backup og meta

ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်းအနေနဲ့ ခန္ဓာကိုယ်မှာ များစွာသော ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ ဆီးအရောင်ကလည်း တစ်ခု အပါအဝင် ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာက မေမေတို့ကို စိတ်ပူပန်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာ ပုံမှန်ပဲလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်နောက်ကျိတာ ဖြစ်နိုင်တယ် ဆိုပေမယ့် အချို့သော အကြောင်းအရင်းတွေကတော့ ပုံမှန်လို့ ဆိုလို့ မရဘူးပေါ့။ 

    ဥပမာ – ဆီးအရောင်နောက်ကျိတာက ကိုယ်ဝန်ဆောင်မေမေမှာ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်နိုင်သလို အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း ဆီးအရောင်နောက်ကျိတာကို ဖြစ်စေနိုင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ!

    ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ 

    • ရေသောက်နည်းတာ

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းတာက ဆီးအရောင်ရင့်စေနိုင်သလို ဆီးအနံ့ပြင်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်နောက်ကျိရတဲ့ အကြောင်းအရင်းတစ်ခုက ရေသောက်နည်းတာပါ။

    ဒါကြောင့် ဆီးအရောင်နောက်ကျိနေပြီဆိုရင် ရေများများ သောက်ပေးပါ။ 

    • ဆီးလမ်းကြောင်း ပိုးဝင်တာ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ဆီးအရောင်နောက်ကျိစေပြီး ဆီးသွားရင် နာကျင်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ဆီးအရောင်နောက်ကျိတာကို ဖြစ်စေနိုင်ပါတယ်။ 

    • အဖြူဆင်းများတာ

    ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝအားဖြင့်လည်း ဟော်မုန်းအပြောင်းအလဲ‌ကြောင့် အဖြူဆင်းများတတ်ပါတယ်။ ဒီအဖြူရောင် အကျိအချွဲတွေက ဆီးနဲ့ရောသွားတဲ့အခါ ဆီးရောင်နောက်တတ်ပါတယ်။ ဒါပေမဲ့ အဖြူဆင်းတာနဲ့အတူ မိန်းမကိုယ်ယားတာ၊ အနံ့ဆိုးတာ၊ အရောင်ပါတဲ့ အဖြူဆင်းလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။ မိန်းမကိုယ်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။

    ဆီးအရောင် နောက်ကျိတာက သားသားလေးလား၊ မီးမီးလေးလား ခွဲပေးနိုင်လား!

    ဆီးအရောင်နောက်ကျိတာက သားသားလေးလား၊ မီးမီးလေးလား မခွဲခြားနိုင်ပါဘူး။ ဆီးအရောင်က ဘေဘီလေးက သားသားလေးလား မီးမီးလေးလား ဆိုတာကို ခွဲခြားပေးတာမျိုး မလုပ်နိုင်ပါဘူး။ ရေသောက်နည်းတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး အခြေအနေတွေကို ဖော်ပြနေတဲ့ အရာပါ။ 
    • ကျောက်ကပ်မှာ ကျောက်တည်တာ

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ကျောက်ကပ်မှာ ကျောက်တည်တာကို ခံစားနေရမယ်ဆိုရင်လည်း ဆီးအရောင်နောက်ကျိတာကို ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။

    • ဟော်မုန်း ပြောင်းလဲတာ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့် ရင်သားနာကျင်တာ၊ အသားအရေ ပြောင်းလဲတာမျိုး တွေကို ဖြစ်စေနိုင်သလို ဆီးအရောင်နောက်ကျိတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲတာကလည်း ကိုယ်ဝန်ဆောင်မေမေကို ဆီးအရောင်နောက်ကျိစေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

    • ကိုယ်ဝန်ဆိပ်တက်တာ

    ကိုယ်ဝန်ဆောင်တိုင်း ကြောက်ကြတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းမှာလည်း ဆီးအရောင်နောက်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါ ဆီးထဲမှာ အသားဓာတ်တွေပါလာတာ‌ကြောင့် အရောင်နောက်ရတာပါ။

    ဆီးအရောင်နောက်တာနဲ့အတူ ခေါင်းတအားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခြေလက်ဖောတာ၊ မောတာ၊ သွေးပေါင်တက်တာတွေ ဖြစ်လာရင် သတိထားပါ။ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်ပြဖို့ လိုမလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာက ရေသောက်နည်းတာကြောင့် ဖြစ်နိုင်သလို အပေါ်မှာ ပြောပြခဲ့တဲ့ အကြောင်းအရင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာနဲ့အတူ ဆီးသွားရခက်တာ၊ ဆီးက ပူနေတာ၊  အဖျားဝင်တာမျိုးကိုပါ ခံစားရမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ အထူးသဖြင့် ဆီးသွားတိုင်း အရောင်နောက်နေမယ်။ ရေများများသောက်တာတောင် မသက်သာဘူးဆိုရင်ပေါ့။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်နောက်ကျိတာက ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ် ပိုးဝင်တာ၊ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ဖြစ်မယ်ဆိုရင်တော့ မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီအခြေအနေကို မကုသဘဲ ထားမယ်ဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

    # ဘေဘီလေးကို ဘယ်နေ့ မွေးဖွားမလဲဆိုတာကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement