backup og meta

သိထားသင့်တဲ့ HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ရှိ မျိုးစိတ်ကွဲတွေ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိထားသင့်တဲ့ HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ရှိ မျိုးစိတ်ကွဲတွေ။

    HPV (Human papillomavirus) ဗိုင်းရပ်စပ်ကို လူတိုင်းကြားဖူးကြမှာပါ။ သားအိမ်ခေါင်းကင်ဆာနဲ့ ကြွက်နို့တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စပ်ပိုးတစ်မျိုးဖြစ်ပြီး လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ဒါပေမယ့် ဒီ ဗိုင်းရပ်ပိုးကိုယ်ထဲမှာ ရှိနေတိုင်း သားအိမ်ခေါင်းကင်ဆာတွေ ကြွက်နို့တွေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဗိုင်းရပ်စပ်ပိုးမှာ မျိုးစိတ်ကွဲတွေအများကြီးရှိလို့ပါ။

    မျိုးစိတ်ကွဲမတူတဲ့အပေါ်လိုက်ပြီး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒီတော့ မျိုးစိတ်ကွဲ ၁၀၀ ကျော်ရှိတဲ့အထိကမှ အရေးကြီးတဲ့ လူတိုင်းသိထားသင့်တဲ့ HPV ဗိုင်းရပ်စပ်မျိုးစိတ်ကွဲတွေ အကြောင်း ပြောပြပေးတော့မှာပါ။

    လူတိုင်းသိထားသင့်တဲ့ အရေးကြီး HPV ဗိုင်းရပ်စ် မျိုးစိတ်ကွဲ များ ။။

    HPV ဗိုင်းရပ်စ်မျိုးစိတ်တွေထဲမှ တချို့ဆိုကုသမှု ခံယူဖို့မလိုဘဲ ခုခံအားက တိုက်ထုတ်ပေးသွားမှာဖြစ်ပြီး တချို့ မျိုးစိတ်တွေကျတော့ ကုသမှု မခံယူရင် ကင်ဆာ ရောဂါဖြစ်သွားစေတဲ့အထိတောင် ဆိုးပါတယ်။ နာမည်ကြီး မျိုးစိတ်တွေကတော့

    HPV 6 နဲ့ HPV 11

    HPV 6 နဲ့ HPV 11ကို Low-risk သိပ်ကြီး စိုးရိမ်စရာ မရှိတဲ့ HPV မျိုးစိတ်ကွဲ အဖြစ်သတ်မှတ်ထားပါတယ်။ လိင်အင်္ဂါ ကြွက်နို့ကို အဓိက ဖြစ်စေတဲ့ HPV မျိုးစိတ်နှစ်ခုပါ။ လိင်အင်္ဂါ ကြွက်နို့ရှိတဲ့သူတစ်ယောက်နဲ့ လိင်ဆက်ဆံမိရင် ကူးစက်လာနိုင်တဲ့ လိင်ဆက်ဆံရာက ကူးစက်တဲ့ပြဿနာတစ်ခုပါ။

    ဒီ HPV 6 နဲ့ HPV 11ကို HPV ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ၈၉ ကနေ ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးက ကာကွယ်နိုင်မှာဖြစ်ပြီး အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ထိုးထားဖို့လိုအပ်ပါတယ်။ ကာကွယ်ဆေးတို့ ထုံးစံအတိုင်းရောဂါမဖြစ်ခင် ကြိုထိုးထားမှ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ရောဂါရှိပြီးသားဖြစ်နေရင်တော့ ကာကွယ်ဆေး မထိုးသင့်တော့ပါဘူး။

    HPV 6 နဲ့ HPV 11 ကြောင့် လိင်အင်္ဂါ ကြွက်နို့တွေ ပေါက်နေပြီသားဆိုရင်တော့ ဆေးလိမ်းဖို့လိုပါတယ်။ အနာပေါ်တိုက်ရိုက်ဆေးလိမ်းမိဖို့တော့ လိုပါလိမ့်မယ်။

    HPV 16 နဲ့ HPV 18

    HPV 16 နဲ့ HPV 18 ကိုတော့ High-risk ( အန္တရယ်ရှိ) HPV အဖြစ်သတ်မှတ်ထားပါတယ်။ ထူးထူးခြားခြား လက္ခဏာတွေ မပြဘဲနဲ့ သားအိမ်ခေါင်းကို ပြောင်းလဲမှုတွေ ဖြစ်စေပြီး သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတဲ့ HPV မျိုးစိတ်တွေပါ။ တစ်မျိုးချင်းစီဆို သားအိမ်ခေါင်းကင်ဆာကို ၅၀ ရာခိုင်နှုန်းဆီ ဖြစ်စေတတ်ပြီး 16 ရော 18 ရော နှစ်မျိုးလုံးရှိနေရင်တော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းအထိ တိုးသွားမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် မပူပါနဲ။ ဒီ HPV 16 ရော HPV 18 ရောက ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်ထားလို့ ရတဲအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ကြိုထိုးထားလိုက်ရင် စိတ်ပူစရာ မလိုတော့ပါဘူး။

