အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

ယနေ့ခေတ်မှာ မျက်လုံးနားက အရေပြားတွေ မတွန့်အောင်၊ အရေးကြောင်းတွေ မဖြစ်အောင်၊ မျက်ကွင်းညိုတာတွေ ပျောက်အောင်၊ မျက်လုံးပတ်လည် အသားအရေ စိုပြေအောင် eye creamတွေကို အများအပြား အသုံးပြုလာကြပါတယ်။ Eye cream ကို လိမ်းတဲ့အခါ ကိုယ်လိုချင်တဲ့ အာနိသင်တွေကို အပြည့်အဝရဖို့နဲ့ မလိုလားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့အတွက် ဂရုစိုက်ရမယ့်အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် မျှဝေပေးသွားချင်ပါတယ်။ Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။ Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတော့ Eye cream ကိုလိမ်းတဲ့အခါ ၁။ လက်သူကြွယ်ကို အသုံးပြုပြီး လိမ်းပေးပါ။ လက်သူကြွယ်က လက်ချောင်းတွေထဲမှာ အနူးညံ့ဆုံးလက်ချောင်းလေးဖြစ်တဲ့အတွက် ring finger လေးနဲ့ လိမ်းပေးမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိစေပါတယ်။ ၂။ မှန်ကန်သင့်တော်တဲ့ ပမာဏကိုသာ လိမ်းပေးပါ။ Eye creamက […]


အသားအရေ ထိန်းသိမ်းခြင်း

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass and glow skin မျိုးကို လူတိုင်း၊ လူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ကြည်လင်တဲ့အသားအရေ ရရှိဖို့ exfoliator, toner, serum, essence, moisturizer , sunscreen စသဖြင့် skin care တွေနဲ့ ကုထုံးအမျိုးမျိုးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခေတ်စားလာတာကို တွေ့ရပါတယ်။ Glow and glass skin ရဖို့ ခေတ်မီ product တွေ၊ ကုထုံးတွေကို ဂရုတစိုက် အသုံးပြုလာကြပေမယ့် အားလုံးသိပြီးသားလည်းဖြစ်ပြီး အရေးကြီးဆုံးလည်းဖြစ်တဲ့ အခြေခံအချက်လေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ glass skin ရဖို့ လိုအပ်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဒီလို stay […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြပါတယ်။  ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် Aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-aloe-vera-for-sunburn/ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ ဆိုတော့ ၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။ Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့် ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။ ၂။ အဆီပိုတွေကို […]


အခြားအရေပြားပြဿနာများ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

Heel fissure လို့ခေါ်တဲ့ ခြေဖနောင့်အက်ကွဲ ခြင်းဟာ အသားအရေခြောက်သွေ့တာကြောင့် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီလိုမျိုး ခြောက်သွေ့ပြီးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ခြေဖနောင့်မှာ ဆဲလ်သေတွေစုပြီး အသားမာတက်လာခြင်း၊ နောက်ပိုင်းမှာ ခြေဖနောင့်အရေပြား အက်ကွဲလာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်း စတဲ့ ပြသနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် ခြေဖနောင့်အက်ကွဲ တဲ့ ပြဿနာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခြေဖနောင့်အက်ကွဲတဲ့ ပြဿနာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ခြေဖနောင့်အက်ကွဲ တာမျိုး မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ ၁။ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ကြမ်းပြင်တွေပေါ်မှာ ဖိနပ်မပါဘဲ လမ်းခဏခဏ လျှောက်တာကို ရှောင်ပါ။ ၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို အကာအကွယ်မပေးနိုင်တဲ့ ဖိနပ်မျိုးကို မစီးပါနဲ့။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ကျားမ မရွေး လူတိုင်း နီးပါးဟာ မိမိတို့ ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြ ပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီ အလိုက် ကွဲပြားမှု ရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ နဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။ ဆံပင် နဲ့ ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ကတော့ (၁) ဗောက်ထခြင်း ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသား ပြဿနာ တစ်ခု ဖြစ်ပြီး အာဟာရ ပြည့်ဝအောင် မစားခြင်း၊ ဦးရေပြား ပိုးဝင်ခြင်း နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။ ဘယ်လို ဖြေရှင်းမလဲ - အရည်အသွေး ကောင်းသော ဗောက်ပျောက် ခေါင်းလျှော်ရည်ဖြင့် […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

မျက်နှာလှပစေဖို့ Skin careနဲ့ မိတ်ကပ်တွေရဲ့ အကူအညီကို ကျွန်မတို့ယူကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝနေခြင်းဖြင့် အသားအရေကို ပိုမို Glow စေတယ်ဆိုတာကော သတိထားမိကြပါသလား။ အခုဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်ပြီး အသားအရေကို ကြည်လင်လှပစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော်။ သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ ။ သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါဆိုတော့ ဘာတွေ ဖြစ်မလဲ ကြည့်လိုက်တော့နော်။ (၁) ကီဝီသီး ဗီတာမင်စီကြွယ်ဝသော ကီဝီသီးကို နေ့စဉ်စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ အသားအရေဖြူစင်ကြည်လင်ခြင်း၊ အရေးကြောင်းတွေကို ကာကွယ်ခြင်း၊ အသားအရေအစိုဓာတ်ကို ထိန်းပေးခြင်းစတဲ့ အကျိူးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ အသားအရေအတွက် ကောင်းကျိူးပြုတဲ့ အာဟာရဓာတ်ပေါင်း ၆၀မီလီဂရမ်ပါဝင်ပါတယ်။ (၂) […]


အသားအရေနှင့် အလှအပ

အရေပြားကျန်းမာရေးနှင့် ရောဂါများ

အရေပြားကျန်းမာရေးနှင့် ရောဂါများ အကြောင်း မပြောခင်မှာ အရေပြားနဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်ပါတယ်။ အရေပြားဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားသည် ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။ အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားအရေလေးကို ကြင်နာပါ အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။  မဖြူရင်တောင် အသားအရေလေးက လှလိုက်တာ ညိုပေမဲ့စိုနေတာပဲ ဆိုတဲ့စကားမျိုး ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကို ဂရုစိုက်ပါ။ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောရတာက အသားအရေလှပြီး အလှတိုးစေဖို့ပဲ မဟုတ်ပါဘူး။ အရေပြားက ခန္ဓာကိုယ်ကို အပူချိန် ထိန်းညှိပေးတာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ  ဝင်ရောက်မလာအောင် တားဆီးပေးတာကအဆုံး အကုန်လုံးကို လုပ်ပေးနေလို့ပါ။ ဒီတော့ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောနေရတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခံတပ်ကို ကျန်းမာတောင့်တင်းအောင် စောင့်ရှောက်ဖို့ လိုတယ်လေ။ အသားအရေကို ပျက်စီးစေနိုင်တဲ့ အလေ့အထတွေ လုပ်မိနေသလား။ အသားအရေကို ထိခိုက်စေနိုင်တဲ့ အရာတွေက ဒုနဲ့ဒေးပါ။ နေ့စဉ် ထိတွေ့နေရတဲ့ ဖုန်မှုန့်တွေ၊ အခိုးအငွေ့တွေ၊ အညစ်အကြေးတွေကစလို့ စားသုံးမိတဲ့ အစားအသောက်နဲ့ အသုံးပြုမိတဲ့ အလှကုန်တွေစုံလို့ပေါ့။ အသားအရေကို […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ခုဆိုရင် တော်တော်များများ အပြင်ကို သိပ်မထွက်ကြတော့ဘူး။ အိမ်မှာပဲ နေရင်းနဲ့ ရောဂါပျောက်ကင်းမယ့် နေ့တွေ ထိုင်စောင့်နေရတယ်။ ဒီတော့ အိမ်မှာနေရင်း အိမ်အလုပ်လုပ်တဲ့သူကလုပ်၊ ရုံးအလုပ်လုပ်တဲ့သူကလုပ်နဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးလို့ ရတာပေါ့။ အရင်တစ်ခေါက်က ကိုယ့်အိမ်မှာနေရင်း အသားအရေကို ထိန်းသိမ်းလို့ရမယ့် နည်းလမ်းတွေ ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ နှုတ်ခမ်းသား အလှအပအတွက် ဘယ်လိုပြန်ဂရုစိုက်လို့ ရမလဲဆိုတဲ့ အချက်လေးတွေကို ပြန်ပြီး ဝေမျှပေးချင်ပါတယ်။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ရော၊ Skin Care လုပ်ဖို့အတွက် အလုပ်ရှုပ်မခံချင်၊ အချိန်ကုန်မခံချင်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို စလိုက်ကြရအောင်။ ၁။ ရေများများ သောက်ပေးပါ။ ရေဓာတ်ဟာ အရေပြားအတွက်သာမက နှုတ်ခမ်းသားကိုပါ စိုပြေတောက်ပစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းဆိုတာလည်း အရေပြားတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ ဒါဆို ခုလိုမျိုး အိမ်မှာနေရင်း ဘယ်မှမသွားရတဲ့အချိန်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့  အပေါ်ယံ လက္ခဏာတစ်ခုပါ။ နေလောင်ခံ ရတာ စိတ်ပူစရာလိုလား။ နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ မွဲခြောက်လာမယ် အိုမင်းရင့်ရော်လာမယ် ကြမ်းတမ်းလာမယ် အကြေးခွံတွေ ထလာမယ် အရောင်မှိန်လာမယ် အရေးအကြောင်းတွေ ထင်လာမယ် ပျက်စီးဖို့ လွယ်ကူလာမှာပါ။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံ အသားအရေ ကုသတဲ့နေရာမှာ အသုံးများတာလဲ။ ရှားစောင်းလက်ပပ်ကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း