ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။

ကိုယ်ဝန်ပျက်ကျ တာက လနုလေလေ ပိုဖြစ်နိုင်လေလေပါ။ အများစုက ကိုယ်ဝန်ပတ်၂၀မတိုင်ခင်မှာ ပျက်ကျကြတာ များပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ ဘာကြောင့်ပဲ ပျက်ပျက်ပါ။ ကိုယ်ဝန်ပျက်သွားတဲ့ မိခင်ဟာ ဒီအချိန်မှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနေမှာပါ။ သူတင်မကပါဘူး။ သူ့အမျိုးသားရော၊ သူ့မိသားစုပါ ခံစားနေရမှာပါ။ သိပ်ပြီးမျှော်လင့်ထားတဲ့ ကိုယ်ဝန်၊ သားဦးကိုယ်ဝန်ဆို ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ပြီးတဲ့ နောက်ပိုင်းမှာ စိတ်ရော ကိုယ်ပါ အားပေးနေဖို့ လိုပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။ ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။ ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။ ဆိုတော့ အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာကစပြောရအောင်။ ကိုယ်ဝန်ပျက်ထားတဲ့ အမျိုးသမီးဟာ ကလေးမွေးထားတဲ့ အမျိုးသမီးလိုပါပဲ။ သူ့အတွက် ကိုယ်ဝန်ပျက်ပြီးစ အချိန်ဟာ မီးတွင်းကာလပါပဲ။ ကိုယ်ဝန်ပျက်တာ ဘယ်နှပတ်မှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကို စိတ်ဓာတ်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဆေးဝါးမလိုဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ပြောပြပေးပါရစေ။ ကဲ ... ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင် မေမေကို အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ........... ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ စိုးရိမ်ပူပန်စိတ် များတာ အစာမကြေသလို ခံစားရတာ အယ်လ်ကိုဟော သောက်သုံးမိတာ ခန္ဓာကိုယ် အနေအထား နေရတာ သက်တောင့်သက်သာ မရှိတာ မအိပ်ခင် ရေအများကြီး သောက်မိတာ သက်သောင့်သက်သာ မရှိတဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အမျိုးသမီးတွေက လိင်ကတဆင့်ကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေရှိပါတယ်။ ပိုဆိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ဒီရောဂါပိုးတွေက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တချို့ရောဂါတွေဆို ကလေးဆီကိုရောက်သွားပြီး ကလေးမှာပါ ဆက်ပြီး ကူးစေတာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကြောင့် ကိုယ်ဝန်ပျက်တာ၊ လမစေ့ဘဲမွေးတာ၊ ကလေးအသေမွေးတာတွေ ဖြစ်နိုင်သလို ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်  မိခင်အနေနဲ့ ဒီလိုကူးစက်ရောဂါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကတော့  HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှု အေအိုင်ဒီအက်စ်ရောဂါ HIVက ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ နို့တိုက်ချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာတော့ ဆေးဝါးတွေလည်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအတွင်းမှာ ရှိတဲ့ တစ်ရှူးနဲ့ သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် စအိုဝ ပတ်လည်မှာ ရှိတဲ့ အရေပြား ပွပြီး ရောင်ရမ်းခြင်းကို ဆိုလိုတာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း လိပ်ခေါင်းရောဂါ ပိုအဖြစ်များတတ်ပါတယ်။ အကြောင်းရင်းကတော့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးရဲ့ ဝန်ဟာ စအိုနေရာကို ဖိအားအပို ဖြစ်စေနိုင်လို့ပါ။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာရော ကလေးမွေးပြီးနောက်မှာပါ လိပ်ခေါင်း ဖြစ်နိုင်ခြေက ပိုများလာတတ်ပါတယ်။ အထူးသဖြင့် ဗိုက်ခွဲမွေးတာမဟုတ်ဘဲ ရိုးရိုး မိန်းမကိုယ်လမ်းကြောင်းကနေ ညှစ်ထုတ်ပြီး ကလေးမွေးတဲ့ မေမေတွေမှာလည်း အဖြစ်များနိုင်ပါတယ်။ လိပ်ခေါင်းသည် သူ့အလိုလို ပျောက်သွားနိုင်လား။ တချို့သော လိပ်ခေါင်းတွေဟာ အရမ်း မပြင်းထန်တဲ့အတွက် ကုသမှု ကြီးကြီးမားမား ခံယူစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ လိပ်ခေါင်း အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်နေတာလဲ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်တွင်း ကလီစာကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာခြင်း၊ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် တင်ပဆုံအရိုးအရွတ်တွေ အားပျော့လာခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ အချက် ၆ချက်ကို ရေးသားဖော်ပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ ခု ကို ပြောပြပေးမယ်နော်။ ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း တွေကတော့ - (၁) ကိုယ်ဟန်အနေအထားမှန်မှန်နေထိုင်ခြင်း ကိုယ်ဝန်လရင့်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့အလေးချိန်ဟာ ရှေ့မှာပုံလာပါတယ်။ Centre of Gravityက ခန္ဓာကိုယ်ရှေ့ကိုရွေ့လာတာပါ။  ရှေ့ကိုယိုင်သွားတာကို ထိန်းဖို့ ခန္ဓာကိုယ်က နောက်ကိုလန်လာတတ်ပါတယ်။ အဲ့ဒီလိုနောက်ကိုလန်နေခြင်းဟာ ခါးအောက်ပိုင်းကကြွက်သားတွေကို ဆွဲညှစ်သလိုဖြစ်ပြီး ခါးနာခြင်းကို ပိုခံရစေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့အတွက် -ဖြောင့်ဖြောင့်မတ်မတ်ရပ်ပါ။ -ရင်ဖွင့်ပြီးနေပါ။ ​-ပခုံးကိုလည်း အသာလျှော့ပြီးနေပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ များသောအားဖြင့် ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို မကြာခဏကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ တစ်နေ့တည်းနဲ့ သုံးလေးကြိမ်လောက် ဝမ်းသွားနေမယ်၊ အရည်တွေပဲ သွားမယ်ဆိုရင်တော့ ဝမ်းပျက်ခြင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ အူလမ်းကြောင်း ကပ်ပါးကောင်များကြောင့် ဝမ်းပျက်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းနဲ့ ဆေးဝါးတချို့ သောက်သုံးရာကနေလည်း ဝမ်းပျက်နိုင်ပါတယ်။ ဒါတွေအပြင် IBS လို့ခေါ်တဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ၊ ခရွမ်းရောဂါ (Crohn's disease) ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါ

