အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

တီဘီရောဂါ

တီဘီရောဂါ ကြောက်စရာကောင်းသလား။

တီဘီလို့ပြောလိုက်ရင် လူတွေက နှာခေါင်းရှုံ့ကြပါတယ်။ ကိုယ့်ဘေးမှာ တီဘီရှိတဲ့သူလာရင် မသတီကြဘူး။ ခွဲခြားခွဲခြား လုပ်ချင်ကြတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ "ကူးစက်တတ်လို့ပါ။" လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်လေး ကူးစက်နိုင်လို့ ကြောက်ကြတာပါ။ ဘယ်လိုပဲ တီဘီကို အရှင်းပျောက်အောင် ကုလို့ရနေပါပြီလို့ပဲ ပြောပြော လူတွေက ရောဂါဖြစ်လာရင် ရောဂါဒဏ် ဆေးဒဏ်ကို ခံရမှာ စိုးတဲ့ အတွက် တီဘီကို ကြောက်ကြတာပါ။ တီဘီရောဂါ က ဒီလောက်ပဲ ကြောက်ဖို့ကောင်းတာလား။ ဘယ်လိုနည်းနဲ့ ကူးစက်နိင်တာလဲဆိုတာ ဆက်ကြည့်ရအောင်။ တီဘီရောဂါ ဘာကြောင့် ဖြစ်တာ တီဘီက Mycobacterium tubercolosis လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။ တီဘီရောဂါ ဘယ်လို ကူးနိုင်လဲ။ တီဘီက air borneလို့ ခေါ်တဲ့ လေထဲက တစ်ဆင့် လူတစ်ယောက်ဆီကနေ နောက်တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ […]


ရာသီတုပ်ကွေး

အအေးမိတာလား၊ တုပ်ကွေးလား

အတော်များများက အအေးမိတုပ်ကွေးလို့ ကြားရင် ရောဂါတစ်ခုတည်းလို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အအေးမိတာနဲ့ တုပ်ကွေးက နည်းနည်းတော့ ကွာပါတယ်။ ဒီ နှစ်မျိုးက ပြသတဲ့လက္ခဏာတွေလည်း နည်းနည်းကွဲပြားတာကြောင့် အအေးမိတာလား၊ တုပ်ကွေးလား ဆိုတာကို ဘယ်လိုခွဲခြားကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။ ယေဘုယျပြောရမယ်ဆို အအေးမိရောဂါက တုပ်ကွေးလောက်မပြင်းထန်ပါဘူး။ အအေးမိရင် ၂-၃ ရက်ကနေ တစ်ပတ်လောက်ထိ နေရတာ မအီမလည်ဖြစ်တတ်ပေမယ့် တုပ်ကွေးဆိုရင်တော့ တစ်ပတ်ကျော်တဲ့အထိ ခံစားရတတ်ပါတယ်။ နောက်ပြီး ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေဆို တုပ်ကွေးဝင်ရင် အဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပိုပြင်းထန်တဲ့ရောဂါတွေခံစားရနိုင်ပါတယ်။ အအေးမိ လက္ခဏာတွေက ဘာတွေလဲ ပထမဆုံးနဲ့ အသိသာဆုံးပြတတ်တဲ့ လက္ခဏာကတော့ လည်ချောင်းနာတာပါပဲ။ ပြီးရင် နှာခေါင်းပိုင်းမှာ ပြဿနာပေါ်လာမယ်။ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်လာပြီးရင် ချောင်းပါဆိုးလာလေ့ ရှိပါတယ်။ ကလေးတွေမှာ အအေးမိရင် ဖျားပါဖျားတတ်ပေမယ့် လူကြီးတွေမှာတော့ သိပ်ဖျားလေ့မရှိပါဘူး။ အအေးမိတာအများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ အအေးမိတာကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ?

အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? တစ်ခါတစ်လေမှာ ဖျားနာတာကနေ သက်သာလာပေမယ့် ချောင်းဆိုးတာမပျောက်သေးတာကို ကြုံဖူးကြမှာပါ။ လည်ချောင်းယားပြီး ချောင်းဆိုးနေတိုင်းလည်း နေမကောင်းဘူးလို့ မသတ်မှတ်နိုင်ပါဘူး။ ဒါဆိုရင် နှာစေးအအေးမိဝေဒနာကနေ သက်သာလာတာတောင် ချောင်းဆက်ဆိုးနေသေးရင် စိတ်ပူဖို့လိုပါသလား ? အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? ဆိုတော့ "လူနာတော်တော်များများက အအေးမိဖျားနာဝေဒနာကို ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားမယ်လို့ သေချာပေါက်ထင်ထားကြတယ်။ ဒါပေမဲ့ ရိုးရိုးအအေးမိခြင်းကလည်း တစ်ခါတစ်လေမှာ တစ်ပတ်နှစ်ပတ်ခန့်ကြာနိုင်ပါတယ်" လို့ ကယ်လီဖိုးနီးယားဆေးရုံက အတိုင်ပင်ခံသမားတော် ဒေါက်တာ John Doherty ကဖြေကြားဖူးပါတယ်။ သူက အအေးမိဝေဒနာသက်သာလာရင်တောင်မှ ခန္ခာကိုယ်က ခုခံအားစနစ်က ရောဂါပိုးတွေကို တိုက်ထုတ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ချောင်းဆိုးတာမျိုးကဖြစ်နိုင်ပါတယ်လို့ ဆက်ရှင်းပြပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ နှာခေါင်းထဲကအချွဲတွေကြောင့် ဖြစ်ပါတယ်။ အီလီနျွိုက်ပြည်နယ်ဆေးရုံက သမားတော်ဒေါက်တာ Laura Boyd […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းနေပြီလား

လေထုညစ်ညမ်းတာ (Air Pollution) ဟာ လူတွေကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ အများအပြားပေးနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ရန်ကုန်မြို့ကြီးဟာ လေထုညစ်ညမ်းမှုမြင့်မားလာနေတယ်။ နေလို့၊ အသက်ရှူလို့ မကောင်းတော့ဘူး။ စိတ်ညစ်ညူးဖွယ်မြို့ကြီးဖြစ်လာနေပြီလို့ ဆိုနေကြတယ်မဟုတ်လား။ ဒီတင်လားဆိုတော့ မဟုတ်ပါဘူး။ အာဆီယံဒေသတွင်းတိုင်းပြည်တွေမှာဆိုရင်လည်း ဂျကာတာတို့၊ ဘန်ကောက်တို့ဟာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်နေရတဲ့ မြို့တော်ကြီးတွေပါ။ လေထုညစ်ညမ်းမှု မြင့်မားလာရင် ဖျားတာ၊ နာတာ၊ စိတ်ဖိစီးမှုများတာ၊ နှလုံး၊ အဆုတ်ရောဂါတွေနဲ့ ဆဲလ်ပျက်ဆီးမှုမျးတာလိုမျိုး ဝေဒနာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာက ရေရှည်ပြဿနာတစ်မျိုးဖြစ်ပါတယ်။ လူတိုင်းက လေထုညစ်ညမ်းမှုအကြောင်းနဲ့ ဘေးအန္တရာယ်တွေကို သတိထားမိပေမယ့် ကိုယ့်နေအိမ်အတွင်းက လေထုညစ်ညမ်းမှု (Indoor Air Pollution) အကြောင်းကိုတော့ မသိကြတာများပါတယ်။ နေအိမ်တွင်း လေထုညစ်ညမ်းမှုဆိုတာက ပြင်ပလေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက် ဆက်စပ်မှုနည်းပါးပြီးတော့ မိမိရဲ့ အိမ်တွင်း အလေ့အထတွေနဲ့ သန့်ရှင်းမှုပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ […]


ရာသီတုပ်ကွေး

အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

ဘာလိုလိုနဲ့ အအေးမိတုပ်ကွေး ရာသီကာလကိုတောင် ပြန်ရောက်လာတော့မယ်နော်။ ဒီလို နွေဦး၊ မိုးတွင်းကာလတွေဆိုတာ ကျား၊ မ အသက်အရွယ် မရွေး မကြာခဏဆိုသလို နှာစေးအအေးမိ ချောင်းဆိုးပြီး ဖျားနာတတ်ကြတဲ့ အချိန်ကာလတွေပေါ့။ အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လေထုထဲမှာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ရှိနေနိုင်ပြီး မွေးကင်းစကလေးမှ ဘိုးဘိုးဘွားဘွားအရွယ်ထိ ကူးစက်ခံရနိုင်တယ်နော်။ ဒီဆောင်းပါးမှာတော့ အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ ၊ ဘယ်လိုပိုပြီး ဂရုစိုက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ ဆိုတော့ ၁။ ကလေးတွေက ပိုဖျားလွယ်တယ်။ အအေးမိတုပ်ကွေးရဲ့ အဓိကလက္ခဏာကတော့ ချောင်းဆိုးခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ကလေးပဲဖြစ်စေ၊ လူကြီးပဲ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားတော့ ပျောက်သွားပြီ၊ ဘာလို့ ချောင်းဆိုးမရပ်သေးတာလဲ

