ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း

ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။ သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏ အသက် အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။ ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။ ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း လတ်တလောကိုယ်ဝန်ရှိသူ သုံးစွဲရန်မလို။ ရောဂါမကူးစက်ရန် ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။ နို့တိုက်မိခင် ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျ ဘယ်ကစ

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျရောဂါကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခုခံအားကျရောဂါကိုတော့ လူတိုင်းကြားဖူးကြမှာပါ၊ ဒီနေ့အချိန်ထိ ပျောက်ကင်းအောင်ကုသဖို့ဆေးရော ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးပါ မပေါ်သေးတဲ့ ကြောက်စရာရောဂါဟာ ဘယ်ကနေ ဘယ်လိုစတင်ပေါ်ပေါက်လာသလဲဆိုတာ Hellosayarwon စာဖတ်ပရိတ်သတ်တို့အတွက် ဗဟုသုတရအောင် နည်းနည်းလောက်ပြောပြချင်ပါတယ်။ ခုခံအားကျရောဂါကိုတော့ အင်္ဂလိပ်လို AIDS၊ အရှည်ကောက်ဆို Acquired Immune Deficiency Syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါဖြစ်ရတာကတော့ HIV (Human Immunodeficiency Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒါကြောင့် ရှင်းရှင်းပြောရရင် HIV ဆိုတာ AIDS ရောဂါဖြစ်စေတဲ့ပိုးဖြစ်ပြီး AIDS ဆိုတာက ရောဂါနာမည်ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ လူသားသန်းပေါင်း ၅၀ နီးပါးကို သေဆုံးစေခဲ့တဲ့ ဒီ HIV ရောဂါပိုးကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၅၉ ခုနှစ်၊ အာဖရိကတိုက်က ကွန်ဂိုသမ္မတနိုင်ငံမှာဖြစ်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

လူ အတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေ ရှိတတ်ပါတယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း လိင်ဆက်ဆံ နေမိရဲ့လား၊ ကိုယ့် လိင်စိတ်ဟာ အရမ်း နည်းနေသလား၊ အရမ်း များနေသလား စသဖြင့် အစုံ တွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ် ...... တကယ်တော့ ဒါတွေ အားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိ နဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေတာမို့လို့ မိမိတို့ နှစ်ဦးစလုံး အဆင်ပြေနေသရွေ့ ဘယ်ရွေ့ ဘယ်မျှ ပမာဏ လိင်ဆက်ဆံတယ် ဆိုတာ ထည့်သွင်းစဉ်းစားနေစရာ အကြောင်း တစ်ခု မဟုတ်ပါဘူး။ အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦး နဲ့ တစ်ဦးဟာ လိင်စိတ်လိုအင်၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား

လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း (Testosterone) အပြင် သုက်ကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သော အမျိုးသားတွေအနေနဲ့ ဝှေးစေ့ အရွယ်အစား သေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း လေ့လာလိုက်ရအောင်နော်။ ဝှေးစေ့အနေအထား အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်ဘက်တစ်လုံး၊ ညာဘက်တစ်လုံး အနေနဲ့ တည်ရှိပါတယ်။ ပုံမှန်အားဖြင့် ဘယ်ဘက် ဝှေးစေ့သည် အောက်ကို ပိုတွဲကျနေတတ်ပြီး ညာဘက် ဝှေးစေ့က အပေါ်နား နည်းနည်းရောက်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံးရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။ ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။ ၁။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် စစ်ဆေးမယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အိပ်ဂျ်အိုင်ဗီပိုး၊ ကာလသားရောဂါ စသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။ ၂။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်။ (က)အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ

ယနေ့ခေတ်မှာ HIV ဆိုတဲ့ စကားလုံးက လူငယ်၊ လူကြီးမရွေး ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက အခုထိ HIV နဲ့ AIDS ရဲ့ ကွာခြားပုံတွေ၊ HIV ပိုးရဲ့ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ၊ ရောဂါပိုးကရော ဘယ်လိုကူးစက်လဲ စတာတွေနဲ့ ပတ်သက်ပြီး သေချာသိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒီဆောင်းပါးမှာ HIV ပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓါအတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ HIV ပိုးဟာ ဘာတွေကို အရင်ဆုံးတိုက်ခိုက်လဲ။ အခြေခံသဘောတရားအရ HIV ပိုး ကိုယ်ခန္ဓါထဲ ဝင်ရောက်လာတဲ့အခါ ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ CD4+ ဆဲလ်တွေကို တိုက်ဖျက်ပါတယ်။ ဒီဆဲလ်တွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ဟာ ကျဆင်းပြီး တခြားရောဂါပေါင်းစုံ ဝင်လာဖို့ တံခါးဖွင့်လိုက်သလို ဖြစ်သွားပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ၊ လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

