အနာကြီးရောဂါ (lepros) ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း စတဲ့နေရာတွေက အာရုံကြောတွေကို ဦးစွာထိခိုက်နိုင်ပါတယ်။ အရေပြားမှာ အနာဖြစ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ကြွက်သားများအားနည်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။