အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ

ခုလို ပူနွေးစိုစွတ်တဲ့ မိုးတွင်းကာလဆိုတာ အအေးမိတုပ်ကွေး ရောဂါပိုးတွေ အသောင်းကျန်းဆုံးကာလတစ်ခုပါပဲ။ ဘယ်နေရာပဲသွားကြည့်ကြည့် လူတွေ ဖျားနေကြတယ်၊ ချောင်းဆိုးနှာစေးနေကြတယ်၊ အအေးမိတာရော၊ အခုဆိုရော ဆင်တုပ်ကွေးလက်ချက်နဲ့ အဖျားပျောက်သွားတာတောင် အဆစ်အမြစ်ကိုက်တဲ့ဝေဒနာ ကျန်ခဲ့လို လူတွေကို ကြည့်လိုက်ရင် အားမရှိဘဲ ပိန်နေပြီး ကြည့်ရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တချို့တွေကျတော့လည်း ဖျားတဲ့အချိန် ဝေဒနာရဲ့ ဒဏ်ကို လှိမ့်ပိမ့်ခံလိုက်ရတယ်၊ အဖျားပျောက်သွားလို့ စိတ်ချမ်းသာရမလား ကြံတုန်းပဲရှိသေးတယ်၊ ချောင်းက တဟွတ်ဟွတ်နဲ့ ဆိုးနေသေးတော့ အဖျားကပဲ ကျန်သေးတာလား၊ နောက်တစ်ခါ ထပ်ပြီးဖျားတာလား၊ ဆေးခန်းပဲ ပြရမလား အရမ်းတွေ လမ်းပျောက်ကြတယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ဒီဆောင်းပါးမှာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပုံမှန်အဖျားက ဘယ်လောက်ကြာမှ ပျောက်တာလဲ။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဆေးတွေသောက်ပြီး၊ အိမ်မှာကောင်းကောင်းအနားယူပြီး […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား

ခုလိုရာသီအကူးအပြောင်းကာလမှာ လူတွေကြည့်လိုက်ရင် တုပ်ကွေးဖြစ်တာနဲ့၊ အအေးမိတာနဲ့၊ ကိုယ်လက်တွေ ကိုက်ခဲရတာနဲ့ စိတ်မချမ်းသာစရာတွေပဲနော်။ တုပ်ကွေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးရင် ထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုတာ သိပေမယ့်လည်း အချိန်မပေးနိုင်တာ၊ ပျင်းတာ၊ ဆေးထိုးခံရမှာကြောက်တာတွေကြောင့် ကာကွယ်ဆေးထိုးဖို့ကို လူတွေက လက်တွန့်တတ်ပါတယ်။ အဲ့တော့ တစ်မိနစ်လောက်လေး အနာခံရတာနဲ့ ရက်ပေါင်းများစွာ အစာမစားနိုင်၊ ကိုက်ခဲပြီး ချမ်းသလိုလိုဖြစ်၊ ကိုယ်ပူ၊ ချောင်းဆိုးနေရတာ ဘယ်ဟာက ပိုဝေဒနာခံရတာသက်သာမလဲဆိုတာ ပြန်တွေးကြည့်စေချင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို ဘယ်အရွယ်မှာ စထိုးလို့ရပြီလဲ။ အသက် ၆လအထက် ကျား၊ မ မရွေး တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် စောနိုင်သမျှ စောစောထိုးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဆေးထိုးပြီး ၂ပတ် မှ ၄ပတ်အထိ ကြာမှသာ ပြတတ်ပြီး တုပ်ကွေးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် နေ့ရွှေ့ရက်ရွှေ့မလုပ်ပါနဲ့၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။

အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ လြေ့ပွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။ အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့ Asthama (ပန်းနာရင်ကြပ် )- ဓါတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူ့ကြပ်တဲ့ ပြဿနာတစ်ခုပါ။ Chronic obstructive […]