Hello ဆရာဝန် ပရိတ်သတ်တွေထဲက လိင်တူချင်းဆက်ဆံမိလို့ HIV ကူးစက်ခံရပြီလားလို့ လာမေးကြတဲ့ အမျိုးသားတွေ အရမ်းများလာတာကို သတိထားမိတယ်ခင်ဗျ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရင်ဆုံးသိထားရမှာက HIV ပိုးသည် လိင်တူဆက်ဆံတာတင်မကဘဲ လိင်ကွဲဆက်ဆံတာနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုဘဲ လိင်ဆက်ဆံလို့ပါ။ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတော့ - ၁။ စအိုဖြင့် လိင်ဆက်ဆံခြင်း အမျိုးသားချင်း လိင်ဆက်ဆံတဲ့အခါ စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကတော့ အမြဲတမ်းလိုလို ပါတတ်ပါတယ်။ မိန်းမကိုယ်နဲ့ မတူဘဲ စအိုအတွင်းက နံရံတွေက သဘာဝချောဆီထွက်တာမျိုးလည်း မရှိသလို ပွန်းပဲ့ထိခိုက်ဖို့ […]


လိင်အင်္ဂါကြွက်နို့များ

သိထားသင့်တဲ့ HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ရှိ မျိုးစိတ်ကွဲတွေ။

HPV (Human papillomavirus) ဗိုင်းရပ်စပ်ကို လူတိုင်းကြားဖူးကြမှာပါ။ သားအိမ်ခေါင်းကင်ဆာနဲ့ ကြွက်နို့တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စပ်ပိုးတစ်မျိုးဖြစ်ပြီး လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ဒါပေမယ့် ဒီ ဗိုင်းရပ်ပိုးကိုယ်ထဲမှာ ရှိနေတိုင်း သားအိမ်ခေါင်းကင်ဆာတွေ ကြွက်နို့တွေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဗိုင်းရပ်စပ်ပိုးမှာ မျိုးစိတ်ကွဲတွေအများကြီးရှိလို့ပါ။ မျိုးစိတ်ကွဲမတူတဲ့အပေါ်လိုက်ပြီး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒီတော့ မျိုးစိတ်ကွဲ ၁၀၀ ကျော်ရှိတဲ့အထိကမှ အရေးကြီးတဲ့ လူတိုင်းသိထားသင့်တဲ့ HPV ဗိုင်းရပ်စပ်မျိုးစိတ်ကွဲတွေ အကြောင်း ပြောပြပေးတော့မှာပါ။ လူတိုင်းသိထားသင့်တဲ့ အရေးကြီး HPV ဗိုင်းရပ်စ် မျိုးစိတ်ကွဲ များ ။။ HPV ဗိုင်းရပ်စ်မျိုးစိတ်တွေထဲမှ တချို့ဆိုကုသမှု ခံယူဖို့မလိုဘဲ ခုခံအားက တိုက်ထုတ်ပေးသွားမှာဖြစ်ပြီး တချို့ မျိုးစိတ်တွေကျတော့ ကုသမှု မခံယူရင် ကင်ဆာ ရောဂါဖြစ်သွားစေတဲ့အထိတောင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

ကိုယ့်ချစ်သူနဲ့တွဲလာတာ ရက်ပေါင်း ၃၀ မကလို့ နှစ်ပေါင်း ၃၀ ပဲဖြစ်နေပါစေ၊ ချစ်ခြင်းမေတ္တာနဲ့ ကာမကိစ္စမှာ ရိုးမသွားဖို့ဆိုတာ အရေးကြီးပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးသံယောဇဉ်တွယ်ကာ နားလည်မှု၊ ချစ်ခြင်းမေတ္တာ ပိုပေးနိုင်သလို ဘဝမှာလည်း အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့တော့ ချစ်ကာစအချိန်မှာ စုံတွဲတွေက လိင်ဆက်ဆံဖို့အတွက်ကို အချိန်ပေးသလောက် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ဒီလိင်စိတ်ဆန္ဒတွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းရမှာကတော့ စုံတွဲနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီတော့ အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ က ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ ဒီနေ့ဆောင်းပါးမှာတော့ အိမ်ထောင်ပြုကတည်းက ကာမသုခ အပြည့်အဝမရဘူးဆိုတဲ့ စုံတွဲတွေ၊ ညားကာစမှာတော့ အကောင်း အချိန်ကြာလာတော့မှ တစ်ယောက်အပေါ် တစ်ယောက်စိတ်မပါတော့သလို ဖြစ်နေတယ်ဆိုတဲ့ စုံတွဲတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လိင်ကျန်းမာရေး ဗဟုသုတတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း