သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီးတော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာတစ်ခုပေါ့။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီးတော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာတစ်ခုပေါ့။
တကယ်တော့ သက်ပိုးဟာ သုက်ရည်အတွင်းမှာပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ ဘယ်လိုအခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။
ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။
အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ အဓိကလက်သည်ပါ။ သုက်ရည်ရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက သုက်ပိုးကောင်တွေနဲ့ အာဟာရဓါတ်တွေပါ။
ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် C ၊ ဗီတာင် B12၊ Ascorbic ၊ Acid ၊ Calcium ၊ Citric acid ၊ Fructose ၊ Lactic acid ၊ Magnesium ၊ Zinc ၊ Potassium ၊ Sodium ၊ Fat နဲ့ ပရိုတိန်းအမျိုးမျိုးပါဝင်နေပါတယ်။ ရေဓာတ် ၈၀% ပါဝင်တာမို့ ရေဓာတ်ကြွယ်ဝတယ်လို့လည်းဆိုနိုင်ပါတယ်။
သုက်ရည်ထွက်နှုန်းက ပုံမှန်မရှိပါဘူး။ ဒါပေမယ့် ၂ မီလီ လီတာနဲ့ ၅ မီလီ လီတာက ပုံမှန်ပမာဏဖြစ်ပြီးတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကျော်ကျော်နဲ့ ညီမျှပါတယ်။ အမျိုးသားတစ်ယောက် အများဆုံးထုတ်နိုင်တဲ့ သုက်ရည်ပမာဏက ၇.၆ မီလီ လီတာဖြစ်ပါတယ်။ ၁ မီလီ လီတာ ပမာဏရှိတဲ့ သုက်ရည်ထဲမှာ သက်ပိုး ၁၅ သန်းနဲ့ သန်း ၂၀၀ ကြား ပါဝင်နေတတ်ပါတယ်။
အသက်ကြီးရင့်လာတာနဲ့အမျှ အမျိုးသားတွေရဲ့ သုက်ပိုးထုတ်လုပ်နိုင်စွမ်းက ကျဆင်းလာတပါတယ်။ အသက် ၅၂ နှစ်ကျော်ရင် အမျိုးသားတွေရဲ့ သုက်ရည်အရည်အသွေးက ပုံမှန်မဟုတ်တော့ပါဘူး။ အရည်အသွေးအကောင်းဆုံး သုက်ရည်တွေကို အသက် ၂၀ ကျော်အရွယ်မှာ ထုတ်လုပ်ပေးနိုင်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။
တခါတလေမှာ အမျိုးသားတစ်ချို့ဟာ စိတ်ပါလွန်းပြီး မပြီးခင်မှာ သုက်ရည်စိမ့်ထွက် (Precum) တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုထွက်ရှိလာတဲ့ သုက်ရည်မှာ သုက်ပိုးပါဝင်မှု ပမာဏ အလွန်အမင်းနည်းပါးပါတယ်။ ဒီလိုထွက်ရှိလာတဲ့ သုက်ရည်ကြောင့် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးပါတယ်။
အနံ့ဆိုးထွက်နေတဲ့ သုက်ရည် ဒါမှမဟုတ် အရောင်ပြောင်းနေတဲ့ သုက်ရည်တွေဟာ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရတယ်ဆိုတဲ့ လက္ခဏာပါ။ အနံ့ ၄ မျိုးရှိတယ်လို့ ဆိုထားပါတယ်။
အမျိုးသမီးအင်္ဂါထဲကိုရောက်သွားတဲ့ သုက်ရည်ထဲမှာဆိုရင် သုက်ပိုးတွေဟာ ၅ ရက်အထိ ရှင်သန်နိုင်ကြပါတယ်။ သုက်ပိုးတွေဟာ ပြင်ပြမှာ မရှင်သန်နိုင်ကြပါဘူး။
သုက်ရည်ဓာတ်မတည့်မှုဆိုတဲ့ ရောဂါဟာ တကယ်ရှိပါတယ်။ Human Seminal Plasma Hypersensitivity (HSP) လို့ခေါ်ပြီး အမျိုးသမီးမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဟာ ရှားပါးပေမယ့် အလွန်ပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
ကနေဒါအခြေစိုက် အလှကုန်ပစ္စည်းကုမ္ပဏီ SkinScience Inc ဟာ သုက်ရည်ကိုအခြေခံထားတဲ့ အလှအပဆိုင်ရာ အလှကုန်တွေ ထုတ်လုပ်နေပါတယ်။ သုက်ရည်မှာပါဝင်တဲ့ Zinc နဲ့ ပရိုတိန်းတို့ဟာ အရေပြားအလှအပကို အထောက်အကူပြုပြီး ဝက်ခြံသက်သာစေဖို့ အထောက်အကူပြုတယ်လို့ လေ့လာချက်တစ်ချို့ကဆိုထားပါတယ်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။