HIV ပိုးသည် အအေးမိ၊ တုပ်ကွေး၊ ငှက်ဖျား၊ နမိုးနီးယား အဆုတ်ရောင်ရောဂါအပြင် တီဘီရောဂါပိုးကိုပါ ကူးစက်နိုင်ခြေ မြင့်တက်စေပါတယ်။ ဒီရောဂါပိုးတွေဟာ ကိုယ်ခံအားစနစ်ကိုသာမက အသက်ရှူစနစ်ဖြစ်တဲ့ အဆုတ်ကိုလည်း ထိခိုက်အားနည်းစေပြီး အပြင်းအထန်ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အဆုတ်ကင်ဆာဖြစ်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ အဆုတ်မှာရှိတဲ့ သွေးကြောတွေမှာ သွေးဖိအားများလာတာနဲ့အမျှ နှလုံးသွေးကြောကိုပါ သက်ရောက်မှုဖြစ်စေပြီး နှလုံးအမောဖောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
၃။ အစာခြေစနစ်
လူတစ်ယောက်ရဲ့ ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်ခြင်းသည် အစာခြေစနစ်ပေါ်မှာလည်း အများကြီး သက်ရောက်မှုရှိစေပါတယ်။ ကိုယ်ခံအားကျလာတဲ့အခါ အစာခြေစနစ်က အရင်ကလောက် ကောင်းကောင်းအလုပ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီအခါ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် နည်းလာမယ်၊ အာဟာရမဖြစ်ထွန်းတော့ ကိုယ်ခံအားက ပိုကျလာမယ်၊ ကိုယ်အလေးချိန်တွေပါ ကျလာပြီ ပိန်ချုံးအားနည်းလာမယ်။ HIV ပိုးကူးစက်ခံရပြီး နောက်ဆက်တွဲ ဝင်လာတဲ့ရောဂါတွေထဲမှာ ခံတွင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တဲ့ လည်ချောင်းနာခြင်း၊ လျှာ၊ သွားဖုံး၊ အာခေါင်၊ အာသီးတွင် အဖြူကွက် အနာများဖြစ်ခြင်း၊ အာခံတွင်း နီရဲရောင်ရမ်းခြင်းကိုဖြစ်စေပြီး အစာစားချင်စိတ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
၄။ ဦးနှောက်အာရုံကြောစနစ်
HIV ပိုးသည် ဦးနှောက်အာရုံကြောစနစ်ကို တိုက်ရိုက်ထိခိုက်စေတာမျိုးတော့ မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ပတ်လည်မှာ ဝန်းရံနေတဲ့ အာရုံကြောတွေကနေ တစ်ဆင့် ကိုယ်ခန္ဓါတစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်တာ ဖြစ်တဲ့အတွက် ကြာလာတဲ့အခါ ဦးနှောက်အာရုံကြောစနစ်ပါ ထိခိုက်လာတာဖြစ်ပါတယ်။ AIDS အဆင့်ကို ရောက်ရှိလာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်အား ကျဆင်းသွားပြီး ခေါင်းမူးခေါင်းကိုက်တာ၊ တက်တာ၊ မှတ်ဉာဏ်မကောင်းတော့တာ၊ စိုးရိမ်ပူပန်လာတာ၊ စိတ်ကျရောဂါတွေအပြင် စိတ်ကယောင်ခြောက်ခြား ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အမြင်အာရုံချို့ယွင်းလာသည်အထိ ပြင်းထန်လာနိုင်ပါတယ်။
၅။ အရေပြားကျန်းမာရေးစနစ်
HIV ပိုးကူးစက်ခံရသူနဲ့ AIDS ရောဂါအဆင့်ရောက်နေသူတွေမှာ လူအများမြင်ရတဲ့ အပေါ်ယံ အရေပြားလက္ခဏာအနေနဲ့ ကိုယ်ခန္ဓါအနှံ့ ရေယုန်ပေါက်တာ၊ ပါးစပ်၊ လိင်အင်္ဂါမှာ အနာတွေဖြစ်ပြီး ပြည်ယိုတာ၊ အင်ပျဉ်၊ ဝက်သက်၊ အရည်ကြည်ဖုများ ပေါက်တာ၊ အရေပြားနှင်းခူ၊ ဝဲခြောက်၊ ဝဲစို၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ HIV ပိုးရှိနေတယ်ဆိုတဲ့ သွေးစစ်ချက်အဖြေ ထွက်လာပြီဆိုတာနဲ့ ရောဂါပိုးကို မပြန့်ပွားအောင် ထိန်းဖို့ ART ဆေးကို နေ့စဉ်အချိန်မှန်သောက်ဖို့ လိုပါတယ်။ ဒီဆေးကိုသာ အချိန်မှန်ဂရုစိုက်ပြီး သောက်သွားမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေလိုမျိုး ဖြစ်လာမှာမဟုတ်ဘဲ သာမန်လူတစ်ယောက်လို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်သွားနိုင်မှာပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။