ခန္ဓာကိုယ်မှာအဆုတ်ရဲ့ တာဝန်ကဘာများလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2020 . 2 mins read
Share now

ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီအလိုက်မှာလည်း တာဝန်အသီးသီးရှိကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက သူတို့တာဝန် သူတို့ကြေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူသိုလှောင်ပေးနေတဲ့ အဆုတ်အကြောင်းကို နည်းနည်လောက်ပြောပြပေးပါရစေ။

အဆုတ်ဆိုတာ

အဆုတ်ဆိုတာက  ခန္ဓာကိုယ်ရဲ့လိုချင်တဲ့ အောက်ဆီဂျင်ကို ရယူပေးပြီး သွေးကြောတွေထဲကနေတဆင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည်ဖြန့်ဝေပေးပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်တာမှာ အကြိမ်ရေ ၆ သန်းလောက်ထိအသက်ရှူပါတယ်။ အဆုတ်ကြောင့် ခန္ဓာကိုယ်ကျန်းမာသလို အဆုတ်မကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။

ကိုယ်ထဲမှာ အဆုတ် ဘယ်နှခုရှိလဲ………..

ခန္ဓာကိုယ်မှာ အဆုတ်က နှစ်ခုရှိပါတယ်။ ဘယ်ဘက်မှာတစ်ခု ၊ ညာဘက်မှာတစ်ခုပါ။ အဆုတ်က ရင်ဘတ်ထဲမှာရှိနေပြီး နံရိုးရဲ့နောက်ဖက်မှာရှိနေပါတယ်။ ထိပ်ပိုင်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး ရင်ဝမ်းခြားမြှေးနဲ့ ဆုံတဲ့နေရာမှာ ခပ်ပြားပြားသဏ္ဍာန်ရှိနေပါတယ်။အဆုတ်ကတစ်စုံလို့ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက ပုံစံမတူပါဘူး။ ဘယ်ဘက်အဆုတ်မှာ နှလုံးအတွက် နေရာလေး ခပ်ဝိုက်ဝိုက်လပ်နေတတ်ပြီး ညာဘက်အဆုတ်ကတော့ အောက်ဘက်မှာ အသည်းကို နေရာပေးဖို့အတွက် ချန်ထားတာကြောင့် ညာဘက်အဆုတ်က ဘယ်ဘက်အဆုတ်ထက် ပိုတိုနေပါတယ်။ ဘယ်ဘက်အဆုတ်က ညာဘက်အဆုတ်ထက် အလေးချိန် မဆိုသလောက်နည်းပါတယ်။

အဆုတ်က ဘာတွေလုပ်ပေးလဲ………..

အဆုတ်ရဲ့ အဓိကတာဝန်က ပြင်ပလေထုထဲကလေတွေကို ရှူသွင်းပြီး သွေးကြောတွေကနေတဆင့် အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အနှံ့ကို သယ်ပို့ပေးတာပါ။ အသက်ရှုရအဆင်ပြေစေဖို့လည်း တာဝန်ယူထားပါတယ်။ ဒါတွေအပြင် အဆုတ်က

pH ပမာဏထိန်းညှိပေးတယ် 

ကာဗွန်ဒိုင် အောက်ဆိုဒ်များတာက ကိုယ်တွင်းမှာ အက်ဆစ်ဖြစ်နိုင်ခြေပိုများပါတယ်။ အက်ဆစ်ပမာဏတွေများလာတဲ့အခါ အဆုတ်က ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ဖို့လုပ်ဆောင်ပြီး pH ပမာဏကိုထိန်းညှိပေးပါတယ်။

စစ်ထုတ်ပေးတယ်

အဆုတ်က သွေးခဲလေးတွေကို စွန့်ထုတ်ပေးပါတယ်။

ကာကွယ်ပေးတယ်

အဆုတ်တွေက ထိခိုက်မှုတစ်စုံတရာဖြစ်တဲ့အခါ နှလုံးကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးတဲ့တာဝန်ကိုလည်း ယူထားပါတယ်။

ကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်

အဆုတ်မှာပါတဲ့ အမြှေးပါးလေးတွေက အဆုတ်ကို ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

ရောဂါပိုးတွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်ပေးတယ်

ပြင်ပကရောဂါပိုးတွေ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါ အဆုတ်က အသက်ရှူလမ်းကြောင်းကနေတဆင့် ကိုယ်ထဲကို ဝင်ရောက်လာတဲ့ အမှုန်တွေနဲ့ ဘက်တီးရီးယားတွေကို ချောင်းဆိုးတာ၊ နှာချေတာကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။

သွေးတွေကို သိမ်းဆည်းထားပေးတယ်

အဆုတ်က နှလုံးက သူ့ရဲ့လုပ်ငန်းတွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လိုအပ်တဲ့ သွေးတွေကို သိမ်းဆည်းထားပေးပါတယ်။ အဆုတ်က သွေးပမာဏ ၅၀၀ မီလီလီတာကနေ ၁၀၀၀ မီလီလီတာလောက်အထိ သိမ်းဆည်းထားနိုင်ပါတယ်။

အဆုတ်ကျန်းမာစေဖို့ ဘာတွေလုပ်ပေးရမလဲ………….

အဆုတ်ကျန်းမာစေဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးဖို့လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read