ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးတွေ မှာ အရသာပါနေတာ ဘာကြောင့်လဲ။

ငယ်ငယ်က စဉ်းစားဖူးတာရှိတယ်။ ကွန်ဒုံးတွေ က လိင်ဆက်ဆံရုံပဲ မဟုတ်လား။ ပြီးရင်လည်း လွှင့်ပစ်မှာပဲဟာကို။ ဘာကိစ္စ အရသာတွေနဲ့ ထုတ်နေရတာလဲလို့ပေါ့။ နောက်ပိုင်း ကွန်ဒုံးကြောငြာတွေကြည့်၊ စာတွေဖတ်ကြည့်တဲ့အခါကျမှ 'အော် ဒါကြောင့်ကိုး' လို့ သိသွားတာပါ။ စားလို့မရတဲ့ ကွန်ဒုံးတွေကို ဘာကြောင့် အရသာတွေ ထည့်ထားရတာလဲဆိုတာ အတူတူလေ့လာကြည့်ရအောင်။ အရသာပါဝင်တဲ့ ကွန်ဒုံးတွေ ကွန်ဒုံးကို လက်ရှိအချိန်မှာ အရသာ မျိုးစုံနဲ့ ထုတ်ထားတာများ မသိရင် ကွန်ဒုံးတန်းက ပီကေတန်းနဲ့ မှားစရာပါ။ သစ်သီးအရသာတွေ ဖြစ်တဲ့ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးကစလို့ ဗနီလာ၊ hot coffee၊ ချောကလက် စသဖြင့် အစားစား ထုတ်လာကြပါတယ်။ (ဘယ်တော့များ မာလာရှမ်းကောတို့၊ ပီဇာတို့ ထုတ်မလဲတို့ စောင့်ကြည့်ရအောင်) စျေးကွက်လိုအပ်ချက်အရ ကာစတန်မာတွေနဲ့ တောင်းဆိုချက်နဲ့အညီ အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကလည်း စိတ်ဝင်စားစရာပါပဲ။ ကွန်ဒုံးတွေမှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ

သုက်လွှတ်တာနဲ့ ပတ်သက်ပြီး သုက်လွှတ်မြန်တာကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ အတူနေတာမှ မကြာသေးဘူး သုက်ထိန်းမရဘဲ ထွက်သွားတယ်ပေါ့။ ခုပြောမှာကတော့ သူနဲ့ ပြောင်းပြန် သုက်လွှတ်ဖို့ကြာ နေတာပါ။ ကြာနေတာ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ ကြာနေတာကလည်း မကောင်းပါဘူး။ နောက်ပိုင်းကျရင် အတူနေတဲ့သူနဲ့ ပြဿနာတက်နိုင်ပါတယ်။ သုက်လွှတ်ဖို့ကြာ နေတယ်လို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ အမျိုးသားတစ်ယောက်က လိင်တံလည်း ထောင်မတ်တယ်။ လိင်စိတ်လည်း ရှိတယ်။ အတူလည်း နေနိုင်ပါလျက်နဲ့ သုက်လွှတ်ဖို့ ကြာနေရင် ဒါကို ဆေးပညာအရ delayed ejaculation လို့ ခေါ်ပါတယ်။ အချိန်သတ်မှတ်ချက်တော့ အတိအကျ မရှိပါဘူး။ အကြမ်းဖျင်းအားဖြင့် ထိုးသွင်းဆက်ဆံပြီး နာရီဝက်၊ ၄၅မိနစ်လောက်ကြာတဲ့အထိ မထွက်သေးဘူးဆိုရင်တော့ သုက်လွှတ်ဖို့ ကြာနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက သုက်မလွှတ်အောင် စိတ်နဲ့ ထိန်းထားတာမျိုး မဟုတ်ပါဘူး။ သူ့အလိုလိုကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတွေ ဘာလို့ ကွန်ဒုံးသုံး ဖို့ ငြင်းကြတာလဲ။

