– အသည်း၊ နှလုံး နှင့် ဉီးနှောက် ပျက်စီးစေမှုတွေအတွက်ပါ ခြိမ်းခြောက်လာနေပါတယ်။
– ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုရင်လည်း အရမ်းကို အန္တရာယ်များပါတယ်။
ကမ္ဘာပေါ်မှာ နှစ်စဉ် ၇ သန်း သောသူတွေဟာ လေထုညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ကမ္ဘာပေါ်ရှိ ၉၃% သော ၁၅ နှစ်အောက် ကလေးတွေဟာဆိုရင် WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) က ချမှတ်ထားတဲ့ လေထုညစ်ညမ်းမှုစံနှုန်းထက် ဆိုးရွားတဲ့ လေထုကို ရှူရှိုက်နေရပြီး ဒီဖြစ်စဉ်ကြောင့် ကလေးတွေဟာ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာ၊ အသိဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း စတာတွေကို တွေ့ကြုံခံစားနေရပါတယ်။။
လေထုညစ်ညမ်းမှု အန္တရာယ်ကို အများဆုံးရင်ဆိုင်ရတဲ့သူတွေကတော့ အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ကြရတဲ့ စိုက်ပျိုးရေး/ မွေးမြူရေးဆောင်ရွက်သူများ၊ လမ်းမပေါ်ထွက် အလုပ်လုပ်ရသော သန့်ရှင်းရေးစည်ပင်ဝန်ထမ်းများ နှင့် ယာဉ်ထိန်းရဲ ကဲ့သို့သော သူများဖြစ်ပါတယ်။ ထို့အပြင် မိမိအိမ်အတွင်း ထင်းမီးနှင့် ချက်ပြုတ်စားသောက်ခြင်းသည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်ပွါးစေပါတယ်။ သတိပြုသင့်တဲ့အရာတခုက ဘာလဲဆိုတော့ ပြင်ပမှလေကလည်း အိမ်ထဲသို့ ဝင်ရောက်သလို အိမ်ထဲမှလေဟာလည်း အိမ်ပြင်သို့ ထွက်သွားနိုင်တာကြောင့် လေထုညစ်ညမ်းမှုဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
ဒါဆို လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့ ဘာတွေ့ လုပ်ဆောင်ရနိုင်မလဲ?
– ကားတွေ ရှုပ်ထွေးလှတဲ့ လမ်းမတွေနား မသွားဘဲနေမယ်။ (ကားတွေက လောင်စာဆီတွေ အသုံးပြုနေလို့ လေထုထဲကို ညစ်ညမ်းတဲ့ လေတွေကို ထုတ်လွှတ်နေပါတယ်)
– လေထုညစ်ညမ်းမှုမြင့်မားနေချိန်မှာ အိမ်အပြင်မထွက်ဘဲနေမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။