တစ်ခါတစ်လေ ရက်ရှည်ကြာအောင် အပြင်းဖျားပြီး ပြန်နာလန်ထူတဲ့ အချိန်မှာ ချောင်းနည်းနည်းဆိုးနေသေးတာ သတိထားမိမှာပါ။ အအေးမိတုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ အပြင်းအထန်အလုပ်လုပ်ရပါတယ်။ ဒါကို အချက်ပြဖို့အတွက် ချောင်းဆိုးချင်လာအောင် ကိုယ်ခံအားစနစ်က လှုံ့ဆော်ပေးရပါတယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် ခန္ဓာကိုယ်က လက်ကျန် ရောဂါပိုးတွေကို ရှင်းထုတ်နေရတဲ့အတွက် ချောင်းဆိုးတာ၊ နှာရည်ယို၊ နှာပိတ်တာ အစရှိတဲ့ လက္ခဏာတွေကို ရက်သတ္တပတ် အနည်းငယ်ထိ ပြနေနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်မပါတဲ့ ချောင်းအခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ တချို့သော အခြေအနေမှာ အဖျားက အရှင်းမပျောက်သေးဘဲ နောက်ထပ် ရောဂါပိုးအသစ်ဝင်လာတဲ့အတွက် ဒုတိယအကြိမ်ဆိုသလို ဆက်တိုက်ပြန်ဖျားတာမျိုးလည်း ရှိပါတယ်။ ဒီအခြေအနေကိုတော့ secondary infection လို့ ခေါ်ပါတယ်။ ပထမဆုံး ဝင်လာတဲ့ ရောဂါပိုးကို […]


တီဘီရောဂါ

ဆေးယဉ်ပါးတီဘီ မဖြစ်မနေကုရမှာလား။

တီဘီလို့ပြောလိုက်တာနဲ့ ဒါဟာ ချောင်းဆိုးနှာချေရာကနေတဆင့် ကူးတယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့် တီဘီရှိတဲ့သူတစ်ယောက် ကိုယ့်နားမှာလာထိုင်ရင်တောင် ငါ့များကူးမလားဆိုပြီး နှာခေါင်းရှုံ့တတ်ကြပါတယ်။ တီဘီဖြစ်တဲ့သူတွေက မရှားပါဘူး။ မသိတာပဲရှိတာပါ။ ဘယ်သူကမှ တီဘီဖြစ်နေတာကို ​ကြေငြာပြီးသွားနေတာ မဟုတ်ပါဘူး။ ဒါတောင်ရိုးရိုးတီဘီပါ။ ဆေးယဉ်ပါးတီဘီ က ပိုပြီးကြောက်စရာကောင်းပါတယ်။ သာမန်ဆေးနဲ့ ကုလို့မပျောက်ဘဲ အဆင့်မြင့်တဲ့ဆေးတွေ၊ ထိုးဆေးတွေ သုံးရပါတယ်။ ပျောက်ဖို့လည်းခက်ပါတယ်။ တလောက ဆေးယဉ်ပါးတီဘီဖြစ်နေတဲ့ ဘတ်စ်ကားမောင်းသူတစ်ယောက်နဲ့ ကျောင်းဆရာမတစ်ယောက်က ဆေးဒဏ်ခံရမှာကြောက်လို့ ဆေးကုသဖို့ ငြင်းဆန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒါဆို သူတို့နဲ့ ထိတွေ့တဲ့သူတွေရော ဘယ်လိုလုပ်မလဲ။ ဆေးယဉ်ပါးတီဘီကူးစက်ခံရမှာလား။ ဒါက ကိုယ်ဖြစ်ကိုယ်ခံရောဂါမဟုတ်ပါဘူး။ သူများပါ ခံရမယ့်ရောဂါပါ။ ဒါကြောင့် ဆေးယဉ်ပါးတီဘီနဲ့ ပတ်သတ်ပြီး သိထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။ ဆေးယဉ်ပါးတီဘီဆိုတာ ဘာလဲ။ ဆေးယဉ်ပါးတီဘီဆိုတာ တီဘီပိုးက မျိုးဗီဇပြောင်းလဲပြီး ပုံမှန်ပေးနေတဲ့ တီဘီဆေးတစ်မျိုး ဒါမှမဟုတ် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