မေမေတွေက ကိုယ်ဝန် ရှိတာကို သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါ Fetal alcohol spectrum disorder လို့ ခေါ်တဲ့ပြဿနာပေါ်လာပါတယ်။ ကိုယ်ဝန် ဆောင်မေမေ တွေအတွက် စိတ်ချလက်ချသောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်အပါအဝင် ဝိုင်နဲ့ ဘီယာကို ကိုယ်ဝန် ဆောင်မေမေ သောက်မိတာနဲ့ ကလေးမှာ Fetal alcohol spectrum disorder ဖြစ်ဖို့ အလားအလာရှိပါတယ်။ အရက်က သင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ သင်ကြားရေးကို ထိခိုက်စေပါတယ်။ ပိုဆိုးတာက ဒါတွေက သေရာပါစွဲပြီး ပြန်ကောင်းလာနိုင်ချေမရှိပါဘူး။ Fetal alcohol spectrum disorder ဖြစ်ရတဲ့အကြောင်းရင်း ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါ အရက်က သင့်သွေးထဲကနေ တစ်ဆင့် အချင်းကို ဖြတ်ပြီး ကလေးဆီကို ရောက်ပါတယ်။ ကလေးရဲ့ကိုယ်က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အချင်းရှေ့ရောက် ခြင်း

အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဥ်မှာ ကလေးလေးကို အာဟာရပေးဖို့အတွက်ရော ကလေးလေးဆီက အညစ်အကြေးတွေကို စွန့်ပစ်ဖို့ရော လုပ်ပေးပါတယ်။ လနုစဥ်မှာ အချင်းက သားအိမ်အောက်ခြေမှာရှိပါတယ်။ ဒါကပုံမှန်ပါ။ ဒါပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သားအိမ်အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင်တော့ ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြလိုက်လို့ အားလုံးကောင်းပါတယ်။ အချင်းရှေ့ရောက်နေတာတစ်ခုပဲလို့ပြောရင် နားမလည်တတ်ကြပါဘူး။ ဒါကဘာကိုပြောတာလဲဆိုတာကို လေ့လာရအောင်။ အချင်းရှေ့ရောက် တာက ဘယ်သူတွေဖြစ်နိုင်လဲ။ အရင်က ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေ အရင်က သားအိမ်ခွဲစိတ်ဖူး၊ ခွဲမွေးဖူး၊ သားအိမ်ခြစ်ဖူးပြီး သားအိမ်မှာ အမာရွတ်ကျန်ခဲ့သူတွေ အရင်ကိုယ်ဝန်မှာ အချင်းရှေ့ရောက်တဲ့သူတွေ အမြွှာကိုယ်ဝန်ဆောင်သူတွေ အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့သူတွေ ဆေးလိပ်သောက်သူတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ရေမြွာရည် များ ခြင်း

အယ်ထွာဆောင်း ရိုက်လိုက်လို့များ အဖြေက ကလေးလည်း ကောင်းတယ်။ အချင်းလည်း ပုံမှန်ပဲ။ ကလေးလည်း ပုံမှန်ကြီးတယ်။ ရေမြွာရည်လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကို ပြောတာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေ အကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို ရေမြွာရည် များ တယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။ ရေမြွာရည် ဆိုတာဘာလဲ။ ရေမြွာရည် ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာ မရအောင်၊ အပူအအေးဒဏ် ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်း ဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေ သန်မာအောင်၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေအောင်၊ ချက်ကြိုးကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်