ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား

ဘေဘီလေးလိုချင်တဲ့ ဆန္ဒက စုံတွဲတိုင်း လိုလိုမှာ ရှိကြပါတယ်။ ကျန်းမာတဲ့ စုံတွဲအတွက် ကလေးယူတယ်ဆိုတာက သိပ်ပြီး စဉ်းစားရမယ့် အကြောင်း မရှိပေမယ့် ကျန်းမာရေးပြဿနာအခံ ရှိတဲ့ စုံတွဲတွေမှာတော့ ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။ ဒီအထဲမှာမှ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားမယ့် မေမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေရင် ပိုပြီး စဉ်းစားရပါတယ်။ ကလေးကိုရော ကျန်းမာရေးပြဿနာက ကူးစက်မလား .... ကလေးက ကျန်းမာပါ့မလားဆိုပြီးတော့ပေါ့။ ဒီတစ်ခေါက်တော့ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတော့ ရပါတယ်။ ဒါပေမယ့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်ချိန်က အမျိုးသမီးတိုင်းအတွက် အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပါ။ ဒီကာလမှာ ကျန်းမာတဲ့ မေမေတွေတောင် အတော်လေး ဂရုစိုက်ရတဲ့အချိန်ပါ။ ဒီလို အစစအရာရာ အတိမ်းအစောင်း မခံတဲ့ ကာလမှာ နာတာရှည် ကျန်းမာရေးပြဿနာ တစ်မျိုးဖြစ်တဲ့ ဆီးချို ခံစားနေရတဲ့ မေမေတွေအနေနဲ့ ပုံမှန်ထက် အတော်လေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဆီးချိုရှိမယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါမှ ကျန်းမာတဲ့ ကလေးလေးတွေ မွေးဖွားလာမှာပါ။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာက ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