အဆုတ်လေအိတ်ငယ်များ ပျက်စီးသော ရောဂါ

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

အဆုတ်တစ်ခုကောင်းကောင်း အလုပ်လုပ်ဖို့အတွက်ဆို လေပြွန်၊ အဆုတ်ကြွက်သားနဲ့ အဆုတ်လေအိတ်တွေ ကောင်းကောင်းအလုပ်လုက်ဖို့လိုပါတယ်။ လေပြွန်တွေကျဉ်းနေမယ်၊ အဆုတ်ပိုးဝင်ြပီး အဆုတ်ရောင်နေမယ် လေအိတ်လေးတွေ ပြားကပ်နေမယ်ဆိုရင် အသက်ရှူရကြပ်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။ လေပြွန်တွေ ကျဉ်းနိုင်တဲ့ ( bronchiolitis) အဆုတ်ပိုးဝင်တဲ့ ( pneumonia ) အကြောင်းတွေ တော်တော်များများသိပြီးကြပြီးဖြစ်တော့ ခု အဆုတ်လေအိတ်လေးတွေ ပျက်စီးတဲ့ ပြဿနာ( emphysema) ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ အကြောင်းပြောပြပေးချင်ပါတယ ဖြစ်စေတဲ့ အကြောင်းလေးတွေ မပြောခင် emphysema အကြောင်း အရင်ပြောပြချင်ပါတယ်။ နာတာရှည် အဆုတ်ရောဂါတစ်ခုဖြစ်ပြီး လေပြွန်ပိတ်ဆို့ အဆုတ်ရောဂါ ၂ မျိုးထဲက တစ်ခုပါ။ အဆုတ်နဲ့ ပက်သက်တဲ့ ရောဂါတွေထဲမှာဆို တတိယမြောက် လူသေမှု အများဆုံးဖြစ်စေတဲ့ နာတာရှည်အဆုတ်ရောဂါတစ်ခုပါ။ အဆုတ်လေအိတ်တွေကြားထဲက တစ်ရှူးစတွေ လုံးဝ ပြင်မရအောင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဒီနေ့သက်သာလိုက်၊ နောက်နေ့ကျ ပြန်ထလိုက်နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ နာတာရှည်ပြဿနာတစ်ခုပါ။ သောက်ဆေးတွေလည်း မှန်မှန်သော်ကနေရက်နဲ့ အခန့်မသင့်လို့ မတည့်တာတစ်ခုခုနဲ့ပြန်တွေ့ခဲ့ရင် ပန်းနာရင်ကြပ်ရောဂါ ပြန်ထသွားတတ်ပါတယ်။ ဒီတော့ ဒီလို ပန်းနာရင်ကျပ်ရောဂါပြန်ထနေတဲ့အချိန် ဘာတွေလုပ်ရမလဲ ။ ။ ပန်းနာရင်ကျပ်ရောဂါ ထိနေချိန် ဒါတွေလုပ်ကြည့်ပါ။ ဆေးမှန်မှန်သောက်ပါ။ နာတာရှည် ပန်းနာရင်ကျပ်သမားတွေအတွက် စွဲသောက်နေရတဲ့ဆေးက အရေးအကြီးဆုံးပါ။ ဆေးကို မှန်မှန် မပျက်မကွက်သောက်ဖို့ အရေးကြီးတဲ့အပြင် ရှူဆေးဆိုလည်း နည်းလမ်းမှန်မှန်နဲ့ ရှူပေးဖို့အရေးကြီးပါတယ်။ ဆေးက ပန်းနာရင်ကြပ်မသားတွေအတွက် အရေးကြီးတယ်ဆိုပေမယ့် အခြားနည်းလမ်းလေးတွေလည်း လိုအပ်ပါသေးတယ် ။ ဒါလေးတွေလုပ်ကြည့်ပါ။ ကော်ဖီသောက်ပါ - ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က လေပြွန်တွေကို ပွင့်စေတာကြောင့်ပါ။ တစ်ချို့လေ့လာချက်တွေအရ ကဖင်းဓါတ်ကလေပြွန်ကို ၄ နာရီတိုင်အောင် ပွင့်စေတယ်လို့ဆိုပါတယ်။ ရေနွေးငွေ့ရှူပါ - ရေချိုးတဲ့အခါ ရေနွေးစိမ်ချိုးတာတို့၊ ချွေးထုတ်ခန်းသွားတာမျိုးတွေက ပန်းနာရင်ကျပ်သမားတွေအတွက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု ။ ။

အာလုံးသိကြမှာ။ ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့် အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းက ဓါတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြား ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။ Heat ( အပူချိန်) လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသား လေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။ Cold( အအေး ) ။ အပူထက်စာရင် အအေးက ပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲံလေတွေက လေပြွန်တွေထဲမှာ ရှိတဲံ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှူဆေး Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ ။ ။

ပန်းနာရင်ကြပ် ရောဂါကို အားလုံးကြားဖူးကြမှာပါ။ အေးတဲ့ ရာသီဥတုမှာ၊ ဓါတ်မတည့်တဲ့ အရာတွေနဲ့ ထိမိတဲ့အခါမှာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးတွေမှာ အသက်ရှူရကြပ်ကြပ်လာတာ ပန်းနာရင်ကြပ် သမားတွေရဲ့ အဓိကဝေဒနာတစ်ခုပါ။ ဒါကို သက်သာစေဖို့အတွက် သူတို့သွားလေရာ ဆောင်သွားရတဲ့ ရှူဆေးဘူးလေးတွေရှိပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ခုမှ ရှူဆေးစရှူမယ့်သူတွေရော၊ ရှူနေတာကြာပြီဖြစ်တဲ့သူတွေရောသိထားသင့်တဲ့ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများအကြောင်းပဲ ဖြစ်ပါတယ်။ မှားတဲ့နည်းတွေနဲ့လုပ်မိရင် ဆေးအာနိသင် ထိရောက်တာ နည်းသွားပါလိမ့်မယ်။ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ။ ။ ( ၁ ) ဆေးဘူးကို လှုပ်ဖို့ မေ့သွားတာ။ ရှူဆေးဘူးကို မလှုပ်ဘဲ တန်းရှူတဲ့သူတွေ အများကြီးပါ။ ဒါဟာမှားနေပါတယ်။ ရှူဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေ သေချာ ရောအောင်လုပ်မှ ဆေးအာနိသင့်ထိထိရောက်ရောက်ရမှာ ဖြစ်လို့ မရှူခင် ဆေးဘူးကို ၁၅မိနစ်လောက် […]


