ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။ ( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။ ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။ ( […]


လိင်အင်္ဂါကြွက်နို့များ

HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။

Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ပိုးအကြောင်းကြားဖူးမှာပါ။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဒီ HPV ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာရဲ့ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ အရေပြားတွေပေါ်မှာ အများဆုံး ရှိနေတတ်ပါတယ်။ လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တတ်ပြီး သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့အဓိက တရားခံပါ။ ဒါကတော့ ဖြစ်တဲ့သူမရှားတဲ့ HPV ဗိုင်းရပ်အကြောင်း အကျဉ်းချုံ့လေးဖြစ်ပြီးဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက ခုမှလာမှာပါ။ ဒါကတော့ HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတာပါ။ HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတော့ HPV ဗိုင်းရပ်စ်ပိုးဟာ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်နိုင်လား။ သူတို့ နှစ်ခုကြား ဆက်စပ်မှုရော ရှိလား။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

မျိုးပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက လူတွေဆီမှာ ဗဟုသုတ တော်တော်နည်းလွန်းပါတယ်။ သူများနိုင်ငံတွေမှာလို ဆယ်ကျော်သက်အရွယ်မှာ လိင်ကျန်းမာရေးနဲ့ မျိုးပွားကျန်းမာရေးအကြောင်း ကျောင်းတွေ၊ မိဘဆွေမျိုးတွေက မသင်ပေးကြတာကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေသိထားကြတဲ့ အလွဲတွေကို ဖြေရှင်းပေးဖို့ ဒီနေ့မှာ သုက်ပိုးတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကဲ .... သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး တွေကတော့ ၁။ သုက်ပိုးက မမျိုးဥဆီကို တည့်တည့်သွားတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ သုက်ပိုးဟာ မမျိုးဥဆီသို့ လျင်မြန်စွာကူးခတ်သွားနိုင်ပြီး မျိုးအောင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထင်ထားသလိုမျိုး မိန်းမကိုယ်အတွင်း သုက်လွှတ်ပြီးတာနဲ့ သူ့လမ်းကြောင်းအတိုင်း မမျိုးဥဆီသို့ အတည့်သွားတာမဟုတ်ဘဲ များသောအားဖြင့် ကွေ့ကောက်ပြီးသွားတတ်ကြပါတယ်။ မကျန်းမာတဲ့ သုက်ပိုးတွေဆိုရင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

လူရယ်လို့ဖြစ်လာပြီဆိုရင် လိင်မှုကိစ္စဆိုတာ ကြုံရနိုင်ပါတယ်။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ကဲ .... ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ။ ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ၁။ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ သန့်စင်ပေးပါ။ ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ရေများများနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ

လိင်အပျော်အပါးလိုက်စားတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုတာ စတာတွေကြောင့် STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အလွယ်တကူကုသလို့ရတဲ့ ရောဂါတွေရှိတဲ့တိုင်အောင် HIV လိုမျိုး ရောဂါပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ မပြန့်ပွားအောင်သာ ထိန်းပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားတွေ သိထားဖို့ လိုမယ့် အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ ကတော့ ၁။ ခလက်မီးဒီးယားရောဂါ (Chlamydia) ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်းသို့ အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံစဉ် ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာ အလွယ်တကူမပြတာကြောင့် ကိုယ့်မှာပိုးရှိနေမှန်း မသိတာမျိုးတွေလည်း ရှိပါတယ်။ ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဆီးသွားစဉ်နာကျင်ခြင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ် နာကျင်တာမျိုးတွေက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဆိုပေမယ့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်တာမျိုးတွေကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့ဒီလို အတူနေချိန် ဗိုက်အောင့်တတ်တဲ့သူတွေရှိကြပါတယ်။ ဘာ့ကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောက်ပိုင်း အောင့်တာတွေဖြစ်ရတာလဲ ။ ။ အနေအထားမမှန်တာကြောင့်ပါ။ လိင်ဆက်ဆံတဲ့အချိန် တချို့ ဆက်ဆံတဲ့အနေအထားတွေက မိန်းမကိုယ်ထဲ လိင်တံပိုဝင်သွားစေတဲ့အတွက်ကြောင့် ဗိုက်အောင့်တာမျိုးတွေပိုဖြစ်စေတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာဆိုရင်တော့ နောက်တစ်မျိုး ဆက်ဆံတဲ့ ပုံစံကို ပြောင်းလိုက်သင့်ပါတယ်။ အထူးသဖြင့် အပေါ်ကနေပြီး ဆက်ဆံတဲ့အခါမျိုးမှာ အောင့်တာတွေပေါ့ ။ သားအိမ်စောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းနဲ့ယှဉ်လိုက်ရင် သားအိမ်က ရှေ့ကို အနည်းငယ်ရောက်နေရမှာပါ။ ဒါပေမယ့် နောက်ဘက်ကို သားအိမ်က ရောက်နေပြီဆိုရင်တော့ သားအိမ်စောင်းနေတာဖြစ်နိုင်ပါတယ်။ သားအိမ်စောင်းနေတဲ့ပြဿနာဟာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ။ သူ့ဘာသာရှိနေရင် ဘာပြဿနာကိုမှ မဖြစ်စေပေမယ့် […]


