ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။ ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။ ဒီကနေ့ခေတ် ခေတ်မီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ၊ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။ နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး ခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမယ့် မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris […]


သားဆက်ခြားခြင်း

ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား

ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား ...... သေချာသိရှိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား သန္ဓေတား နည်းလမ်းတွေထဲမှာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲ ပစ္စည်းထည့်တာ၊ လက်မောင်းအောက် ပစ္စည်းထည့်တာ စသဖြင့် အမျိုးစုံရှိပေမယ့် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဆိုရင် သောက်ဆေး သောက်တာတစ်မျိုးပဲ ရှိပါတယ်။ ကျန်တာတွေက ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ဝန်ထမ်းရဲ့ အကူအညီရဲ့ လုပ်ရတာတွေပါပဲ။ ခုဆိုရင်တော့ နောက်ထပ် ကိုယ့်ဟာကိုယ် လုပ်လို့ရပြီး အလွယ်တကူသန္ဓေတားနိုင်တဲ့ နည်းလမ်းတစ်ခုပေါ်လာပါပြီ။ ဒါကို DMPA-SC လို့ ခေါ်ပါတယ်။ DMPA-SC ဆိုတာ DMPA-SCဆိုတာ depot medroxyprogesterone acetate - subcutaneous injectionပါ။ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေးပါ။ အများသိထားကြတဲ့ သုံးလခံထိုးဆေး depoနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဆေးပမာဏရယ်၊ ထိုးရတဲ့ နည်းလမ်းရယ်ပဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ တချို့စုံတွဲတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မရည်ရွယ်ပါဘဲနဲ့ အကြာကြီး အတူမနေဖြစ်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ .....  ကောင်းတာတွေလား ဆိုးတာတွေလား။ အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း

သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီး တော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာ တစ်ခုပေါ့။ တကယ်တော့ သက်ပိုးဟာ သုက်ရည် အတွင်းမှာ ပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ ဘယ်လို အခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။ သုက်ရည်ကို ဘယ်လို ဖွဲ့စည်းထားသလဲ အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ

လူရယ်လိုဖြစ်လာရင် ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို လိင်မှုကိစ္စတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။ လိင်ကိစ္စဟာ လူ့သက်တမ်းတစ်လျှောက်လုံးမှာ အချိန်တော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဒီလိုပါဝင်ပတ်သက်နေရတဲ့အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရောဂါကူးစက်ခံရမှုအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။ ဒါကိုတော့ လိင်မှတဆင့် ရောဂါပိုးကူးစက်ခြင်း (Sexually-transmitted Infections - STIs) ဒါမှမဟုတ် လိင်မှတင်ဆင့်ကူးစက်တတ်သောရောဂါတွေ (Sexually-transmitted Diseases – STDs) လို့ ခေါ်ပါတယ်။ လူတိုင်းဟာ လိင်မှုကိစ္စအကြောင်းကို သိနားလည်ထားဖို့ လိုအပ်သလို ဒီရောဂါတွေအကြောင်းကိုလည်း မဖြစ်မနေ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ STDs ရောဂါတွေဟာ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ရောဂါတွေဖြစ်ကြပြီး ကူးစက်နိုင်ခြေလည်း မြင့်မားလွန်းတဲ့ ရောဂါတွေဖြစ်နေတာကြောင့်ပါပဲ။ STDs ဆိုတာက လိင်ဆက်ဆံခြင်းကနေတဆင့် အများဆုံးကူးစက်နိုင်တဲ့ ကူးစက်ရောဂါအမျိုးအစားတွေကို ဆိုလိုတာပါ။ STDs အမျိုးအစား ၂၀ ကျော်ရှိပြီးတော့ အဖြစ်များတာတွေကတော့ […]


သားဆက်ခြားခြင်း

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

အမျိုးသမီးတို့အနေနဲ့ သန္ဓေတားရာမှာ ဆေးကတ်တွေသောက်ခြင်း၊ သုံးလထိုးဆေး ထိုးခြင်း၊ သားအိမ်အတွင်း သန္ဓေတား ပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်းပစ္စည်းထည့်ခြင်း နဲ့ သားကြောဖြတ်ခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မိမိနဲ့ကိုက်ညီမယ့် သားဆက်ခြားနည်းလမ်းကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ကာ ရွေးချယ်သုံးကြပါတယ်။ အထက်ပါနည်းလမ်းတွေအပြင် လူသိနည်းပြီး ဆေးဝါးအကူအညီမပါဝင်တဲ့ သဘာဝ သန္ဓေတားနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ အကြောင်း ထဲမှာမှ ပထမဦးစွာ ဥကြွေချိန်နဲ့ ပတ်သက်တဲ့ ရက်ရှောင်နည်းလမ်းတွေကို‌ ဖော်ပြပေးပါမယ်။ အမျိုးသမီးတွေဟာ ရာသီသွေးမပေါ်ခင် (၇) ရက်နဲ့ ရာသီစလာချိန် ကစလို့ (၇) ရက်မှာ သန္ဓေမအောင်နိုင်ဘူးလို့ ယေဘုယျ သတ်မှတ်ပါတယ်။ ဒါက အကြမ်းသတ်မှတ်တာဖြစ်ပြီး ရာသီစက်ဝန်းအလိုက် ပြောင်းလဲနိုင်ပါတယ်။ ၁။ ရက်ရှောင်နည်းများ (၁) စံရက်စွဲတွက်ချက်နည်းလမ်း ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာ ရက်ပေါင်း ၂၆ ရက် ကနေ ၃၂ ရက်အထိ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု

မြန်မြန်ပြီး တိုင်း ကောင်းတာမဟုတ်တဲ့ ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်း အပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။ ဘာလုပ်လုပ် မြန်မြန်ပြီးတိုင်း  ကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေက အဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေး ကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။ စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကို အပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေ မထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီး မပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကို ယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။ မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကို စားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ ဂင်ကိုရွက် (Ginkgo) ဂင်ကိုပင်က လွန်ခဲ့တဲ့ နှစ်ပေါင်း […]


ရေယုန်

လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန် ဖြစ်ဖူးသလား။ ဒါဆိုရင် လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။ လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။ လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက လိင်အင်္ဂါရေယုန် ဘယ်ကစဖြစ်တာလဲ။ လိင်အင်္ဂါရေယုန်က လိင်ကတဆင့် ကူးစက်တာများပါတယ်။ ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်က တံတွေး၊ မိန်းမကိုယ်အရည်၊ သုက်ရည်တွေထဲမှာ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်က အမြှေးပါးတွေ (ပါးစပ်၊ လိင်အင်္ဂါ)ကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အောင်းနေတတ်ပါတယ်။ ဆေးကုလည်း အပြင်က လက္ခဏာတွေပဲ သက်သာပါတယ်။ သူကတော့ ကိုယ်ထဲက (လိင်အင်္ဂါရေယုန်ဆို တင်ပဆုံထဲက) အာရုံကြောတွေမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ထွက်လာပါတယ်။ ရေယုန်ဗိုင်းရပ်စ်က နှစ်မျိုး နှစ်စားရှိပါတယ်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)