ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ

မနက်ခင်းစောစောမှာ လိင်ဆက်ဆံ တာက ညပိုင်းတွေမှာဆက်ဆံတာထက်ပိုပြီး အကျိုးရှိတယ်ဆိုတာကို သင်သိပြီးပြီလား။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ ဆိုတာကို ဆက်ကြည့်လိုက်ပါဦးနော်။ လိင်ဆက်ဆံတာဟာ လူတိုင်းနဲ့ ကင်းကွာဖို့ မလွယ်တဲ့ကိစ္စတစ်ခုပါ။ မျိုးဆက်ပွားဖို့အတွက်ပဲဖြစ်ဖြစ်၊ စိတ်ကျေနပ်မှုအတွက်ပဲဖြစ်ဖြစ် လိင်ဆက်ဆံဖြစ်ကြတယ်မဟုတ်လား။ ဒီလိုဆက်ဆံကြရာမှာ အများစုကတော့ ညဘက်တွေမှာ ဆက်ဆံဖြစ်ကြတာများပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင်တော့ မနက်ခင်းပိုင်းမှာ လိင်ဆက်ဆံတာက ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ဆိုထားပါတယ်။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ အိပ်ရာက နိုးထခါစအချိန်တွေမှာ လိင်ဆက်ဆံဖြစ်တာက ခန္ဓာကိုယ်ထဲက အကျိုးဖြစ်ထွန်းစေတဲ့ ဟော်မုန်းတွေ၊ ဓာတုပစ္စည်းတွေကို ပိုမိုများပြားစွာထုတ်လုပ်စေနိုင်တာမို့ အကျိုးတွေအများကြီးဖြစ်စေပါတယ်။ မနက်ခင်းစောစောမှာ လိင်မှုကိစ္စပြုလုပ်တာဟာ တကယ်ကို မယုံကြည်နိုင်စရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ၉ ချက်တောင်မှာပါ။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ ဆိုတော့ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံးအချိန်ဖြစ်နေတာ သင့်ခန္ဓာကိုယ်က အိပ်ရာကနေ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

မလိုလားအပ်ဘဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓေတားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓေတားခြင်းဆိုင်ရာ ယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါပေမယ့်လည်း လူအများစုကတော့ ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။ တကယ်တော့ မှားယွင်းတဲ့ အသိတရားတွေကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်း နဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ ကတော့ မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ ရနိုင်ခြေ နည်းပေမယ့် ရာနှုန်းပြည့် စိတ်ချရတာတော့ မဟုတ်ပါဘူး။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။  မိမိရဲ့ အိမ်သူသက်ထား ဇနီးမယားနဲ့ ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာ မသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။ ဒါပေမဲ့ ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှုတစ်ခု အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ Gay၊ Lesbian စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရနိုင်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်စဉ်းစားစရာပါပဲ။  မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဆေးဝါးပါပဲ။ လိင်ဆက်ဆံမှုတစ်ခု ရဲ့ နောက်ကွယ်က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချလိုက်ပါ။ လိင်ဆက်ဆံမှုတစ်ခု ကနေတဆင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့ (၁) ကာကွယ်ဆေးထိုးပါ။ အထူးသဖြင့် အသည်းရောင်အသားဝါအေ ကာကွယ်ဆေး အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်ပိုးဟာ အစာလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ လိင်ကနေလည်း ကူးစက်ပါတယ်။ အထူးသဖြင့် စအိုနဲ့ ဆက်ဆံတဲ့အခါမှာပါ။ အသည်းရောင်အသားဝါအေ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် မထိုးကြသေးပေမယ့် ထိုးနိုင်ရင်ကောင်းပါတယ်။ သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့် ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း […]


HIV နှင့် AIDS ရောဂါ

HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ

ဒီနေ့အချိန်ထိ HIV ရောဂါပိုးကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပေမဲ့ ဗိုင်းရပ်စ်ပိုးပမာဏကို ထိန်းချုပ်ပေးတဲ့ ART ဆေးတွေမှန်မှန်သောက်သုံးပြီး သက်တမ်းစေ့နေနိုင်နေပါပြီ။ ဒီဆေးကို နေ့စဉ်မှန်မှန် သောက်သုံးခဲ့ရင် HIV ပိုးပမာဏက စစ်ဆေးလို့မရလောက်တဲ့ပမာဏအထိ လျော့နည်းသွားပြီး တခြားသူကိုရောဂါထပ်မကူးစက်အောင်တောင် ထိန်းချုပ်သွားနိုင်ပါတယ်။ ဒါ့ပြင် ဆေးသောက်စရာမလိုဘဲ HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ လည်း ထူးထူးခြားခြား ရှိနေပါသေးတယ်။ HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ ဆိုတာက ဆေးမသောက်ဘဲ တခြားသူကို ရောဂါထပ်မကူးစက်အောင် အလိုအလျောက်ထိန်းချုပ်သွားနိုင်တဲ့သူတွေကို ဆိုလိုတာပါ။ ဒီအခြေအနေထိ ရောက်သွားရင် ဒါကို HIV control ရတယ် (ထိန်းချုပ်နိုင်သွားတယ်) လို့ခေါ်ဆိုနိုင်ပါပြီ။ သိပ်မကြာသေးခင်က အမေရိကန်နိုင်ငံ၊ ရာဂွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ထူးခြားချက်တစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒီသုတေသနအရ တချို့သော HIV ပိုးကူးစက်ခံထားရသူဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်ဆက်ဆံတာဟာ မျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။ ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလို လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။ ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင် ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။ ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။ လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး Heart Attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ […]