ဆစ်ဖလစ်ပိုးဝင်ခြင်း(ကာလသားရောဂါ)

ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ကာလသားရောဂါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် Syphilis - ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) ဆိုတာ Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ရောဂါပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ကူးစက်ဖို့ လွယ်ကူတဲ့ ရောဂါဆိုလည်း မမှားပါဘူး။ လိင်အပျော်အပါးလိုက်စားတာ၊ ပေါက်ပြဲနေတဲ့ အရေပြားကနေတဆင့် ဝင်ရောက်တတ်ပါတယ်။ တစ်ခါတလေ ရောဂါလက္ခဏာတွေတောင် မပြတာမျိုးလည်း ရှိနိုင်တဲ့အတွက် ကိုယ့်မှာရောဂါပိုးရှိနေမှန်း နှစ်အတော်ကြာသည်အထိ မသိဘဲ ရောဂါမွေးထားသလို ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာလသားရောဂါပိုးရှိတဲ့အခါ ကလေးကို ကူးစက်နိုင်သလို ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်နေတာ၊ ကလေးအသေမွေးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။ ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ ဒါဆို ကာလသားရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။ ကာလသားရောဂါမှာ အဆင့် ၃ဆင့် ရှိပါတယ်။ ၁။ အစောပိုင်းကာလ ကာလသားရောဂါ အဆင့် ကိုယ်ခန္ဓာနေရာအနှံ့မှာ အနီစက်တွေ၊ အင်ပျဉ်တွေ ထမယ်။ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပါးစပ်ပတ်ပတ်လည်မှာ ပေါက်တာပိုများပါတယ်။ […]


သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း နေရာမှားရောက်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေမှာ ဟော်မုန်းပါတာနဲ့ မပါတာရှိပြီး ၂ခုလုံးက နှစ်ရှည်ခံသန္ဓေတားနည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ IUD ဆိုတာ ဘာလဲ။ IUD ဆိုတာ နှစ်ရှည်ခံ သန္ဓေသားပစ္စည်းလေးတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာ ကြေးနီ ဒါမှမဟုတ် ဟော်မုန်း ထည့်ထားတာဖြစ်ပါတယ်။ ပစ္စည်းလေးရဲ့ အဆုံးမှာတော့ ကြိုးလေးနှစ်ချောင်းပါမှာဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ ဆိုတာပါ။ ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။ အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ လိင်အပျော်အပါး လိုက်စားသူတွေ လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား

လူတော်တော်များများက လိင်ဆက်ဆံပြီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါဆို မေးစရာ ရှိတာက လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား ဆိုတာပါ။ ကဲ ... အတူတူကြည့်လိုက်ရအောင်နော်။ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား တကယ်တော့ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ အလျင်လိုစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာ သုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။ ဒါဆိုရင် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား တာက ဘာအကျိုးမှမရှိတော့ဘူးလား။ ထိုးသွင်းဆက်ဆံနေချိန်မှာ အကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။ လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်တာကို လျှော့နည်းစေပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း