ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်

HIV ပိုးရှိတာနဲ့ပဲ လူတစ်ယောက်ကို ပစ်ပယ်ထားလိုက်ဖို့ဆိုတာ ဒီခေတ်ထဲမှာတော့ မရှိတော့ပါဘူး။ ကုသဖို့ဆေးတွေ မပေါ်လာသေးတဲ့တိုင်အောင် ရောဂါပိုးကို တခြားသူဆီ မပြန့်အောင် ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါပြီ။ ဒါပေမယ့်လည်း လူတွေမှာက ကြောက်စိတ်တစ်ခုစီ ရှိတတ်ကြတာ သဘာဝပါ။ HIV ပိုးနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေက အထင်အမြင်သေးတာ၊ ကဲ့ရဲ့ရှုံ့ချတာတွေကို အမြဲလိုလို မြင်နေရတဲ့အခါ ဦးနှောက်က ဒီပြဿနာကို ကြောက်စရာကောင်းတယ်၊ ရွံစရာကောင်းတယ်ဆိုပြီး တရားသေယူဆတတ်ပါတယ်။ အဲ့တော့ ကိုယ်လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူမှာ မမျှော်လင့်ဘဲ HIV ပိုးရှိနေခဲ့မယ်ဆိုရင် အစပိုင်းမှာတော့ အနည်းငယ်တုန်လှုပ်မိမှာပါ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုရောဂါပိုးကူးစက်ခံရတဲ့အဖြစ်မျိုး လိုချင်ပါ့မလဲ။ အကယ်လို့ နားလည်လက်ခံပေးနိုင်တယ်ဆိုရင်ရော ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ ဒါတွေအားလုံးကို ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားလုံးပြင်ဆင်ထားဖို့ အရေးကြီးတယ်နော်။ HIV ပိုးရှိသူနဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အနမ်းတစ်ပွင့်ရဲ့အစွမ်း

အနမ်းတစ်ပွင့်ရဲ့အစွမ်း ချစ်သူနှစ်ဦးအကြား အနမ်းချင်း ဖလှယ်ကြတယ်ဆိုတာဟာ ထူးဆန်းလှတဲ့ အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းတွေ ဖလှယ်ကြတယ်မဟုတ်လား။ တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အနမ်းတစ်ပွင့်ရဲ့အစွမ်း ....... ဘာတွေများလဲ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … ၁။ အနမ်းဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ် - နမ်းရှုံ့ကြတဲ့အခါ "The Love Hormone" လို့ လူသိများကြတဲ့ Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် အကြောင်းကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။ HIV ပိုးဆိုတာ ကိုယ်ခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမြစ်ပြတ်ကုသဖို့ရာ ဆေးမရှိသေးပေမယ့် ပိုးကို ဆက်မပြန့်သွားစေအောင်၊ ကိုယ်ခံအားစနစ်ကို မထိခိုက်စေအောင် ထိန်းထားပေးတဲ့ ဆေးတွေတော့ ပေါ်နေပါပြီ။ HIV ပိုးကူးစက်ခံရသူအနေနဲ့ ပိုးထိန်းဆေး ART ဆေးကိုသာ မသောက်ဘူးဆိုရင်တော့ AIDS ကိုရောက်သွားနိုင်တဲ့ အဆင့် ၃ဆင့်ကို မလွဲမသွေကျော်ဖြတ်ရနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအဆင့်တွေကတော့ • အစောပိုင်းကာလ အဆင့် (Acute Stage) • ကြားကာလ အဆင့် (Chronic Stage) • နောက်ဆုံး အဆင့် (AIDS Stage/ Final Stage) […]


HIV နှင့် AIDS ရောဂါ

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) အကြောင်း လေ့လာလိုက်ရအောင်နော်။ သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) ဆိုတာကို လေ့လာလိုက်စို့နော်။ Viral Load ဆိုတာ ဘာလဲ။ HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေကို တုံ့ပြန်ခြင်းရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ ရောဂါအခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း […]


HIV နှင့် AIDS ရောဂါ

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

HIV/ AIDS နဲ့ ပတ်သက်ပြီး ယခုချိန်ထိကို လူမှုပတ်ဝန်းကျင်က မှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ လူတွေ သိထားကြတဲ့ အလွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ချင်ပါတယ်။ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေက ဘာတွေများလဲ။ ၁။ HIV နဲ့ AIDS ဆိုတာ ရောဂါ ၂မျိုးလား။ တူညီတဲ့ ရောဂါလား။ HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်စီး ပစ်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကို […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

thကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။ အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ...... အရေးပေါ်သန္ဓေတားဆေး က အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။ သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား...... သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။ အရေးပေါ်သန္ဓေတားသောက်ဆေး ပုံမှန်သန္ဓေတားသောက်ဆေး သားအိမ်တွင်းထည့်ပစ္စည်း (IUD) လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) သားဆက်ခြား ထိုးဆေး ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား........... သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ယောက်ျားတွေ တစ်ယောက်နဲ့တစ်ယောက် လိင်အင်္ဂါ အရွယ်အစား၊ လုံးပတ်ချင်း မတူကြသလိုပါပဲ၊ သုက်လွှတ်ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် ကြာချိန်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ကြိမ်သုက်လွှတ်ပြီးနောက် မိနစ်အနည်းငယ်အတွင်း လိင်တံထောင်မတ်လာပြီး နောက်တစ်ကြိမ်ဆက်ဆံကာ သုက်လွှတ်နိုင်တာလည်း ရှိသလို တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ လိင်စိတ်ဆန္ဒ အရမ်းပြင်းလွန်းပြီး စိတ်သွားတဲ့နောက် လိုက်နိုင်တဲ့ အမျိုးသားတွေမှာ တစ်ခါတည်းနဲ့ ၅ကြိမ်ထက်မနည်း ဆက်တိုက်သုက်လွှတ်နိုင်တာမျိုးလည်း တွေ့ရပါတယ်။ ဆက်တိုက်သုက်လွှတ်ခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်ကောင်းနိုင်ရဲ့လား။ တော်တော်များများ ထင်တတ်ကြတာက တစ်နေ့ကို တစ်ကြိမ်ပဲ သုက်လွှတ်ရမယ်၊ အကြိမ်ရေ အရမ်းများသွားရင် မျိုးမအောင်နိုင်တော့ဘူး၊ သုက်ရည်တွေကုန်ခမ်းသွားမယ်၊ ပန်းသေသွားမယ်၊ ဝက်ခြံတွေ အများကြီးပေါက်လာမယ် အစရှိသဖြင့်ပေါ့။ တကယ်တော့ ယောက်ျားတွေမှာလည်း ကိုယ်တတ်စွမ်းနိုင်တဲ့ အတိုင်းအတာ (Limit) ဆိုတာ ရှိပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးယူပြီးရင် လင်မယားကြား ဆက်ဆံရေးပြောင်းလဲသွားနိုင်လား

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမေးများတဲ့ ပြဿနာတွေထဲမှာ ကလေးရသွားပြီးတော့မှ လင်မယားနှစ်ဦးက အရင်လို ချစ်ခင်ကြည်နူးနေတာမျိုး မရှိတော့ဘဲ အမြဲတမ်း ပူပင်စိတ်ညစ်သောက ရောက်နေရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေလည်း တော်တော်များတာ သတိထားမိပါတယ်။ တကယ်တော့ ကလေးယူတယ်ဆိုတာ လင်နဲ့မယား နှစ်ဦးလုံးရဲ့ ဘဝကို အနည်းနဲ့ အများတော့ လှုပ်ခတ်သွားနိုင်ပါတယ်။ အဲ့တော့ ဒီမေးခွန်းရဲ့ အဖြေကို ပြောပါဆိုရင်တော့ တချို့သော အိမ်ထောင်သည်တွေအတွက် ကလေးရပြီးတဲ့နောက်မှာ ဆက်ဆံရေး အနည်းငယ်ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။ ဒါတွေက ဇနီးမောင်နှံအများစု ကျော်ဖြတ်ကြရမယ့် ဘဝအခက်အခဲ ခရီးလမ်းက သစ်ငုတ်တစ်ခုသာသာပါပဲ။ ဒီဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးယူပြီးတော့မှ ဇနီးမောင်နှံဆက်ဆံရေး ပြောင်းလဲသွားတတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ ကလေးအတွက် စိုးရိမ်ပူပန်ရတာ ဘယ်မိဘမဆို (အထူးသဖြင့် သားဦး သမီးဦးမွေးတဲ့ မိခင်လောင်း၊ ဖခင်လောင်းတွေ) ကိုယ့်ကလေးအတွက်ကို အမြဲတမ်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း

လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း ကို ChemSex လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကာမစိတ်ကို နိုးကြားစေတဲ့ မူးယစ်ဆေးဝါးကဲ့သို့ ဆေးတွေ၊ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုပြီး အချိန်ကြာမြင့်စွာ လိင်ဆက်ဆံတာလို့လည်း သိကြပါတယ်။ ဒီအပြုအမူတွေကို အမျိုးသားတွေ အထူးသဖြင့် လိင်တူ သို့မဟုတ် လိင်တူလိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ၊ နာရီ၊ ရက်ပေါင်းများစွာ လိင်စိတ်ကြွစေလိုတဲ့အခါ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း ပြုတဲ့အခါမျိုးမှာ လုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာရော လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း အလေ့အထတွေ ခေတ်စားနေပြီလား။ လိင်တူဆက်ဆံသော အမျိုးသားတွေ၊ ပုံမှန်အတိုင်း လိင်ဆက်ဆံရမှာကို မနှစ်သက်တဲ့ အမျိုးသားတွေကြားမှာ ဒီအပြုအမူဟာ သိပ်ကို ရေပန်းစားပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပါပဲ။ လူသိနည်းကြပေမယ့် ကြားဖူးနားဝရှိတတ်တာကြောင့် ဒီလို လိင်ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်တဲ့သူတွေ ရှိသလို အပြစ်တင်ရှုံ့ချပြီး လုံးဝဆန့်ကျင်တဲ့သူတွေလည်း […]


သားဆက်ခြားခြင်း

အလွှာခြားမလား ကမ္ဘာခြားမလား

ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့  လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။ အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။ နောက်ပြီး တစ်ခါတည်းပြောရရင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း