အိမ်ထောင်သည်တွေ ကိုယ်ဝန်တားမယ်ဆိုရင်လည်း အမျိုးသမီးတွေပဲ တားဆေးတွေ ထိုးလိုက်၊ သောက်လိုက် လုပ်လေ့ရှိသလို လက်မထပ်ရသေးဘဲ အတူနေတဲ့ အခါမှာလည်း ကိစ္စပြီးသွားတဲ့အခါမှာ အမျိုးသမီးတွေကပဲ အရေးပေါ် တားဆေး သောက်ရလေ့ ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်တားတာ၊  လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်တာက နှစ်ဦး နှစ်ယောက်လုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အမျိုးသားထုတွေကြားမှာ ကွန်ဒုံးသုံး တဲ့ အလေ့အထက နည်းနေတုန်းပါပဲ။ အမျိုးသားများ ကွန်ဒုံး မသုံးရတဲ့ အကြောင်းရင်း ဒါကြောင့် ဘာလို့ အမျိုးသားတွေရဲ့ ကွန်ဒုံးသုံး တဲ့ အလေ့အကျင့်နည်းနေရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါ အောက်ပါအချက်တွေကို တွေ့ရပါတယ်။ အလွှာခြားလို့ ဒါကတော့ ကွန်ဒုံး မသုံးရခြင်းရဲ့ ထိပ်တန်း အကြောင်းပြချက်ပါ။ ကွန်ဒုံးသုံးတာက လိင်စိတ်ခံစားမှု လျော့နည်းစေလိမ့်မယ်ဆိုတာကို ခုထက်ထိ ယုံကြည်နေကြဆဲပါပဲ။ ဒါပေမယ့် လက်တွေ့မှာ […]


သားဆက်ခြားခြင်း

Depo ရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ရနိုင်သလဲ။

မေ့တတ်တဲ့ သူတွေ၊ ဆေးသောက်ရတာကို အလုပ်ရှုပ်တယ်လို့ ယူဆတဲ့ သူတွေအတွက် ၃လခံတားဆေး Depo က လက်စွဲပါပဲ။ ၃လလောက်နေမှ တစ်ခါလောက် ဆေးထိုးပြီး လွတ်လွတ်လပ်လပ်နေလို့ရတဲ့အတွက် အလုပ်လုပ်တဲ့ အိမ်ထောင်သည်တွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ကလေးရဖို့ စောင့်ရတာပါ။ အလုပ်ရှုပ်သက်သာလို့ ဆေးထိုးချင်ပေမယ့် ကလေးပြန်ရဖို့ ကြာတဲ့အတွက် သုံးသင့် မသုံးသင့် စဉ်းစားစရာ ဖြစ်လာပါတယ်။ ဆေးခန်းမှာ အမေးများဆုံးကလည်း ဆေးရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ရမလဲဆိုတာပါ။ ဒါကို မပြောခင် Depo ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အရင်သိထားသင့်ပါတယ်။ https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/women-who-used-contraceptive-pill-more-likely-to-be-depressed/ Depo သုံးလခံတားဆေး သူ့နာမည်အပြည့်အစုံက Depo-Provera ပါ။ ပါတာက depot medroxyprogesterone acetate လို့ခေါ်တဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းပါ။ ဒီဟော်မုန်းက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း သဘာဝအတိုင်း ရှိပါတယ်။ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ရစေဖို့

လိင်ကိစ္စဆိုတာ လူတိုင်း သိချင်ကြပေမယ့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် ဖွင့်မပြောတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရရင်လည်း ရေငုံနှုတ်ပိတ်နေကြသလို၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ခံစားရရင်လည်း ဆေးကုသမှု ခံယူဖို့ လက်တွန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လိင်မှုဘဝ ဆိုတာ အများစု ကြုံတွေ့ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ဆိုတာ World Health Organization ရဲ့ အဆိုအရတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးမှာ အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်တာကို ဆိုလိုတာပါ။ ရောဂါကင်းစင်ရုံ၊ အိပ်ရာပေါ်မှာ စွမ်းနိုင်ရုံ၊ အိမ်ထောင်ပြုထားရုံနဲ့ ပျော်ရွှင်တဲ့ လိင်မှုဘဝရှိထားတယ်လို့ ပြောလို့မရပါဘူး။ လိင်မှုဘဝ ကျန်းမာရေးက ကိုယ်ရော စိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သဘာဝကိုက အဲ့ဒီအတိုင်း ဖြစ်နေတာပါ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ

ရာသီလာစဉ်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေက အတော်လေး သည်းခံရခက်သလို နေ့စဉ် လုပ်ငန်းတာဝန်တွေပေါ်မှာပါ ထိခိုက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီဝေဒနာကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေနဲ့ ကုသတာတွေ ရှိသလို အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာမျိုးလည်း ရှိပါတယ်။ အခုတစ်ခေါက်တော့ အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ ကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ......... အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့် နည်းလမ်းတစ်ခုက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (orgasm) ပါ။ ဒီခံစားမှုက သက်သောင့်သက်သာရှိတဲ့ ခံစားမှုကို ရရှိစေနိုင်ပါတယ်။ ရာသီလာနေချိန်မှာ အတူနေဖို့ကိစ္စကို အတော်များများက ရှောင်ကြပါတယ်။ ဒါပေမဲ့ အတူနေမှုကနေရရှိလာတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကလည်း ရာသီလာချိန်မှာ ကိုက်ခဲမှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ မတော်တဆ ကိုယ်ဝန်ရရှိနိုင်ခြေကို ကာကွယ်ဖို့အတွက် စိတ်ချရတဲ့ […]


သားဆက်ခြားခြင်း

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီဆိုရင် သားဆက်ခြား ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ သဘာဝဘေးအန္တရာယ်တွေ ပြီးသွားလို့ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်အတွင်းမှာတောင် ဆေးရုံဆေးခန်း သွားဖို့ မလွယ်တာကြောင့် မတော်တဆ ကိုယ်ဝန်ရလာခဲ့ရင် ဒီကိုယ်ဝန်ကို ကောင်းကောင်းစောင့်ရှောက်နိုင်မလားဆိုတာ မသေချာပါဘူး။ အထူးဂရုစိုက်ဖို့ လိုတဲ့ လနုချိန်မှာ ဒီကိုယ်ဝန်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် အမေရော ကလေးရော အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ကြုံနေရချိန်မှာ ကိုယ်ဝန်ယူဖို့ ခဏလောက် နောက်ဆုတ်ထားစေချင်ပါတယ်။ ဒီလို နောက်ဆုတ်ထားမယ်ဆိုရင် သားဆက်ခြားနည်းလမ်းတွေက အရေးပါလာပါပြီ။ တချို့ကလည်း နဂိုတည်းက ကိုယ်ဝန်မလိုချင်သေးလို့ သားဆက်ခြားပြီးသားတွေ ရှိပါတယ်။ သူတို့တွေရော သဘာဝဘေးကာလမှာ ဘယ်လိုဆက်ပြီး သားဆက်ခြားမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သားဆက်ခြား နည်းရွေးချယ်ကြမယ် လူသုံးများတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ ဒါတွေကို ဘယ်လို ဆက်လုပ်သင့်လဲဆိုတာ အကြံပေးရရင် တားဆေးကတ် ဟော်မုန်းပါ သောက်ဆေးကတ်တွေပါ။ ဟော်မုန်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မှုရေးရာကိစ္စတွေမှာ စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘာလို့ အိပ်ရာပေါ်က ကိစ္စကို အလေးအနက်ထားတိုက်တွန်းနေကြတာလဲဆိုရင် လိင်မှုကိစ္စဟာ သင့်ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတာကြောင့်ပါ။ ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို မပိုင်ဆိုင်ဘူးဆိုရင် သင့်အတွက် ထိခိုက်နစ်နာစရာတွေ များလှတယ်ဆိုတာကို မမေ့ပါနဲ့နော်။ လိင်ဆက်ဆံတာပဲ ပြီးမြောက်မှုက အဓိကပဲပေါ့လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ လိင်မှုရေးရာ နှီးနှောမှုတွေဟာ ဒီထက်ပိုပါတယ်။ စိတ်ခံစားချက်ကောင်းမွန်စွာနဲ့ ပြီးမြောက်နိုင်မယ်ဆိုရင် Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းတွေ အမြောက်အများထွက်ရှိလာမှာဖြစ်ပြီးတော့ ဒီဟော်မုန်းတွေက နှလုံးရောဂါကို ကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျစေတာ၊ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတာလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါကြောင့် ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ဖန်တီးထားနိုင်သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာတဲ့ အကျိုးကျေးဇူးတွေအပြင် လက်တွဲဖော်၊ ဆက်ဆံဖော်ရဲ့ မေတ္တာကိုလည်း ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်မှာပေါ့။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ချစ်မှုရေးရာ လိင်ဆက်ဆံမှုကိစ္စရပ်တွေက အမြဲတမ်းသာယာချမ်းမြေ့မှုကိုချည်းပေးတာတော့မဟုတ်ပါဘူး။ အချစ်ကပေးတဲ့ဒါဏ်ရာ ဒါမှမဟုတ် ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ ဆိုပါတော့။ အချစ်ကပေးတဲ့ဒါဏ်ရာ လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ တချို့ဝေဒနာတွေကဆိုးရွားပြင်းထန်ပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်စေတဲ့ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေတာကို သိနားလည်ထားဖို့တော့လိုအပ်ပါလိ့မယ်။ ပုံမှန်အားဖြင့်တော့ ချစ်တင်းနှောတယ်ဆိုတာက လူနှစ်ဦးအကြား စိတ်ကျေနပ်သာယာစေဖို့ပါ။ တခါတလေမှာတော့ ဆန်းဆန်းပြားပြား ဆက်ဆံတာမျိုးတွေ၊ ဒါမှမဟုတ် တခြားသော မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတွေကြောင့် နာကျင်မှုဝေဒနာတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေ၊ ကျန်းမာရေးထိခိုက်စေတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်ဆက်ဆံနေချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ထိခိုက်ဒါဏ်ရာတွေအကြောင်းကို ပြောပြပေးသွားပါမယ်။ အချစ်ကပေးတဲ့ဒါဏ်ရာ များ ၁။ မျက်ရည်ကျအောင် နာကျင်ခြင်း မိန်းမကိုယ် ဒါမှဟုတ် စအိုဝကို ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာမျိုး၊ လိင်အင်္ဂါမဟုတ်တဲ့ အရာဝတ္ထု သို့ Toy နဲ့ ဆက်ဆံမိတာမျိုးတွေကြောင့် ပြင်းထန်စွာနာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ချောဆီအသုံးပြုဖို့ လိုအပ်ပါတယ်။ ၂။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်တင်းမနှောခင် စားစေချင်

