တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။