    ကိုယ်ထဲမှာ ဒီ HPV ဗိုင်းရပ်စ်ပိုးတွေရှိနေကြောင်း ဘယ်လို သိမလဲ ။ ။

    HPV ဗိုင်းရပ်စ်ပိုး ကိုယ်တွင်းမှာ ရှိမရှိ အဓိကပြောပြနိုင်တဲ့ စစ်ဆေးခြင်းကတော့ Pap test (Pap smear ) လို့ခေါ်တဲ့သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးတဲ့နည်းပဲ ဖြစ်ပါတယ်။

    • ဒါပေမယ့် Pap smear က အမျိုးသမီးတွေကိုပဲ စစ်ဆေးလို့ရပါတယ်။ (HPVက အမျိုးသားတွေမှာလည်း ရှိနိုင်ပါတယ်။)
    • Pap test က ပုံမှန်မဟုတ်ဘူးပြလာတယ်ဆိုမှ HPV test ကို ထပ်စစ်ဆေးမှာ ဖြစ်ပါတယ်။
    • ဒီနည်းနဲ့ ကိုယ့်ဆီမှာရှိတဲ့ ဗိုင်းရပ်မျိုးစိတ်က low risk လား High risk လားဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
    • HPV test နဲ့ စစ်ဆေးကြည့်လိုက်လို့ HPV ဗိုင်းရပ်စ်ပိုးရှိနေတယ်ဆိုတာပြရင် တန်းပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်နေပြီလို့ မထင်လိုက်ပါနဲ့။ မျိုးစိတ်ကွဲတွေ ရှိသေးတယ်ဆိုတာကို သတိရပါ။
    • HPV 16 နဲ့ 18 ရှိနေရင်တော့ သားအိမ်ခေါင်းကင်ဆာ ရှိနေပြီလို့ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ အခြားသူတွေထက်တော့ ပိုများပါလိမ့်မယ်။

    HPV ကာကွယ်ဆေး

    မဖြစ်ခင်တည်းက ကြိုတင် ကာကွယ်တာ အကောင်းဆုံးဖြစ်တာကြောင့် အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဆေးထိုးပြီး အမျိုးသမီးတိုင်း ကာကွယ်ဖို့လိုပါတယ်၊

  • အသက် ၉ နှစ်ကနေ ၁၄ နှစ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၂ ကြိမ်ထိုးရပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ၆ လကနေ ၁၂ လလောက်ထိ ခြားတတ်ပါတယ်။
  • အသက် ၁၅ နှစ်ထက်ကျော်သွားပြီဆိုရင်တော့ ကာကွယ်ဆေးကို ၆ လအတွင်းမှာတင် ၃ ကြိမ်ခွဲထိုးရပါလိမ့်မယ်။
  • အသက် ၂၇ ကနေ ၄၅ ရောက်နေပြီး တစ်ခါမှလည်း ကာကွယ်ဆေးမထိုးထားဘူးဆိုရငတော Pap smear ယူ၊ HPV ဗိုင်းရပ်စပ်မရှိဘူးဆိုမှ ကာကွယ်ဆေး ထိုးသင့်ပါတယ်။
  • ကာကွယ်ဆေးထိုးတဲ့အချိန် ကိုယ်ထိုးတဲ့ကာကွယ်ဆေးက ဘယ်မျိုးစိတ်ကို အဓိက ကာကွယ်ပေးတာလဲဆိုတာကို ဆရာဝန်ကိုတစ်ခါတည်းမေးခဲ့ဖို့လည်း သတိရပါတယ်။
  • ဒီ HPV ဗိုင်းရပ်ဟာ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့ရောဂါပိုးတစ်ခုပါ။ လက္ခဏာလည်း သိသိသာသာမပြတာကြောင့် ကိုယ့်မှာ ရှိနေမှန်း မသိဖြစ်နေတတ်ကြပြီး နောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့အထိ ဆိုးရွားသွားတာကြောင့် အမျိုးသမီးတိုင်း (အထူးသဖြင့် လိင်ဆက်ဆံမှုရှိတဲ့) အသက် ၂၁ ကနေ အသက် ၆၅ မတိုင်ခင် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုတွေ တစ်နှစ်တစ်ကြိမ်လောက် မှန်မှန်လုပ်ပါ။ ကာကွယ်ဆေးထိုးပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement