစံ စုံသလို အမျိုးအစားလည်း ကွဲပြားပါတယ်။ ဝက်ခြံဖုသေးသေးလေးတွေ နီရဲနေတတ်တဲ့ဝက်ခြံဖု နီရဲရောင်ရမ်းနေသောဝက်ခြံ (ဆင်ဝက်ခြံ) အဆံဖြူလေးတွေထွက်သော ဝက်ခြံ ဆားဝက်ခြံ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုပြီး အမျိုးမျိုးကွာခြားနိုင်ပါတယ်။ ဝက်ခြံလေးတွေကို ဘယ်နေရာမှာ တွေ့နိုင်လဲ........... ဝက်ခြံတွေက မျက်နှာမှာ အတွေ့ရများပေမယ့် ခန္ဓာကိုယ်အနှံ့ နှာခေါင်းထဲနဲ့ နားထဲမှာပါမကျန် ပေါက်နိုင်ပါတယ်။ ဝက်ခြံဆိုတာ....... ဝက်ခြံဆိုတာက အရေပြားပေါ်မှာ နီမြန်းပြီး နာကျင်တဲ့ အဖုအပိမ့်တွေထစေတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အသက်အရွယ်မရွေးဝက်ခြံပြဿနာကို ခံစားရနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေ၊ သက်လတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေကို ဂရုစိုက်ပါ

အသားအရေကို ဂရုစိုက်ပါ ...... အရေပြားက တစ်ထောက်စာပဲ ဆိုပေမယ့် မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်မယ့် ခံတပ်တစ်ခုဆိုတာ သိစေချင်ပါတယ်။ အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။ အရေပြားက ဘာတွေ လုပ်ပေးလဲ........... အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်သလို အခုလိုတွေလည်း လုပ်ဆောင်ပေးပါသေးတယ်။ ပြင်ပက ပိုးမွှားတွေ၊ ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးပေးတယ်။ ရေနဲ့ အခြားသော အရည်တွေ စိမ့်မဝင်အောင် ကာကွယ်ပေးတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတယ်။ အပူချိန်ကို ထိန်းညှိပေးတယ်။ ထိတွေ့မှုတွေ၊ အပူအအေးဒဏ်တွေကို သိရှိ ခံစားပေးတယ်။ အာဟာရဓာတ်တွေကို စုပ်ယူပေးတယ်။ အသားအရေကို ဂရုစိုက်ပါ အရေပြားလို့ဆိုလိုက်ရင် ထိန်းသိမ်းရမယ့် အရေပြားက မျက်နှာလို့ ပြေးမြင်တတ်ကြပါတယ်။ တကယ်ကတော့ အသားအရေကို ဂရုစိုက်ပါ .... ဆိုတာ […]


ဝက်ခြံ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘာလဲ။ ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိပြီးပြီလား! ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။ ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မည်းမည်းလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် […]


ဝက်ခြံ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

မျက်နှာပေါ်မှာ အဖု သေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်း ယားတယ် ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။ အရေပြားမှာ ဖြစ်တတ်တဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံလည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ ပုံကလည်း မတူကြပါဘူး။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ အကြောင်းကို အတူတူ လေ့လာလိုက်ရအောင်နော်။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးတွေ ကတော့ အောက်ပါ အတိုင်းပါ။ အများစု ကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ ဆဲလ်သေဖယ်တာက အသားခြောက်နိုင်တယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။ ဆိုပြီး စိတ်ပူရင်း ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား.......... ဆိုပြီး တွေးနေပြီလား! ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒါမှမဟုတ် ဝက်ခြံတွေ ပိုဖြစ်မလား။ ဆဲလ်သေတွေ မဖယ်လို့လားမသိဘူး။ အသားအရောင်ကို ကြည့်ရတာ ​ကြည်ကြည်လင်လင် မရှိဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဆောင်းရာသီမှာ ဆဲလ်သေဖယ်ရှားလို့ ရပါ့မလားလို့ ချီတုံ ချတုံ ဖြစ်နေတဲ့ လေဒီလေးတွေအတွက်ပါ။ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား.......... ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား.......... ဆောင်းရာသီက အလိုလိုနေရင်းတောင် အသားခြောက်တော့ ဆဲလ်သေတွေ ဖယ်ရှားလိုက်ရင် အသား ပိုခြောက်သွားမလား။ ဆဲလ်သေဖယ်ရှားမှုကြောာင့် အသားအရေကိုများ ထိခိုက်လေမလားဆိုတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ အသားလေးကြည်နေရင်၊ နှုတ်ခမ်းလေးက ပန်းရောင်သန်းနေရင်၊ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။ ဒီလို မနက်ခင်းတွေ လှပဖို့ဆိုရင် ညဘက်တွေမှာ လုပ်ဆောင်ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဒီတော့ မနက်ခင်းမှာ လှပနေစေဖို့ ညဘက်တွေမှာ ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မနက်ခင်းမှာ လှပစွာ နိုးထနိုင်စေဖို့ မနက်ခင်းမှာ ခေါင်းအစ ခြေအဆုံး လှပနေစေဖို့ဆိုရင် ခြေလက်တွေ ခြောက်သွေ့မှု ကင်းစေဖို့ ခြေလက်တွေ ခြောက်သွေ့ကွဲအက်မှု ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေလက်သန့်စင်ပြီး ခြေထောက်တွေ၊ လက်တွေကို vaseline နဲ့ သံလွင်ဆီ နည်းနည်းရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ လက်အိတ်လေး၊ ခြေအိတ်လေးတွေ စွပ်ပြီး အိပ်ပေးပါ။ မနက်နိုးတဲ့အခါ အစိုဓာတ် ပြည့်ဝပြီး ချောမွေ့အိစက်တဲ့ […]


ဝက်ခြံ

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီမှာ ခြောက်သွေ့မှု များတာကြောင့် အသားအရေရဲ့ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။ သာမန် အသားအရေ အတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံ ဖြစ်လွယ်သူတွေ အတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား............... ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိခိုက်မှု ကင်းစေဖို့ ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ဆေး ပြောင်းပါ။ ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး […]


ဝက်ခြံ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ ဒီတစ်ခါတော့ ဝက်ခြံ ခဏခဏဖြစ်နေလို့ စိတ်ညစ်နေရသူလေးတွေအတွက် ဝက်ခြံ သက်သာစေမယ့် အသီးလေးတွေက ဘာလေးတွေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝက်ခြံ သက်သာစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေက ဘာတွေလဲ............. မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင် သခွားမွှေး သခွားမွှေးက အသားအရေကို ချောမွတ်နုပျိုစေမယ့် လျှို့ဝှက်ပါ။ သခွားမွှေးမှာ ဗီတာမင် A  ပါဝင်နေတာကြောင့် ဆဲလ်တွေ အသစ်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သခွားမွှေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေသလို အရေပြားပြဿနာ အမျိုးမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။ လိမ္မော်သီး  လိမ္မော်သီးကလည်း သခွားမွှေးလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အသီးပါ။  လိမ္မော်သီးက အသားအရေ ကျန်းမာရေးကို အတော်လေး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း