အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ခန္ဓာကိုယ်မှာအဆုတ်ရဲ့ တာဝန်ကဘာများလဲ

ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီအလိုက်မှာလည်း တာဝန်အသီးသီးရှိကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက သူတို့တာဝန် သူတို့ကြေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူသိုလှောင်ပေးနေတဲ့ အဆုတ်အကြောင်းကို နည်းနည်လောက်ပြောပြပေးပါရစေ။ အဆုတ်ဆိုတာ အဆုတ်ဆိုတာက  ခန္ဓာကိုယ်ရဲ့လိုချင်တဲ့ အောက်ဆီဂျင်ကို ရယူပေးပြီး သွေးကြောတွေထဲကနေတဆင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည်ဖြန့်ဝေပေးပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်တာမှာ အကြိမ်ရေ ၆ သန်းလောက်ထိအသက်ရှူပါတယ်။ အဆုတ်ကြောင့် ခန္ဓာကိုယ်ကျန်းမာသလို အဆုတ်မကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ကိုယ်ထဲမှာ အဆုတ် ဘယ်နှခုရှိလဲ........... ခန္ဓာကိုယ်မှာ အဆုတ်က နှစ်ခုရှိပါတယ်။ ဘယ်ဘက်မှာတစ်ခု ၊ ညာဘက်မှာတစ်ခုပါ။ အဆုတ်က ရင်ဘတ်ထဲမှာရှိနေပြီး နံရိုးရဲ့နောက်ဖက်မှာရှိနေပါတယ်။ ထိပ်ပိုင်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး ရင်ဝမ်းခြားမြှေးနဲ့ ဆုံတဲ့နေရာမှာ ခပ်ပြားပြားသဏ္ဍာန်ရှိနေပါတယ်။အဆုတ်ကတစ်စုံလို့ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက ပုံစံမတူပါဘူး။ ဘယ်ဘက်အဆုတ်မှာ နှလုံးအတွက် နေရာလေး ခပ်ဝိုက်ဝိုက်လပ်နေတတ်ပြီး ညာဘက်အဆုတ်ကတော့ အောက်ဘက်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက် နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ပန်းနာရင်ကျပ် (Asthma) ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီး ချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။ ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို ဆက်ကြည့်လိုက် ပါဦးနော်။ ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။ အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ် ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေမယ် ရင်ဘတ်အောင့်မယ် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ်ဝေဒနာအတွက် အထူးသီးသန့်စားသောက်မှုပုံစံရယ်လို့ မရှိပါဘူး။ အစားမတော်တစ်လုတ်ဆိုတဲ့ စကားအတိုင်း အစားအသောက်တွေကိုသေချာချင့်ချိန်စားသုံးမှုက အာဟာရဖြစ်ပြီး ခန္ဓါကိုယ်ကို ကျန်းမာစေတယ်ဆိုပေမယ့် ကိုယ်နဲ့မတည့်တာကို စားမိရင်တော့ ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ အကြောင်း ပြောပြပေးချင်ပါတယ်။ အစားအသောက်ကို သေချာချင့်ချိန်စားသုံးမယ်ဆိုရင်တော့ အစာလည်းဆေးဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာပါ။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ကတော့ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးအစားအစာတွေက အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးဖြစ်စေမယ့် အစားအသောက်တွေက - ပန်းသီး - တစ်နေ့ ပန်းသီး တစ်လုံး စားပေးပါ။ တစ်ပတ်တာမှာ ပန်းသီး ၂ […]


အဆုတ်ပွရောဂါ

အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း

မင်္ဂလာပါ Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့  အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ် ။ ခုခံအားနည်းလေ့ရှိတဲ့ ကလေးငယ်များ ၊ အဘိုးအဘွား သက်ကြီးရွယ်အိုများ ၊ နာတာရှည် ဝေဒနာသည်များ(နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ) နဲ့ အကြောင်းအမျိူးမျိုးကြောင့် ခုခံအားနည်းနေသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာတော့ နှာခေါင်းဝကနေ အသံကြိုးအထိပါပြီး အောက်ဘက်ခြမ်းကိုတော့ အသံကြိုးကနေ အဆုတ်အထိဆိုပြီး နှစ်ပိုင်းခွဲထားပါတယ် ။ လက္ခဏာတွေက ဘာတွေလဲ အသက်ရှုလမ်းကြောင်း ပိုးဝင်ရင်တော့ အသက်ရှုမဝခြင်း ၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း ၊ လည်ချောင်းနာခြင်း ၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။ ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ […]


ရာသီတုပ်ကွေး

တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော် .... ဒီလို ပြောရတာက ကိုယ်တိုင်ရော ချစ်ရတဲ့ မိသားစုဝင်တွေမှာပါ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖြစ်စေဖို့ပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီ ရောက်ပြီဆို ဒီလို ဖျားနာခြင်းတွေဟာ ပုံမှန်ထက် ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။ တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော် တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီဖြစ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်။ ဆောင်းရာသီမှာ တုပ်ကွေး အဖြစ်များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို တုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရ လွယ်ကူသလို ချမ်းစိမ့်တဲ့ လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ […]


အအေးမိဖျားနာခြင်း

အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ

ကြက်သွန်ဖြူမှာ အဖြစ်များတဲ့အအေးမိဝေဒနာကို ပြင်းထန်မှုလျော့ပါးစေနိုင်၊ ကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ရှိတယ်လို့ သုတေသနနှစ်ခုက ဖော်ပြလာပါတယ်။ ဒါဟာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာပါရှိတဲ့ ဒြပ်ပေါင်းတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ အအေးမိဝေဒနာဖြစ်တတ်ကြပြီး လူကြီးတွေကတော့ ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေက အအေးမိရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် ခပ်ဝေးဝေးစဉ်းစားစရာမလိုတဲ့ အိမ်သုံးသဘာဝဆေးနည်းတွေ ရှိနေပါတယ်။ မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လွန်ခဲ့တဲ့နှစ် ၅၀၀၀ ကျော် ကတည်းကအသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေကို နှိုးဆွပေးနိုင်ပြီး အဖြစ်များတဲ့ ရောဂါတွေမှာ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သည်နည်းနဲ့ပဲ အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အအေးမိဝေဒနာသက်သာစေဖို့ ကြက်သွန်ဖြူကိုဘယ်လိုစားကြမလဲ ၁) ကြက်သွန်ဖြူကိုအစိမ်းဝါးစားပါ အခွံခွာပြီးနှစ်ရက်လောက်လေသလပ်ခံဖြန့်ထားတဲ့ ကြက်သွန်ဖြူနှစ်မွှာသုံးမွှာလောက် ဝါးစားပေးပါ။ […]


အဆုတ်ပွရောဂါ

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလို အာဟာရ သင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား....... အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။ ရေ သင့်အနေနဲ့ အဆုတ်ရောင် ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဆန်၊ဂျုံ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ […]


အဆုတ်ပွရောဂါ

အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….

ချောင်းဆိုးလွန်းလို့ အိပ်မရဘူး။ ချွဲတွေကျပ်လွန်းလို့ အသက်ရှူရခက်လိုက်တာဆိုပြီးတော့များဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဆုတ်ထဲက ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေအတူတူကြည့်လိုက်ကြရအောင်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတော့ အဆုတ်ထဲက ချွဲတွေကို ဒီလိုဖယ်ရှားပါ အဆုတ်ထဲမှာ ချွဲတွေများနေတာက အသက်ရှူရခက်စေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရအောင် ဒုက္ခပေးနေတဲ့ ချွဲသလိပ်တွေကို အဆုတ်ထဲကဖယ်ရှားဖို့ဆိုရင် ရေနွေးငွေ့ခံပါ ရေနွေးငွေ့ခံတာ၊ ရေနွေးငွေ့ရှူသွင်းတာတွေက အသက်ရှူလမ်းကြောင်းတလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အေးမြခြောက်သွေ့တဲ့ လေထုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးငွေ့ခံပေးတာက အဆုတ် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲထွက်အောင်လုပ်ပါ ချောင်းဆိုးတယ်ဆိုတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ချောင်းဆိုးတဲ့အခါ ချွဲထွက်လာအောင်လုပ်တာက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း