လိင်ဆက်ဆံချိန်မှာ အင်အားပြည့်ဖြိုးပြီး စွမ်းဆောင်ရည်ကောင်းစေမယ့် အစားအစာတွေနဲ့ ဆေးဝါးတွေကို လူတွေရှာဖွေလာခဲ့တာ ထောင်စုနှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပါပြီ။ ဒါကြောင့်  ချစ်တင်းမနှောခင် မှာ သင့်လျော်တဲ့ အစားအစာတွေကို အစားအစာတွေ မှီဝဲပေးနိုင်ရင် အကောင်းဆုံးပေါ့။ ချစ်တင်းမနှောခင် အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းဖို့ စိတ်ကျေနပ်မှုကောင်းဖို့ လိုသလိုပြီးမြောက်နိုင်ဖို့အတွက် ဆေးမြီးတိုတွေ ဓာတ်စာတွေကို အမျိုးမျိုးအသုံးချခဲ့ကြပါတယ်။ အဆင်ပြေတာလည်းရှိသလို ချင်း(ဂျင်း)တွေလည်း ပါနေတယ်မဟုတ်လား။ တကယ်တော့ လူသားတွေရဲ့ လိင်ဆက်ဆံခြင်းအမှုမှာ အကောင်းဆုံး စွမ်းအားတွေကို ပေးအပ်နိုင်တဲ့အရာတွေက သဘာဝတရားက ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။ ဘယ်ဆေးတွေ၊ ဘယ်လိုဓာတ်စာတွေ ကောင်းတယ်ဆိုဆို သဘာဝတရားက ဖန်တီးပေးထားတဲ့အရာတွေထက်တော့ ပိုသာပြီး မကောင်းနိုင်ပါဘူး။ တကယ်လို့သင်က ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ချင်နေတယ်၊ ပိုပြီးကျေနပ်ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခုဖော်ပြပေးမယ့် အစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုဖော်ပြပေးမယ့် အစားအစာတွေက သင့်ရဲ့ ချစ်တင်းနှောနိုင်စွမ်းကို သိသိသာသာပြောင်းလဲသွားစေပါလိမ့်မယ်။   ချစ်တင်းမနှောခင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)