လူခြောက် လေးက စီးပွားတက်စေသလား။

လူခြောက် လေးမွေးပြီဆိုရင် မိဘတွေက စီးပွားတက်တယ်။ ဒီကလေးက အိပ်မက်ပေးတယ်။ အသက်ရှိနေတဲ့ ကလေးလိုပဲ ကျွေးရတယ်။ အဝတ်အစားတွေ ဆင်ပေးရတယ်။ အရွယ်ရောက်လာရင် အိမ်ထောင်ထောင်တောင် ချပေးရတယ်တဲ့။ ဒါကတော့ လောကီထဲက အယူတွေပေါ့။ သိပ္ပံပညာမှာတော့ လူခြောက်လေးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူခြောက်လေးက ဘယ်ကဖြစ်လာတာလဲ။ လူခြောက်ဆိုတာက ပြောရမယ်ဆိုရင် သန္ဓေသားလေးက မိခင်ရဲ့ ဝမ်းထဲမှာတင် ဆုံးသွားတာပါ။ ကိုယ်ဝန်ပတ် ၂၀ကျော်ကနေ မမွေးမချင်း မိခင်ရဲ့ ဝမ်းထဲမှာ ဆုံးသွားတာတွေ အကုန်လုံးအကျုံးဝင်ပါတယ်။ အရင်ကတော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြလို့ အမေ့ဗိုက်ထဲမှာတင် ဆုံးသွားတဲ့ကလေးတွေ များပါတယ်။ ဒီတော့ လူခြောက်လေးတွေလည်း များပါတယ်။ ခုနောက်ပိုင်းတော့ ကိုယ်ဝန်စောစောအပ်ကြတဲ့ မိခင်တွေ များလာကြတော့ ဒီလိုမျိုးဆုံးတာတွေ နည်းသွားပါပြီ။ ဒီတော့ လူခြောက်လေးတွေလည်း အတွေ့ရနည်းသွားတာပေါ့။ ဒါပေမယ့် ရှိတော့ရှိနေပါသေးတယ်။ လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့် ဗိုက်ထဲက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြာင်းအလဲတွေ၊ စားသောက်နေထိုင်ပုံတွေကြောင့် တချို့သော သွားပြဿနာများ ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် မိခင်အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဂရုစိုက်ကြတာဖြစ်လို့ သွားကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ မေ့တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ နဲ့ ဖြေရှင်းနည်းများ သွားကြွေလွှာ ပျက်စီးတာ ကိုယ်ဝန်နုချိန်မှာ အန်တာရော၊ ခဏခဏ စားတာကြောင့်ရော သွားကြွေလွှာတွေက အက်စစ်နဲ့ မကြာခဏ ထိတွေ့ရတတ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ရင့်လာတဲ့အခါ စားချဉ့်ရည်ဆန်တက်တဲ့ ပြဿနာလည်း ဖြစ်လာတာကြောင့် သွားကြွေလွှာက အက်စစ်နဲ့ ထပ်ထိတွေ့ရပြန်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာ သွားကြွေလွှာတွေက အက်စစ်နဲ့ ဆက်တိုက် ထိတွေ့နေရမှာပါ။ ဖြေရှင်းနည်း - ဒါကိုဖြေရှင်းဖို့ဆိုရင် စားသောက်တဲ့ ပုံစံကို ပြောင်းဖို့ လိုပါတယ်။ ခဏခဏ အန်နေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အအန်သက်သာဆေးတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို မထိခိုက်အောင် ဟိုဟိုဒီဒီ ကြိုပြင်လေ့ရှိပေမယ့် အရေးမကြီးပါဘူးဆိုပြီး မေ့ထားတတ်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါက သွားကျန်းမာရေး ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ သွားနဲ့ ခံတွင်းပြဿနာတချို့ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ပိုဆိုးတာက သွားပြဿနာတွေက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး ထိခိုက်ရတာ ဘာကြောင့်များလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး ထိခိုက်တာက မိခင်တိုင်းလိုလို ကြုံရတဲ့ ကိစ္စပါ။ သတိမထားမိလို့သာ မဖြစ်ဘူးလို့ ထင်ကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့ သွားသန့်ရှင်းရေး မလုပ်ဖြစ်တာ လူတိုင်းက ညဘက်ရောက်ပြီဆို သွားတိုက်ရမှာ ပျင်းကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ပိုဆိုးပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် လူက ပင်ပန်းနေတဲ့အတွက် သွားတိုက်ဖို့၊ သွားပွတ်ကြိုး သုံးဖို့ကို စိတ်မပါတော့ပါဘူး။ ဒါ့ပြင် အရင်က ၆လတစ်ကြိမ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အချင်းကပ် တာ ကောက်ညှင်းစားလို့လား

ကိုယ်ဝန်ဆောင်ဘဝမှာ ယုံတမ်းစကားတွေက မကြာခဏ ကြားရပါတယ်။ အထူးသဖြင့် ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မစားရဘူး တားမြစ်ချက်တွေပါ။ မေမေတွေကလည်း ကိုယ့်ကလေး တစ်ခုခု ဖြစ်မှာစိုးလို့ ဟိုဟိုဒီဒီ ရှောင်ကြပါတယ်။ ခုပြောပြမယ့် အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတာ ကလည်း တစ်ခု အပါအဝင် ပါပဲ။ အချင်းကပ် တာ ကောက်ညှင်းစားလို့လား အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတော့ အရင်ဆုံး အချင်းကပ်တဲ့ အကြောင်းကို သိထားဖို့ လိုပါတယ်။ ဒါမှ ကောက်ညှင်းနဲ့ ဆိုင်၊ မဆိုင် မေမေတို့ ဆုံးဖြတ်နိုင် မှာပါ။ ပုံမှန်ဆိုရင် အချင်းက သားအိမ်ရဲ့ အတွင်း နံရံမှာ အသာလေးပဲ တွယ်နေတာပါ။ အဲ့ကနေမှ လိုအပ်တဲ့ အာဟာရတွေကို ချက်ကြိုး ကနေတဆင့် ကလေးကို ပေးတာပါ။ အချင်းကပ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏ မေ့တတ်တာ ဘာကြောင့်လဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံတွေကို ခံစားရပါတယ်။ အများအမြင်မှာ ဗိုက်လေး ဆူထွက်လာတာပဲ ဆိုပေမယ့် တကယ်တော့ သူကြုံတွေ့နေရတာ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာရော အပြောင်းအလဲတွေ အများကြီး ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကို မှတ်ဉာဏ်ကျဆင်းသွားတယ်လို့ရော ခံစားမိပါသလား။ အခန်းထဲကို တစ်ခုခုယူဖို့ ဝင်သွားပြီး အခန်းထဲရောက်မှ ဘာလုပ်ရမှန်း မသိတာမျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏ မေ့တတ်တာ မေမေတစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်များနဲ့ မေ့တတ်တဲ့ ပြဿနာ ဒီလို ဖွတ်မေ့ ပုဒတ်မေ့ မေ့တတ်တာ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ အပြောင်းအလဲတွေ များစွာထဲက တစ်ခုပါ။ Pregnancy brain ဒါမှမဟုတ် Momnesia လို့ ခေါ်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး ဒါက ပုံမှန်ပါပဲ။ အရင်ကလောက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်

ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ မွေးမယ့်ရက်ကို ဂျုးဒိတ်ကနေတဆင့် သိနိုင်ပါတယ်။ ရာသီလာမယ့်ရက်ကနေ တွက်တာနဲ့ အယ်ထွာဆောင်းကနေ တွက်တာ နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဂျူးဒိတ်နီးလာပြီဆို မေမေတို့ မွေးဖို့ ပြင်ဆင်ကြရပါပြီ။ ဒါပေမယ့် ဂျူးဒိတ်ကျော် တဲ့အထိ မမွေးသေးဘူးဆိုရင်ရော ဘာလုပ်ကြမလဲ။ ဂျူးဒိတ်ကျော်  တဲ့ ကိုယ်ဝန်ဆိုတာ ကိုယ်ဝန်ဆောင်တဲ့ ကာလက အများအားဖြင့် ရက်ပေါင်း ၂၈၀၊ အပတ်အားဖြင့် ၄၀ ကြာပါတယ်။ ဒါကိုယ်ဝန်မရခင် နောက်ဆုံး ရာသီလာခဲ့တဲ့ ပထမရက်က စတွက်တာပါ။ ဒါကြောင့် ပုံမှန်ကိုယ်ဝန်က အပတ်၄၀ပြည့်ရင် မွေးပါပြီ။ အပတ် ၄၀ကျော်လို့ ၄၁ပတ်နဲ့ ၄၂ပတ်ကြားကို late term လို့ ခေါ်ပါတယ်။ မွေးဖို့ နောက်ကျတဲ့ ကိုယ်ဝန်ပေါ့။ ၄၂ပတ်ပါ ကျော်သွားရင်တော့ post term ပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်က သက်သောင့်သက်သာ မဖြစ်တာကြောင့် အိပ်ဖို့ ခက်လာပါတယ်။ ကိုယ်ဝန်အတွက် စိုးရိမ်ရတာ၊ စိတ်လှုပ်ရှားရတာတွေလည်း ပါတာပေါ့။ ဒါဆို မေးစရာ ရှိနိုင်တာက ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့...... ဆိုတာပေါ့။ အစားအသောက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကလည်း ကိုယ်ဝန်ဆောင်မေမေ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ စားပေးသင့်တာလေးတွေကို ပြောပြပေးပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့...... ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ဆိုရင် နေ့စဉ် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ သောက်ရေ  ရေကတော့ နေ့တိုင်း သောက်ဖြစ်တာပဲလေ ဒါပေမယ့် အိပ်မပျော်တာက မပျော်တာဘဲလို့ တွေးနေတာလား။ ရေဓာတ် ပြည့်ဝမှုက ကျန်းမာရေးပေါ်မှာရော အိပ်စက်မှု […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်