HIV နှင့် AIDS ရောဂါ

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကောင်းတာက ဆရာကောင်း သမားကောင်း၊ ဆေးဝါးကောင်းတွေကြောင့် ခုချိန်ထိ ဟန်မပျက်နေနိုင်ခဲ့တာပါ။ ကလေးယူကြရအောင်လေလို့ သူစပြောတုန်းက စိတ်ထဲမှာ အတွေးတွေ ဆက်တိုက်ဝင်လာခဲ့တယ်။ ကျွန်မ ဘယ်လိုလူမျိုးဆိုတာ သူမသိတာလည်း မဟုတ်။ ဘာကြောင့်များ ဒီလိုပြောထွက်လေသလဲလို့တော့ စိတ်ခုမိပါသေးတယ်။ ကျွန်မက ကျွန်မအတွက် စိတ်ပူတာမဟုတ်ဘူး။ ဘာပူစရာရှိမှာလဲ။ ဒီဆေးတွေသောက်လာရတာ နှစ်တွေ နည်းတာမှမဟုတ်တာ။ ဒီလိုသောက်ခဲ့လို့လည်း ကျွန်မကိုယ်ထဲမှာ ပိုးတွေကို ထိန်းချုပ်နိုင်နေပြီး စက်က စစ်ဆေးလို့ မတွေ့နိုင်တဲ့ပမာဏကိုတောင် ရောက်နေပြီပဲ။ ကိုယ့်ဆီကနေလည်း တခြားသူဆီကိုလည်း မကူးနိုင်တော့ဘူး။ ဒါကြောင့်လည်း အမျိုးသားက ကလေးယူရအောင်လို့ ပြောတာနေမှာ။ ဒါပေမဲ့ ရလာမယ့်ကလေးအတွက် ကျွန်မ စိတ်မချဖြစ်မိပါတယ်။ ။ ဒီပိုးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော၊ […]


HIV နှင့် AIDS ရောဂါ

HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

ဟိုနားက စားပွဲနှစ်လုံးမှာ ဆီးချိုရှိတဲ့သူက တစ်ယောက်၊ ဟိုဘက်မှာ HIV ရှိတဲ့သူက တစ်ယောက်။ သင်ဘယ်သူနဲ့ ထိုင်မလဲ၊ မှန်မှန်ဖြေပါ။ ဆီးချိုရှိတဲ့သူဆီကို နည်းနည်းလေး အလေးသာချင်တယ်မလား။ ဒါထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘယ်လိုပဲ ခေတ်ကြီးက တိုးတက်လာလို့ အရင်လို ခွဲခြားဆက်ဆံတာတွေ မလုပ်တော့ပါဘူးပြောပြော အသံကြားရင် နည်းနည်းတော့ တွန့်ခနဲ ဖြစ်သွားတယ်မလား။ တကယ်တော့ ဆီးချိုနဲ့ HIVနဲ့ ဘာကွာလို့လဲ။ ဆီးချိုကရော ဒီတစ်သက်ပျောက်ဦးမှာလား။ မပျောက်လို့ပဲ နေ့တိုင်း အစားနဲ့၊ ဆေးနဲ့ ချိန်ချိန်ပြီး စားနေရတယ်ဟုတ်။ HIV ကရော။ HIV လည်း မပျောက်ပါဘူး။ မပျောက်ဘူးဆိုပေမယ့် ခုခေတ်ဆေးတွေက စွမ်းလွန်းလို့ ပိုးကောင်ရေကို စစ်ကြည့်ရင်တောင် တိုင်းမရတော့တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်တယ်တဲ့။ ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

ထူးခြားလိင်စိတ် (Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။ လိင်အင်္ဂါ သို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။ အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊ လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ […]


သားဆက်ခြားခြင်း

သားအိမ်ထဲပစ္စည်းထည့် ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။

သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ သားအိမ်ထဲကို ပစ္စည်းထည့်တာကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ ရေရှည်ခံတယ်၊ သန္ဓေတားနှုန်း မြင့်တယ်၊ ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းတန်းရနိုင်တယ်၊ ဟော်မုန်းမပါတာလည်း ရှိတဲ့အတွက် ဟော်မုန်းအပြောင်းအလဲဒဏ်လည်း ခံစရာမလိုဘူးဆိုတဲ့ အချက်ကြောင့် ရွေးချယ်လာကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း သားအိမ်ထဲပစ္စည်းထည့် ပြီးမှ လိင်ဆက်ဆံလို့ရပါ့မလားလို့ မေးလာကြတဲ့အခါ . . . . . သားအိမ်ထဲပစ္စည်းထည့် ထားရင် လိင်ဆက်ဆံလို့ ရသလား မရဘူးလား။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ သန္ဓေတားတယ်ဆိုတာ အတူနေလို့ ကိုယ်ဝန်မရအောင် တားတာဟုတ်။ ဒါဆို တားတဲ့ပစ္စည်းထည့်ပြီးရင်လည်း စိတ်ချလက်ချ အတူနေလို့ရရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလို့ ထည့်ထားဦးမလဲ။ ထည့်လည်း အတူမနေရ၊ မထည့်လည်း ကိုယ်ဝန်ရမှာကြောက်လို့ အတူမနေရဆိုရင်။ ဟုတ်တယ်ဟုတ်။ ဒီတော့ တစ်ခွန်းတည်းပြောရရင် အတူနေလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း