ခုလို အအေးဓာတ်ကဲတဲ့ ရာသီမျိုးတွေမှာ လူအတော်များများ ချောင်းဆိုးတဲ့ ဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ အအေးမိလို့ပဲဖြစ်စေ၊ အဆုတ်အားနည်းလို့ပဲဖြစ်စေ၊ တခြားကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်စေ ချောင်းဆိုးတာ၊ ချွဲကြပ်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နေလည်းကောင်းနေပြီ၊ အအေးမိဖျားနာဝေဒနာလည်း ပျောက်ကင်းနေပြီ၊ မိမိမှာလည်း ရောဂါ တစ်စုံတစ်ရာ မရှိပါပဲနဲ့ ချောင်းဆက်ပြီး ဆိုးနေသေးတာမျိုးတွေနဲ့ ကြုံရလေ့ရှိပါတယ်။ လက်လှမ်းမှီရာ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ကုသကြည့်ပေမယ့်လည်း တိတိပပ ပျောက်ကင်းသွားတာမျိုးမရှိပဲ ချောင်းဆက်ဆိုးနေတတ်တာမျိုးပါ။ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ....အောက်ပါ အချက် ၈ ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ https://hellosayarwon.com/respiratory-health/other-respiratory-issues/can-you-prevent-cough/ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ဆိုတော့ အသက်ရှူလမ်းကြောင်းထဲမှာ ပြဿနာရှိနေတာကြောင့် - များသောအားဖြင့် တုပ်ကွေး၊ ဖျားနာအပါအဝင် တခြားသော ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပြီးတဲ့အခါမျိုးမှာ ချောင်းဆိုးနေတာလေးတော့ ကျန်ခဲ့လေ့ရှိပါတယ်။ ဖျားတာနာတာတွေ ပျောက်ကင်းသွားပေမယ့် ခုလို ချောင်းဆိုးတဲ့ အခြေအနေကျန်ခဲ့ရတဲ့ […]


ရာသီတုပ်ကွေး

တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

တုပ်ကွေး ဆိုတာ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပြီး ဆောင်းဦးနဲ့ ဆောင်းတွင်းပိုင်းမှာ အဖြစ်များပါတယ်။ တုပ်ကွေးက တစ်ခါတလေ အလုပ်ပျက် ကျောင်းပျက် ဆေးရုံတက်ရ တဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် တုပ်ကွေး ဖြစ်ရင် ဘာလုပ်ကြမလဲ။ တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။ ပိုးသတ်ဆေးတွေက ဘာလုပ်ပေးသလဲ။ ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ ဆေးတစ်မျိုးပါ။  တုပ်ကွေးဆိုတာကရော ဘာလဲ။ တုပ်ကွေး ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ချောင်းဆိုး နှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေ ကနေ ကူးတတ်ပါတယ်။ အမှုန်အမွှားတွေက တံခါး လက်ကိုင်မှာ၊ စားပွဲ မျက်နှာပြင်မှာ ကပ်နေတတ်ပြီး ဒီပစ္စည်းတွေကို ကိုင်မယ်။ ပြီးတော့ မျက်နှာတို့ ပါးစပ်တို့ နှာခေါင်းတို့ကို ကိုင်မယ်ဆိုရင်လည်း ကူးစက်တတ် ပါတယ်။ ဒါကြောင့်လက်မကြာခဏဆေးဖို့ ပြောရတာပါ။ တုပ်ကွေး ဖြစ်ပြီ ဆိုရင် ဖျားမယ် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ရောဂါအကျဉ်း ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာဘာလဲ။ ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာ အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးလေပြွန်အိတ်လေးတွေမှာ ဓာတုပစ္စည်းတွေကို ရှူရှိုက်မိတာကြောင့် လေပြွန်နံရံတွေမှာ အမာရွတ်တွေဖြစ်၊ ကျဉ်းမြောင်းသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လေပြွန်တွေပါ ပိတ်ဆို့သွား၊ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါကို Bronchiolitis Obliterans လို့လဲခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ bronchiolitis လေပြွန်ငယ်လေးတွေယောင်ယမ်းခြင်းနဲ့ obliterans ပိတ်ဆို့ခြင်း ပါ။ ဒါကြောင့် ဒီရောဂါဟာ လေပြွန်အိတ်ငယ်လေးတွေ ယောင်ယမ်းခြင်းကြောင့် လေပြွန်တွေပိတ်ဆို့တဲ့ အဆုတ်ရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ ၂၀၀၄ ခုနှစ်မှာ ယူအက်စ်ရဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်မှုဋ္ဌာန (CDC) ကနေပြီးတော့ Popcorn Lung ရောဂါကေ့စ်တွေကိုစတင်ပေါ်ပေါက်လာကြောင်း သတင်းပို့ပါတယ်။ နောက်ကြောင်းပြန်လိုက်ကြည့် တဲ့အခါ မီဆိုရီပြည်နယ်က မိုင်ခရိုဝေ့ဖ်ထဲမှာ ဖောက်တဲ့ ပေါက်ပေါက်ဆုပ် စက်ရုံတစ်ရုံကသူတွေမှာ Bronchiolitis obliterans ရောဂါတွေကို တွေ့ရှိခဲ့ရပါတယ်။ ယူအက်စ်ရဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း