စီစဉ်မထားတဲ့ ကိုယ်ဝန်
ဆီးချို ရှိတဲ့ မေမေ တစ်ယောက်အနေနဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမယ်ဆိုရင် ကိုယ်ဝန်ရှိနေပြီလို့ သိတာနဲ့ မြန်နိုင်သမျှ မြန်မြန် တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာရမယ့် အချက်တွေ
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ကာလ ဖြစ်စေဖို့ ဒီအချက်တွေကို လိုက်နာဖို့ လိုပါမယ်။
- ကလေးမယူသေးဘူးဆိုရင် သားဆက်ခြားနည်းကို သေချာလေး လိုက်နာဖို့ လိုပါမယ်
- ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိရှိထားဖို့ လိုပါမယ်။ ဒါမှ အန္တရာယ်တွေကို လျှော့ချနိုင်မှာပါ
- အမြဲတမ်း ဆရာဝန်နဲ့ ဆွေးနွေးပါ
- သွေးချိုကို ပုံမှန် ထိန်းပါ
- သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေက ကလေးကို ထိခိုက်စေနိုင်လားဆိုတာကို ဆန်းစစ်ပါ
- နေ့စဉ် ဖောလစ်အက်ဆစ် သောက်ပေးပါ
- မျက်လုံး နဲ့ ကျောက်ကပ် ပုံမှန် စစ်ဆေးပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ပါ (ဥပမာ – အာဟာရပြည့်ဝမျှတအောင် စားပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ)
ဆီးချိုရှိတဲ့ မေမေတွေ ဒီအချက်လေးတွေ သတိထားပေးပါ
ဆီးချိုရှိတဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက် မေမေရော ဗိုက်ထဲက ကလေးလေးပါ ကျန်းမာပြီး မွေးလာတဲ့အခါ ကလေး ကျန်းမာစေဖို့ဆိုရင် အရေးအကြီးဆုံးက သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိဖို့ လိုသလို ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သွေးတိုးတာ၊ အမြင်အာရုံ ဆုံးရှုံးတာ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်မလာစေဖို့အတွက် သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါတွေအပြင် ဆီးချိုကြောင့်
- ကိုယ်ဝန်ဆိပ်တက်တာ – သွေးတိုးတာက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေလို့ပါ။
- အင်ဆူလင်တုံ့ပြန်မှု မရှိတာ
- ကိုယ်ဝန်ပျက်ကျတာ
- ကလေးက ပုံမှန်ထက် ထွားတာကြောင့် မွေးဖွားရခက်တာ
- မွေးရာပါ ချို့ယွင်းချက်ရှိတာ – ကလေးရဲ့ နှလုံး၊ ဦးနှောက်၊ ကျောရိုး၊ ကျောက်ကပ်တွေနဲ့ အစာခြေစနစ်၊ ခြေလက် နဲ့ ပါးစပ်တွေမှာ မွေးရာပါချို့ယွင်းချက် ပါလာတာမျိုးတွေ ရှိနိုင်တာကြောင့် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ပုံမှန် သွေးချိုတိုင်းတာတာတွေ လုပ်ဆောင်ပြီး ကိုယ်တိုင် ကျန်းမာရေးကိုရော ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။