ရာသီတုပ်ကွေး

ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ

နေမကောင်း ဖြစ်နေပြီ ဆိုရင် တုပ်ကွေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့ မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ ဆေးတွေကြောင့်ရယ်၊ နေလို့ မကောင်းတာရယ်ကြောင့် ခံတွင်းပျက်နေနိုင်တယ်။ ဒါ့ပြင် အစာကြေ လွယ်တာတွေပဲ စားရမှာ ဖြစ်လို့ မစားချင်တာလည်း ပါနိုင်ပါတယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့ အထဲ ဒါချည်းပဲ စားနေလို့မှ မဖြစ်တာလေ။ ဒီတော့ ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ ဆိုတာကို ရုတ်တရက် စဉ်းစားမရတာမျိုး ဖြစ်မနေရအောင် ဖော်ပြပေးလိုက်ပါတယ်။ ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ ဝေဒနာ အမြန် သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူး ကောင်းတဲ့ အစားအသောက်လေးတွေ ရှိပါသေးတယ်နော်။ ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ ဆိုတော့ - တခြားစွပ်ပြုတ် ကြက်စွပ်ပြုတ် လိုပဲ […]


အအေးမိဖျားနာခြင်း

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

ရာသီမရွေး အအေးမိဖျားနာ ဖြစ်နိုင်တယ်ဆိုပေမယ့် မိုးတွင်း၊ ဆောာင်းတွင်းကတော့ အအေးမိတာတွေ အဖြစ်အများဆုံးအချိန်ပါပဲ။ ပုံမှန်ကတော့ ၃ရက်ကနေ အလွန်ဆုံး တစ်ပတ်လောက်နဲ့ သက်သာသွားပေမယ့် တချို့လူတွေမှာကျ တစ်ခါဖျားလိုက်တာနဲ့ ၂ပတ်လောက်ထိကို မပျောက်ဘဲ သောင်တင်နေတတ်တယ်နော်။ အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်ကြရအောင်။ အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ ၁။ ကောင်းကောင်းအိပ်စက်အနားမယူလို့ အိပ်စက်အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ဖျားနာခြင်းကို တိုက်ထုတ်ပေးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ပုံမှန်အချိန်မှာလည်း တစ်နေ့ အိပ်ချိန် ၇နာရီအပြည့်အဝမရဘူး၊ ဖျားနေတဲ့အချိန်မှာလည်း ကောင်းကောင်းအနားမယူဘူးဆိုရင်တော့ ပြန်သက်သာဖို့ အချိန်ပိုကြာနိုင်တယ်နော်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီလို့ သံသယရှိတာနဲ့ လုပ်လက်စအလုပ်တွေကို နားပြီး နေ့ရော ညပါ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ၂။ အရည်သောက်နည်းလို့ လူက ဖျားပြီဆိုရင် ဘာမှမစားချင်၊ မသောက်ချင် ဖြစ်တတ်တာသိကြမှာပါ။ […]


တီဘီရောဂါ

အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း ။ ။

တီဘီ ရောဂါလို့ဆိုလိုက်တာနဲ့ ချောင်း ၂ ပတ်ထက်ကျော်အောင်ဆိုးမယ်၊ ဖျားမယ်၊ ကိုယ်အလေးချိန်ကျသွားမယ် စတာတွေကို ပြေးမြင်ကြပါတယ်။ ဒါတွေက တီဘီရောဂါရဲ့ လက္ခဏာတွေဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် အဆုတ်တီဘီရဲ့ လက္ခဏာတွေပါ။ ကိုယ်ခန္ဓါမှာ အဆုတ်တစ်ခုတည်း တီဘီရောဂါဖြစ်နိုင်တာမဟုတ်ပါဘူး။ အခြားနေရာတွေမှာဖြစ်တဲ့ တီဘီရောဂါတွေလည်း ရှိပါသေးတယ်။ အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း။ ။ ပြောရမယ်ဆိုရင် တီဘီရောဂါဟာ လူသားတိုင်းမှာ ရှိနေတတ်ပြီး ခုခံအားက ထိန်းထားလို့ ကြွမလာတဲ့ ရောဂါတစ်ခုပါ။ သိကြတဲ့အတိုင်း တီဘီရောဂါက လေနဲ့ ကူးစက်ဆိုတော့ အရမ်းပျံ့နှံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ အဲဒီအထဲမှာ အဖြစ်အများဆုံးကတော့ အားလုံးသိနေတဲ့ အဆုတ်တီဘီပေါ့။ ဒါပေမယ့် အဆုတ်အပြင် ကိုယ်ခန္ဓါရဲ့ အခြားနေရာမှာ တီဘီရောဂါဖြစ်နိုင်ပါသေးတယ်။ သူတို့တွေကတော့ ( ၁ ) Lymph node TB ကိုယ်ခန္ဓါရဲ့ စနစ်တွေထဲမှာ အပြင်က ရောဂါပိုးတွေဝင်လာရင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း