အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ကိုက်လန်၊ ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အာဟာရဓာတ်တွေက အသက်ရှုလမ်းကြောင်းမှာဖြစ်နေတဲ့ ရောဂါတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ
လိမ္မော်သီး၊ ဘယ်ရီသီး နဲ့ ကီဝီသီးတို့လိုမျိုး အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေသလို ရောဂါကို မြန်မြန်သက်သာစေနိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ပြင်ပကရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်လာတာမျိုးမဖြစ်အောင် အကောင်းဆုံးဟန့်တားနိုင်ပါတယ်။
အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ
ဒိန်ချဉ်လိုမျိုး က အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တွေက အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ပိုးမွှားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။
ပျားရည်
ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်ဆိုတာကိုသိထားပြီးသားဖြစ်မှာပါ။ ပျားရည်ရဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က အဆုတ်ရောင် ရောဂါကိုလည်းအထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။