- ဝှေးစေ့က ပုံမှန်ထက်သေးငယ်နေခြင်း
- ရင်သားဆူထွက်လာခြင်း
- မျက်နှာ၊ ကိုယ်ခန္ဓာမှာ အမွေးအမျှင်နည်းခြင်း
- ဝှေးစေ့ တစ်လုံးက ကပ္ပာယ်အိတ်အတွင်း ဆင်းမလာခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
ကျားဟော်မုန်းနည်းခြင်းကြောင့်လည်း သုက်ပိုးတွေရဲ့ ကူးခတ်နိုင်စွမ်းဟာ ကျဆင်းနိုင်ပြီး ကိုယ်ဝန်ရနိုင်ဖို့ အနည်းငယ် ခက်ခဲကြန့်ကြာနိုင်ပါတယ်။ ဒီပြဿနာကို ကျားဟော်မုန်း အစားထိုးကုထုံးဖြင့် ကုသမှုခံယူပြီး ပုံမှန်အခြေအနေရောက်အောင် ပြန်လည်လုပ်ယူလို့ရပါတယ်။
ဝှေးစေ့ရဲ့ ကြီးထွားနှုန်း
မွေးဖွားလာချိန်မှာ ယောက်ျားလေးတစ်ယောက်ရဲ့ ဝှေးစေ့သည် ပဲကြီးစေ့ထက်သေးတဲ့ ပမာဏ (၁ကုဗစင်တီမီတာ အရွယ်အစား) သာ ရှိပါတယ်။ အသက် ၈ နှစ်အရွယ်မှာ ဖြည်းဖြည်းချင်းစကြီးလာပြီး လူပျိုဖြစ်ပြီးနောက်ပိုင်းကနေ အသက် ၁၈ နှစ်အထိအတွင်းမှာ ကွမ်းသီးလုံးအရွယ်အစားခန့် ကြီးလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ညာဘက်အလုံးက ကြီးထွားနှုန်းပိုများပြီး ဘယ်ဘက် ဝှေးစေ့နဲ့ ယှဉ်လိုက်ရင် အနည်းငယ်ပိုကြီးနေတတ်ပါတယ်။
ဝှေးစေ့ ကျုံ့ဝင်သွားနိုင်လား။
အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းပမာဏ ဖြည်းဖြည်းချင်းကျဆင်းလာပြီး ဝှေးစေ့ရဲ့ အရွယ်အစားပါ ကျုံ့ဝင်သွားနိုင်ပါတယ်။ ဒါပေမယ့် သိသိသာသာ ပြောင်းလဲသွားတာမျိုးတော့ တွေ့ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ရေချိုးပြီးချိန်၊ ရာသီဥတုအပြောင်းအလဲဖြစ်ချိန် (အထူးသဖြင့် အေးတဲ့ရာသီတွေမှာ) ကပ္ပာယ်အိတ်က အောက်ကိုတွဲကျခြင်းမရှိဘဲ ကျုံ့ဝင်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခြေအနေကတော့ တစ်ခဏတာဖြစ်ပြီး ပုံမှန်အပူချိန်ပြန်ရောက်တာနဲ့ ဝှေးစေ့က ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ။
စိတ်ပူစရာအနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ ဂနိုရောဂါ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ဝှေးစေ့ အတွင်းသို့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ရောဂါဖြစ်ခြင်း၊ မာကျောတဲ့အရာဝတ္ထုတစ်ခုခုနဲ့ ထိခိုက်မိခြင်းကြောင့် ဝှေးစေ့ကျုံ့ဝင်သွားနိုင်ပါတယ်။ ဒီအခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ကိုယ့်ရဲ့ ဝှေးစေ့ကို ကိုင်တွယ်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အလုံးတွေ စမ်းမိတယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာပြသပြီး ဓာတ်မှန်ရိုက်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ ရောဂါဆိုတာ စောစောသိလေ ဆရာဝန်အတွက်လည်း ကုသရတာပိုလွယ်သလို လူနာအနေနဲ့လည်း ဝေဒနာခံစားရတာ ပိုသက်သာနိုင်ပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ဝှေးစေ့သည်လည်း လိင်အင်္ဂါအရွယ်အစားလိုပဲ အဓိက အရမ်းကျတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်မယ်၊ နေ့စဉ်စားသောက်နေတဲ့ အစာအာဟာရကို ဆင်ခြင်ပြောင်းလဲမယ်၊ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သေချာသိလိုတယ်ဆိုရင် ခင်ပွန်းရော၊ ဇနီးသည်ပါ ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုမျိုးလုပ်ကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။